By Ra Wai, Shweproperty.com
Updated at 9 March 2022
သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်ပတ်ဝန်းကျင်ဟာ သင့်ကို အလုပ်လုပ်ရတာ အနှောင့်အယှက်မဖြစ်စေဘဲ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ အိမ် သန့်ရှင်းသပ်ရပ်နေဖို့ သင်အနေနဲ့ အကောင်အထည်ဖော်ချင်တဲ့ စိတ်ရှိဖို့ပဲ လိုအပ်ပါတယ်။ အောက်ပါနည်းလမ်းတွေကတော့ သင့်အိမ်ကို အမြန်ဆုံးသပ်ရပ်စေနိုင်မယ့် အလွယ်ဆုံးနည်းတွေပါ။ (၁) မိသားစုနှင့် ပူးပေါင်းလုပ်ဆောင်ပါ။ ကလေးငယ်တွေရှိတဲ့ အိမ်ဟာ သန့်ရှင်းသပ်ရပ်နေဖို့ဆိုတာ အလွန်ခဲယဉ်းပါတယ်။ သင့်အနေနဲ့ ကလေးတွေ ဆော့ကစားထားတဲ့ အရာတွေကို ရှင်းလင်းရာမှာ ကလေးတွေကိုပါ ဝိုင်းကူခိုင်းသင့်ပါတယ်။ ကလေးတွေအနေနဲ့ သန့်ရှင်းရေးအလုပ်တစ်ခုပြီးမြောက်ရင် ဆုတစ်ခုခု ချတာမျိုးက ကလေးတွေကို စိတ်ပျော်ရွှင်စေနိုင်ပါတယ်။ ဒီလိုနည်းနဲ့ ကလေးတွေကို သူတို့အိပ်ခန်းတွေကို သန့်ရှင်းသပ်ရပ်စွာ ထားနိုင်အောင် လေ့ကျင့်ပေးတာဟာ နောင်အနာဂတ်မှာ သူတို့ကိုယ်ပိုင်အိမ်တွေကို သပ်သပ်ရပ်ရပ်ထားတတ်ဖို့ အခြေခံဖြစ်လာမှာပါ။ (၂) သေးငယ်သော ပစ္စည်းများကအစ နေရာတကျထားပါ။ ကားသော့၊အိမ်သော့တွေနဲ့ ကဒ်တွေထားဖို့ နေရာသတ်မှတ်တာ၊ အိမ်ရှေ့ဧည့်ခန်းမှာ ပစ္စည်းတင်တဲ့စင်တွေထားပေးတာက သင့်မိသားစုဝင်တွေကို ဆိုဖာတွေ၊ ထိုင်ခုံတွေမှာ ပစ္စည်းတွေ ထားတာထက် နေရာတကျ ထားတတ်လာအောင် အလေ့အကျင့်ဖြစ်စေနိုင်ပါတယ်။ (၃) လေကောင်းလေသန့် ရအောင်ဖန်တီးပါ။ လေကောင်းလေသန့်ဟာ လူတွေကို အကောင်းမြင်စိတ် ဖြစ်စေပါတယ်။ အိမ်ခန်းတွင်းမှာ လေကောင်းလေသန့်ရအောင် ပြတင်းပေါက်တွေ ဖွင့်ထားတာမျိုး ပြုလုပ်သင့်ပါတယ်။ (၄) ရှုပ်ပွနေတာများကို နေ့စဉ်ရှင်းလင်းပါ။ နေ့တစ်နေ့တာရဲ့ အဆုံးမှာ ၁၀မိနစ် (သို့) မိနစ် ၂၀ လောက် အချိန်ယူပြီး ရှုပ်ပွနေတဲ့အရာတွေကို ရှင်းလင်းသင့်ပါတယ်။ ပစ္စည်းတွေကို သူ့နေရာနဲ့ သူရှိလားဆိုတာ စစ်ဆေးတာ၊ နေရာတကျ ပြန်ထားတာတွေက သင့်အိမ်ကို သပ်သပ်ရပ်ရပ်ရှိစေမှာပါ။ (၅) အလင်းရောင်ကောင်းကောင်းဝင်အောင် လုပ်ဆောင်ပါ။ ပြတင်းပေါက်မှန်တွေကို နေ့စဉ်သုတ်ပြီး သင့်အိမ်ကို အလင်းရောင် ကောင်းကောင်းဝင်နိုင်အောင် လုပ်ဆောင်သင့်ပါတယ်။ သဘာဝအလင်းရောင်ဟာ သင့်အိမ်ကို အေးချမ်းစေပြီး အလုပ်လုပ်ရတာ အဆင်ပြေစေပါတယ်။ (၆) သင့်ကိုယ်ပိုင်နေရာတစ်ခု ဖန်တီးပါ။ သင့်အိမ်မှာ သင့်အလုပ်အတွက်ပဲဖြစ်ဖြစ်၊ အနားယူဖို့ပဲဖြစ်ဖြစ် နေရာတစ်ခုဖန်တီးထားသင့်ပါတယ်။ သင့်ကိုယ်ပိုင်နေရာသတ်သတ်မှတ်မှတ်ထားပြီး အလုပ်လုပ်တာဟာ သင့်ကို အလုပ်မှာ အာရုံပိုစူးစိုက်နိုင်စေပါတယ်။ တကယ်တော့ သင့်အိမ်ကို သပ်သပ်ရပ်ရပ်ထားဖို့ဆိုတာ သင် အမြဲတမ်း လုပ်ဆောင်နေရမယ့်အရာတစ်ခုပါ။ အထက်ပါ နည်းလမ်းတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ သင့်အိမ်ဟာ အမြဲသန့်ရှင်းသပ်ရပ်နေပြီး သင်ကို စိတ်ချမ်းသာစေနိုင်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် သန့်ရှင်းဖို့လိုကို လိုအပ်တဲ့ အိမ်တွင်းပစ္စည်း(၆)မျိုး အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးပေးခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများ Credit By: မြန်အံ့ - MyanAnts Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ