By Sint Sint, Shweproperty.com
Updated at 10 August 2021
ကျွန်တော်တို့နေ့စဉ် စားသောက်စရာ အစားအစာ များချက်ပြုတ် တဲ့ နေရာဟာ အင်မတန် သန့်ရှင်းပြီး ပိုးမွှားကင်းစင်နေဖို့ လိုပါတယ်။ ဒါပေမယ့်မီးဖိုချောင်လို့ ခေါ်တဲ့ အစားအသောက်ချက်ပြုတ်ရာ နေရာကြီးဟာ တကယ်ရော သန့်ရှင်း ပြီးကျန်မားရေးအတွက်လုံခြုံစိတ်ချ စရာဖြစ်ရဲ့လား? 1) ပန်းကန်းဆေးတဲ့ရေမြုတ် ဟာ မီးဖိုခန်း ရဲ့ အညစ်ပတ်ဆုံး ပစ္စည်းပါပဲ ။ လေ့လာတွေ့ရှိချက်များအရ ဘေစင်ထဲကရေမြုတ်ဟာ နေ့စဉ်သွားလာနေတဲ့ bus ကားလက်ရမ်း ထက်တောင် bacteria တွေပိုမို ပေါက်ပွားနေပါတယ်။ 2) အသားငါးတွေကိုင်ပြီးရင်ကိုယ့်လက်ကိုယ်တော့ ပြန်ဆေးကြတာမှန်ပေမယ့် ရေခဲသေတ္တာ တံခါးကိုတော့ မတော်တဆအသားငါး ကိုင်ရင်း ဖွင့်မိ ခဲ့ရင်တောင် ပြန်ဆေးဖို့ မေ့တတ်ကြပါတယ် ။ ရေခဲသေတ္တာဆိုတာလည်း၄ / ၅ နှစ် လောက်တော့ အနည်းဆုံးသုံးကြတာမလား ၊ အဲ့နှစ်အတွင်း ဘယ်နှစ်ခေါက်လောက် ဒီလိုဖြစ်ခဲ့ကြလဲ စဉ်းစားသာကြည့်တော့။ 3) နံပါတ်၁ အချက်က လိုပါပဲ ပန်းကန်ခွက်ယောက် ဆေးကြောတဲ့ ရေမြုတ် ကမှ အလွယ်တကူ လဲလှယ်လို့ရပါသေးတယ်။ ဘေစင် ကတော့ ဒီထက်ပို ညစ်ပေနိုင်တဲ့ အပြင် အလွယ်တကူ လဲလှယ်လို့ မရပါဘူး ။ အထူးသဖြင့်စားပြီးချင်း ပန်းကန်တွေကို မဆေးပဲ ဘေစင်မှာ ချထားတတ်သူများ အတွက်ကတော့ ဘက်တရီးယားတွေ များစွာ ပေါက်ဖွားနေတာမလို့ သတိပြုသင့်ပါတယ် ။ 4) ဒါ့အပြင်မီးဖိုချောင်အိမ်ရှင်မ တွေအကြိုက် လက်နှီး တွေကရော ဘယ်လောက်ထိ သန့်ရှင်းမယ်လို့ ယုံကြည်ထားပါသလဲ? တစ်လ မှာ ဘယ်နှစ်ခါလောက် လက်နှီးတွေကို လျှော်ဖြစ် ၊ အသစ်လဲ ဖြစ်ပါသလဲ ? 5) ကျန်းမာရေးဆိုင်ရာ ပညာရှင်များကတော့ မီးဖိုချောင်ထဲက အသားလှီး ကော်စဉ့်နီတုံး တွေဟာ ၁၀ ခုမှာ၉ ခု က Bacteria တွေပေါက်ပွားနေတယ်လို့ ဆိုပါတယ် ။ သစ်သားစဉ့်နီတုံးက ကော်စဉ့်နီတုံးတွေက ဆေးကြောရခက်ပေမယ့် bacteria ပေါက်ပွားမှု လျော့နည်းတာကြောင့်သစ်သား စဉ့်နီးတုံး ကိုပဲ အသုံးပြု ဖို့ အကြံပေးထားပါတယ် ။ 6) ဒါ့အပြင်အရေးအကြီးဆုံးကတော့ ဆား ၊ သကြား ၊ ကြက်သွန် ၊ ငရုတ်ကောင်း အစရှိတဲ့ မီးဖိုချောက်သုံးကုန်ခြောက် တွေကို ထည့်တဲ့ ခြင်း ၊ ပုလင်း အစရှိတာတွေပါပဲ ။ များသောအားဖြင့် ကျွန်တော့တို့က ဥပမာ - ဆားကုန်ခါနီးပြီ ဆိုရင် ဆားထုတ် ဝယ်လာပြီး ဘူးထဲထည့်တယ် ၊ အဲ့လိုနဲ့ ကုန်ခါနီးတိုင်းပြန်ပြန်ဖြည့်ရင်း ဆားဘူးဟာ ဆေးကြောသန့်ရှင်းဖို့ အခန်းကို မရောက်တော့ပါဘူး ။ ဒီအချက်တွေဖတ်ပြီးအိမ်ရှင်မတွေ လည်း မီးဖိုချောင်သန့်ရှင်းရေးအတွက် ပိုမို သတိထားနိုင်မယ်လို့ ယုံကြည်ပါတယ်နော်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ မီးဖိုချောင်ထဲက စားသောက်ကုန်တွေ ကြာရှည်ခံဖို့ ဘယ်လိုလုပ်မလဲ? သဘာဝနည်းနဲ့ အိမ်တွင်းက ကြွက်တွေ ကို မောင်းထုတ်နည်း အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အဓိကနေရာတွေအကြောင်း သံပုရာသီးအခွံကို အိမ်မှာ ဘယ်လိုသုံးလို့ရလဲ Credit By: Lunge.media Posted By : Khun Htun Kyaw ( Shwe Property.com )
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ