By Ra Wai, Shweproperty.com
Updated at 23 February 2022
ဆားဆိုတာမျိုးက မပါရင်လည်း ပေါ့ရွှတ်ရွှတ်၊ များလွန်းရင်လည်း စားမရတော့ဘူး။ ဒါပေမဲ့ ဟင်းတိုင်းမှာတော့ ဆားကိုထည့်ရတာပဲနော်။ မီးဖိုချောင်တိုင်းမှာ မရှိမဖြစ် နေရာယူတဲ့ဆားက အခြားအိမ်သုံးနည်းတွေမှာလည်း အသုံးတည့်ပါသေးတယ်။ ၁။ မီးပူကဂျိုးတွေ မီးပူတိုက်ရင်းအဝတ်တွေကပ်မိတဲ့အခါ မည်းမည်းကပ်စေးစေး ဂျိုးတွေဖြစ်ကုန်တယ်။ နောက်အဝတ်တွေလည်း ဆက်တိုက်လို့မရတော့ဘူး။ တိုက်မိရင် အဲ့ဒီကပ်စေးစေးတွေက အဝတ်ကိုပါ ပြန်ကပ်ကုန်ရောလေ။ ဒါတွေကိုဖယ်ရှားဖို့အတွက် ဆားကိုသုံးနိုင်တယ်။ ဆီစိမ်စက္ကူပေါ်ကို ဆားများများဖြူးလိုက်ပါ။ မီးပူကို ပလပ်ထိုးပြီး မီးနည်းနည်းနဲ့ အပေါ်ကနေ တိုက်ပေးမယ်ဆို ကပ်နေတဲ့ဂျိုးတွေ ပြောင်သွားပါလိမ့်မယ်။ ၂။ ကျကွဲသွားတဲ့ဥ ကြမ်းပြင်ပေါ်၊ စားပွဲပေါ်ကို ကြက်ဥ/ဘဲဥတွေ ကျကွဲရင် အတော်ဒုက္ခရောက်တယ်။ ဆေးရတာခက်လို့လေ။ အလွယ်ဆုံးနည်းကတော့ ကျကွဲတဲ့နေရာပေါ် ဆားဖြူးထားလိုက်တာပဲ။ ဆားဖြူးပြီး အဝတ်နဲ့သုတ်လိုက်ရင် အနံ့မစွဲတော့ဘူး။ ချွဲကျိကျိလည်း မဖြစ်တော့ဘူး။ ၃။ ဒယ်အိုးထဲကမီး မီးပြင်းပြင်းနဲ့ ကြော်လှော်ချက်ပြုတ်ရင် သတိထားပါ။ အခန့်မသင့်ရင် ဒယ်အိုးထဲ မီးထတောက်တတ်တယ်။ ကျွမ်းကျင်စားဖိုမှူးတွေကတော့ ဒါကိုကိုင်တွယ်နိုင်ပေမဲ့ ကိုယ်က ဆရာမကျဘူးဆိုရင်တော့ မီးထလောင်တတ်တယ်နော်။ ဒယ်အိုးထဲ မီးထတောက်လာရင် မီးတောက်ထဲကို ဆားပက်လိုက်ပါ။ မီးငြိမ်းသွားပါလိမ့်မယ်။ ၄။ ဒယ်အိုးမှာဂျိုးကပ်နေရင် စောနကလိုပေါ့ ချက်ရင်းနဲ့ အိုးထဲမီးထတောက်တော့ အိုးမှာ ဆီကြေးတွေကပ်တာတို့၊ အိုးတူးတာတို့ဆို တော်ရုံနဲ့ဆေးလို့မပြောင်ဘူး။ အိုးထဲကို ရေထည့်၊ ဆားများများထည့်ပြီး ၁၅ မိနစ်လောက်ထားလိုက်။ ပြီးတော့မှဆေးကြည့်မယ်ဆို ပြောင်သွားရော။ ၅။ ပန်းကန်ဆေးဖတ်ညစ်ပတ်ရင် ဆီတွေပါတဲ့ အိုးခွက်ပန်းကန်တွေကို ဆေးရတဲ့အခါ ပန်းကန်ဆေးဖတ်လေးက အနံ့တွေထွက်၊ ဆီတွေကပ်ပြီး သုံးလို့မကောင်းတော့ဘူး။ ဒီပြဿနာကိုလည်း ဆားရေထဲတစ်ညစိမ်ထားလိုက်ရုံနဲ့ ရှင်းလို့ရတယ်။ မနက်ဆိုရင် ပန်းကန်ဆေးဖတ်လေးက သန့်နေမှာ။ ၆။ ဘေစင်ပိတ်ဆို့တဲ့အခါ ဘေစင်ထဲမှာ ဘာတွေပိတ်မှန်းမသိ ပိတ်နေလို့ ရေတွေလည်းမဆင်းတော့ဘူး။ ပိုက်ထဲမှာဆိုတော့လည်း နှိုက်မရတော့ခက်တယ်။ ဆားနဲ့မုန့်ဖုတ်ဆိုဒါ ဆတူရောပြီး ဘေစင်အပေါက်ထဲ လောင်းချလိုက်ပါ။ အပေါ်ကနေ ဗီနီဂါလောင်းချလိုက်ရင် ပိတ်နေတာတွေ ရှင်းသွားလိမ့်မယ်။ ၁၅ မိနစ်လောက်ကြာမှ ရေနွေးထပ်လောင်းလိုက်ရင် လုံးဝရှင်းသွားပြီနော်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် သန့်ရှင်းဖို့လိုကို လိုအပ်တဲ့ အိမ်တွင်းပစ္စည်း(၆)မျိုး အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးပေးခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများ Credit By: Duwun Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ