အိမ်ထဲမှာရှိတဲ့ အမှိုက်တွေ၊အဝတ် စိုတွေ၊စိုထိုင်းထိုင်း ရာသီဥတု ၊မွေးတဲ့အကောင်တွေကြောင့် အိမ်ထဲမှာ  အောက်သိုးသိုးအနံ့ ဆိုးတွေထွက်နေတာမျိုး ရှိတတ်ပါတယ်။ဒီလို ပြဿနာမျိုးနဲ့ ကြုံလာပြီဆိုရင် အမြန်ဆုံး ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို brightside မှာ ခုလို ဖော်ပြထားပါတယ်။
 
ကြောင်ချေး ခွေးချေး ပြဿနာကို မီးသွေးနဲ့ ဖြေရှင်းနည်း
 
မိုးရာသီဆိုရင် အနံ့က ပိုထွက်တတ်ပါတယ်။ဖြေရှင်းနည်းက အရမ်းလွယ်ပါတယ်။ခွေးချေး၊ကြောင်ချေး ထည့်ထားတဲ့  Box ရဲ့ နားမှာ မီးသွေးခဲ တစ်ခဲကို ခက်သေးသေးလေးထဲ ထည့်ပေးထားလိုက်ရုံပါပဲ။ မီးသွေးခဲက အနံ့လဲ စုပ်သလို၊စိုထိုင်းစတွေကိုလဲ စုပ်ယူပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
 
 
ဟင်းချက်တဲ့ ညှီနံ့ တွေ ပျောက်ချင်ရင်
 
ချက်ပြုတ်ပြီးရင် မီးဖိုချောင်ထဲမှာ သားစိမ်း၊ငါးစိမ်းနဲ့ ဟင်းနံ့တွေ စွဲကျန်တတ်ပါတယ်။ပြူတင်း ပေါက် ဖွင့်လဲ အနံ့တွေ ပျောက်မသွားပဲ ကျန်နေရင်တော့နည်းကောင်းရှိပါတယ်။ဟင်းချက်ပြီး ရင်တော့ ရှာလကာရည် လက်ဖက်ရည်ခွက်တစ်ခွက်နဲ့ ရေ လက်ဖက်ရည်ခွက် တစ်ခွက်စာကို ဆတူ ရောပြီး အိုးထဲထည့်ပြီး မီးဖိုပေါ် တင်ပြီး ဆူအောင် တည်လိုက်ပါ။ငါးညှီနံ့လို အနံ့ မျိုးကို ရှာလကာရည်က ကောင်းကောင်းကြီး  ဖယ်ရှားပစ်နိုင်ပါတယ်။
 

 
ဘေစင် ရေဆင်းပေါက် သန့်ရှင်းနည်း
 
အမှိုက်တွေ ပိတ်ဆို့နေပြီး ရေဆင်းတာ မကောင်းလို့ အနံ့ထွက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။သံပုရာ (ဒါမှမဟုတ်)သံပုယိုကို ခြမ်းလိုက်ပါ။ဘေစင် အပေါက်ထဲကို ညှစ်ချလိုက်ပါ။baking soda မှုန့်ကို ဖြူးချတာမျိုးလည်းလုပ်လို့ရပါတယ်။အဲ့ဒီအခါကျရင် စားကြွင်းစားကျန်နဲ့ အမှိုက် တွေကို  ဖယ်ရှားနိုင်ကာ ရေဆင်းကောင်းပြီး အနံ့ ဆိုးထွက်တာ ပျောက်စေပါတယ်။
 
microwave ထဲက အနံ့ ဆိုးတွေကို ဖယ်ရှားနည်း
 
အရမ်းလွယ်ပါတယ်။microwave မီးဖိုထဲက အနံ့ဆိုးတွေကြောင့် အနံ့အသက်မကောင်းတာမျိုး လည်းဖြစ်နိုင်ပါတယ်။အဲ့ဒါဆိုရင်တော့ ခွက်တစ်ခုထဲကို ရေတစ်ဝက်လောက် ထည့်ပါ။(ခွက်က အရမ်းကြီးဖို့ မလို)။ပြီးရင်တော့ သံပုရာ(သို့)သံပုယိုသီးကို ခြမ်းပြီး  ခုနက ရေထည့်ထားတဲ့ ခွက်ထဲကို အရည်ညှစ်ထည့်လိုက်ပါ။ Microwav ကို ငါးမိနစ် လောက်ဖွင့်ထားပြီး ပိတ်လိုက်ပါ။ပြီးရင်တော့ မိနစ် (၂၀) လောက်  ထားပြီးရင် သံပုရာသီး ထည့်ထားတဲ့ ခွက်ကို ဖယ်လို့ရပါပြီ။
 
မွေ့ရာ၊ဆိုဖာ တွေကို သန့်ရှင်းပါ
 
မိုးရာသီရဲ့ စိုထိုင်းမှုကြောင့် အဲ့ဒီ အရာတွေကြောင့် အောက်သိုးသိုး အနံ့တွေ ထွက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဖြေရှင်းနည်းက လွယ်ပါတယ်။baking soda ကို  ဖြူးပေးလိုက်ပါ။နာရီ ဝက် လောက်ကြာရင်တော့ ဖုန်စုပ်စက်နဲ့ ဖြူးထားတဲ့ အမှုန့် တွေကို စုပ်ယူလိုက်ပါ။
 
လိမ္မော်ခွံကိုသုံး
 
မူးဝေရင်တောင်မှ လိမ္မော်ခွံကို ရှုကြတာတွေ ရှိပါတယ်။လိမ္မော်ခွံကထွက်တဲ့ အနံ့ က မူး ဝေတာတွေကို သက်သာ စေသလို၊စိတ်ဖိစီးမှုတွေအတွက်လည်း ကောင်းပါတယ်။အိမ်မှာ အနံ့ ဆိုးထွက်နေရင်  တစ်ညအခြောက်ခံထားတဲ့  လိမ္မော်ခွံတွေကို မီးခြစ်နဲ့ မီးရှို့လိုက်ပါ။အဲ့ဒါဆိုရင် တော့ အနံ့ဆိုး တွေ သက်သာလွင့်ပျောက်သွားပါလိမ့်မယ်။
 

 
ရေခဲသေတ္တာ အနံ့ဆိုးအတွက် baking soda
 
baking soda ကတော့ ဒူးမဲ၊တံတောင်မဲ နဲ့ အလှအပအတွက်လည်း သုံးနိုင်သလို တခြားနေရာမှာလည်း အသုံးဝင်ပါတယ်။ရေခဲသေတ္တာကြောင့်လည်း အိမ်မှာအနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ရေခဲသေတ္တာထဲမှာ အနံ့အသက်တွေ မကောင်းရင်တော့ baking soda ဘူးကို ဖွင့်ပြီးရေခဲသေတ္တာ ထဲ ထည့်ထားလိုက်ပါ။ အနံ့ဆိုးတွေကိုစုပ်ယူပေးပါလိမ့်မယ်။အမြဲတမ်း ထည့်ထားနိုင်ပြီး  ခြောက်လ တစ်ခါလောက် baking soda ဘူးကို လဲပေးလို့ ရပါတယ်။(ဒီလိုဘူးမျိုးကိုတော့ City Mart တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။)
 
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ရေခဲသေတ္တာထဲကို လုံးဝမထည့်ထားသင့်သည့် ပစ္စည်း (၁၀) မျိုး
GAS မီးဖို သုံးစွဲတဲ့ အိမ်တိုင်း သတိထား ဂရုပြုသင့်သော အချက်များ
မိုးရာသီအတွင်း မီးဖိုချောင် ထိန်းသိမ်းနည်းများ
သင့်အိမ်ထဲက အင်းဆက်ပိုးတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်မယ့် နည်းလမ်း ၆ ခု


Credit : shwemom
Posted By : Sint Sint (ShweProperty.com)