By Sint Sint, Shweproperty.com
Updated at 28 May 2021
အိမ်တွေမှာ ပိုးဟတ်၊ ပုရွက်ဆိတ်၊ စတဲ့အင်းဆက်ပိုးတွေကို နှိမ်နင်းဖို့အတွက် အများအားဖြင့် ဓါတုပိုးသတ်ဆေးတွေ သုံးကြပါတယ်။ ဓါတုပိုးသတ်ဆေးတွေက အင်းဆက်ပိုးမွှားတွေကို သေစေနိုင်ပေမယ့် ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေရှိရင် အဆိပ်အတောက်ဖြစ်စေသလို အန္တရာယ်လည်း ရှိနိုင်ပါတယ်။ ဒီလိုအန္တရာယ်မဖြစ်အောင် သဘာဝနည်းလမ်းနှင့် တတ်နိုင်သမျှ ဘေးကင်းတာကို သုံးဖို့လိုပါတယ်။ ၁။ ပိုးဟပ် ပိုးဟပ်တွေကို အိမ်ထဲမှာ မြင်ရတာဟာ မသတီစရာကောင်းသလို သူတို့က အလွန်အန္တရာယ်ရှိတဲ့ ရောဂါများကိုလည်း သယ်ဆောင်စေနိုင်ပါတယ်။ ဒီပိုးဟပ်တွေကို ဖယ်ရှားဖို့ ကြက်သွန်နီကို တစ်ခြမ်းခြမ်းပြီး မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ဇွန်းဖြူးပါ။ ဒီနည်းလမ်းက အလွန်ဈေးပေါသလို ဘေးကင်းလုံခြုံမှုလည်းရှိပါတယ်။ ထိုကြက်သွန်ခြမ်းလေးတွေကို သင့်ရဲ့အိမ်ထာင့်လေးတွေမှာ ထားပါ။ နေ့တိုင်းပြုလုပ်ပေးရင် ပိုးဟပ်တွေ ကင်းဝေးသွားပါလိမ့်မယ်။ ၂။ ပင်ဖျက်ပိုးတွေ ပျပိုး၊ ပင့်ကူလေးတွေ၊ တခြားပင်ဖျက်ပိုးတွေက သင့်ဥယျာဉ်ကို ပျက်စီးစေနိုင်ပါတယ်။ ပိုးသတ်ဆေးတွေ သုံးလို့ရပေမယ့် ဟင်းသီးဟင်းရွက် ၊အသီးတွေကို စားမရဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကြက်သွန်ဖြူ သို့မဟုတ်ကြက်သွန်နီခွက်တစ်ဝက်ကို ငရုတ်သီး ခွက်တစ်ဝက်နဲ့ရောပါ။ ခပ်ပျစ်ပျစ်ရတဲ့အထိ blenderဖြင့် မွှေပါ။ ရေနွေး 500 မီလီနဲ့ရောပါ။ 24နာရီလောက် နွေးတဲ့နေရာမှာထားပါ။ အဲ့ဒီအရည်ကိုစစ်ပြီး သင့်ရဲ့အပင်တွေကို ဖြန်းပေးပါ။ ၃။ ပင့်ကူများ ဒီသဘာဝနည်းလမ်းက ပင့်ကူတွေကို သေစေမှာမဟုတ်ပေမယ့် အိမ်ထဲမှာ ပင့်ကူတွေ ကင်းဝေးစေပါလိမ့်မယ်။ ရေ 200မီလီနဲ့ ဆပ်ပြာရည် 1/4 tsp ထဲကို ပူစီနံဆီ ၅စက် ၁၀စက်လောက် ထည့်ပါ။ ကောင်းစွာလှုပ်ပေးပြီး ပင်ကူရှိတဲ့နေရာတွေမှာ ဖြန်းပေးပါ။ ပင့်ကူတွေ ကင်းဝေးသွားတဲ့အထိ တစ်ပတ်တစ်ကြိမ်လောက် ပြုလုပ်ပေးပါ။ ပူစီနံဆီနေရာမှာ လာဗင်ဒါဆီ၊ ယူကလစ်ဆီ၊ လက်ဖက်ရွက်ဆီတို့ အစားထိုးလို့ရပါတယ်။ ၄။ ပုရွက်ဆိတ်များ ပုရွက်ဆိတ်တွေဟာ သင့်ရဲ့မီးဖိုချောင် ၊ ထမင်းစားစားပွဲတွေပေါ်မှာ နေရာယူနေတတ်ပြီး အလွန်စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပါတယ်။ ဒီတော့ သဘာဝနည်းလမ်းလေးကိုသုံးပြီး ပုရွက်ဆိတ်တွေကို နှိပ်နင်းရပါမယ်။ ပုရွက်ဆိတ်တွေက သစ်ကြံပိုးနံ့ကို လုံးဝမုန်းပါတယ်။ ပုရွက်ဆိတ်တွေလာနိုင်တဲ့နေရာမှာ သစ်ကြံပိုးမှုန့်တွေ ဖြူးထားပါး။ ပိုပြီးထိရောက်စေချင်ရင် သစ်ကြံပိုးမှုန့်ကို essential oil အနည်းငယ်ထည့်နိုင်ပါတယ်။ ၅။ ဖုန်မွှားကောင် အိမ်ထဲက ဖုန်တွေ၊ အမှုန်တွေထဲမှာ ကပ်ပါးကောင် သေးသေးလေးတွေရှိတယ်။ Dust Mite လို့ခေါ်ပါတယ်။ ဒီအကောင်လေးတွေက သေးငယ်တာကြောင့် မျက်စိနဲ့မမြင်နိုင်ပါဘူး။ သူတို့ဟာ အရေပြားဆဲလ်ဟောင်းတွေကို စားသောက်ပြီးရှင်သန်တယ်။ စိုထိုင်းတဲ့နေရာမှာပိုများတယ်။ အသက်ရှူလမ်းကြောင်းကနေဝင်ပြီး ဓာတ်မတည့်တာဖြစ်စေတယ်။ အများအားဖြင့် အိပ်ရာခင်း၊ ခေါင်းအုံး၊ ဆိုဖာတွေမှာ ရှိနေတတ်ပါတယ်။ ဖုန်မွှားကောင်က မကိုက်ပေမယ့် အရေပြားယားယံမှုတွေ အလာ့ဂျစ်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ရေ ၁ပုံးထဲကို ဆပ်ပြာရည် 1.5 tsp နှင့် ယူကလစ်ဆီ 6 tsp ရောပါ။ ထိုအရည်ထဲမှာ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်စတာတွေကို စိမ်ပါ။.ပြီးနောက် ပုံမှန်အတိုင်းလျှော်ပါ။ လျှော်ဖွပ်လို့မရတဲ့ ပစ္စည်းတွေဆို ထိုအရည်ကို ဖြန်းပြီး အဝတ်သန့်တစ်ခုနှင့်အတူ သုတ်ပေးပါ။ ယူကလစ်အနံ့မကြိုက်ရင် tea tree oil ကိုအစားထိုးနိုင်ပါတယ်။ ၆။ ဆန်ပိုး ဂျုံမှုန့်တွေ၊ ပဲတွေ၊ ဆန်တွေမှာ ဒီပိုးကောင်လေးတွေကို တွေ့ဖူးကြမှာပါ။ ဒီဆန်ပိုးတွေကို ဖယ်ရှားဖို့ သဘာဝနည်းလမ်းလေးတွေ ရှိပါတယ်။ ဆန်ပိုးတွေဟာ ကရဝေးရွက် ၊ လေးညှင်းပွင့်တွေရဲ့ အနံ့ကို မကြိုက်ကြပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ဆန်ပုံးထဲမှာ ကရဝေးရွက် သို့မဟုတ် လေးညှင်းပွင့်လေးတွေ ထည့်ထားပေးပါ။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင် သင်တို့သတိမပြုမိတဲ့ မီးဖိုချောင်မှာ အမြဲလွှင့်ပစ်လေ့ရှိတဲ့ ကြက်သွန်ဖြူအခွံ၏ အစွမ်းပကားများ အိမ်တိုင်း အိမ်တိုင်းမှာ စိုက်ထားသင့်သော ရှားစောင်းလက်ပတ် အစွမ်းအံ့မခန်း အစွန်းအထင်းကွက်တွေကို ဖယ်ရှားနိုင်ဖို့ အိမ်တွင်းနည်းလမ်း ၇ခု Credit : Lifestyle Myanmar Posted By : Sint Sint (ShweProperty.com
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ