အဝတ်လျှော်စက်တွေ ပေါ်လာတာဟာ လူတွေကို အားအင်ကုန်ခမ်းခြင်းကို လျော့ချပေးနိုင်ခဲ့ပါတယ်။ အချိန်ကုန် လူပင်ပန်း သက်သာတာကြောင့် အိမ်တိုင်းနီးပါးမှာ အသုံးပြုနေကြတာကို တွေ့ရမှာပါ။

ဒါကြောင့် အဝတ်လျှော်စက် နဲ့ အဝတ်လျှော်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးချင်ပါတယ်…။

(၁) ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာကို မသုံးခြင်း

သင့်မိသားစုဝင်တွေ တခါတလေမှာ ဖျားနာတာတွေ ရှိနိုင်ပါတယ်။ ဖျားနာပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ… ပြီးတော့ အဖျားပိုး ကူးစက်ခံထားရတဲ့အဝတ်အစားတွေဟာသာမန်အဝတ်လျှော်ဆပ်ပြာနဲ့ ပိုးမွှားတွေ မသေနိုင်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာကို သုံးရင်း ရောဂါပိုးကို ကာကွယ်ဖို့ တိုက် တွန်းချင်ပါတယ်။

(၂) အဝတ်လျှော်စက်ကို သန့်ရှင်းရေး ပုံမှန်မလုပ်ခြင်း

အဝတ်လျှော်စက်က ရေထည့်လိုက် ဆပ်ပြာထည့်လိုက် လုပ်နေတာမှန်ပါတယ်။ ဒါပေမဲ့ ၁ လ တခါတော့ သန့်ရှင်းရေး လုပ်ပေးစေချင်ပါတယ်။လည်ပတ်တဲ့နေရာနဲ့ အဝတ်ကိုသန့်စင်ပေးတဲ့ နေရာတွေမှာ ကြေး (ဂျီး) တွေ ပိတ်နေတတ်လို့ သွားတိုက်တံနဲ့ ဖြစ်ဖြစ်၊ ရေနွေးနဲ့ ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ပေး သင့်ပါတယ်

(၃) အဝတ်ကို ပြောင်းပြန်လှန်လျှော်ပါ

သင့်ရဲ့ ဂျင်းဘောင်းဘီ၊ ဆွယ်တာ၊ အနွေး ထည် စတာတွေကိုလျှော်တဲ့အခါ ပြောင်းပြန်လှန်ပြီး လျှော်သင့်ပါတယ်။ အဝတ်အစားတွေဟာ အသားနဲ့ ထိပြီးအရေပြားပေါ်က ကြေး(ဂျီး)တွေ ကပ်နေ နိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်တဲ့အခါ ပြောင်းပြန်လှန်ဖို့ မမေ့ပါနဲ့။



(၄) အဝတ်အများကြီး ထည့်လျှော်တာကိုရှောင်ပါ

အဝတ်လျှော်စက်တွေဟာ ကြီးမားပြီး အဝတ်ထည့်စရာ နေရာ အကျယ်ကြီးပါတယ်ဆိုပေမယ့် ကျွမ်းကျင်သူတွေရဲ့ ပြောစကားအရသင့်အဝတ်ကိုလည်း နေရာလွတ်ပေးဖို့ လိုပါတယ်။ ဒီလို နေရာလွတ်ပေးမှသာ သင့်အဝတ်တွေကို ကျယ်ကျယ်ဝန်းဝန်းနဲ့ လျှော်ဖွတ်နိုင်လို့ ပြောင်မှာ ဖြစ်ပါတယ်။

(၅)။ အဝတ်လျှော်အိတ်မပါဘဲ အတွင်းခံ နှင့်‌ ခြေအိတ်တွေကို ထည့်လျှော်ခြင်း

ကိန်းဂဏန်းများ အရ အဝတ်လျှော်စက်နှင့် ပတ်သက်တဲ့ ပြဿနာအများစုဟာ drum နဲ့ သက်ဆိုင်ပါတယ်။အဝတ်လျှော်အိတ်နဲ့ လျှော်တဲ့အခါ သေးငယ်တဲ့ အရာဝတ္တုတွေ filter ထဲရောက်သွားတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ အတွင်းခံတွေကိုလည်း လျော့တွဲသွားတာမျိူး မဖြစ်တော့ပါဘူး။

(၆)။ ဆပ်ပြာအများကြီး သုံးခြင်း

ဆပ်ပြာ များများသုံးလေ အဝတ်တွေပိုသန့်လေလို့ လူတွေက အထင်မှားနေတက်ကြပါတယ်။ ဒါက မမှန်ကန်ပါဘူး။ ဆပ်ပြာအလွန်အကျွံ သုံးတဲ့အခါ ကြီးမားတဲ့ ပြဿနာတွေကိုသာ ဖြစ်ပေါ်စေပါတယ်။ဉပမာ… ဆပ်ပြာအမြှပ်တွေကနေ ရေထွက်ပေါက်ကို ပိတ်ဆို့စေပါတယ်။ ဆပ်ပြာများတဲ့ အခါ အဝတ်မှာ ဆပ်ပြာတွေ မပြောင်တာမျိူးလည်း ဖြစ်တက်ပါတယ်။

(၇)။ စည်းကမ်းတွေကို လိုက်နာပါ

သင့်အဝတ်လျှော်စက်ကို ကြာရှည် ခံစေချင်တယ်ဆိုရင်တော့ အဝတ်လျှော်စက် တခုအတွက် လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ အဝတ်အခြောက်ခံတဲ့ အခါမှာလည်း စက်က သတ်မှတ်ထားတဲ့ အချိန်အတိုင်း အခြောက်ခံဖို့ လိုအပ် ပါတယ်။

ကလေးအရုပ်၊ တဘက် စတာတွေကို လျှော်ဖွတ်တဲ့အခါ စက်က ခံနိုင်ရည် ရှိသလောက်ကိုသာ ထည့်ပြီး လျှော်ဖွတ် သင့်ပါတယ်။ သင့်မှာ အဝတ်လျှော်စက် ရှိနေရက်နဲ့ ခေါင်းအုံးစွပ်၊ အိပ်ယာခင်း စတာတွေကို သေချာလျှော်ဖွတ်ဖို့ မမေ့ပါနဲ့လို့ သတိပေးချင်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

အိမ်တွင်းအလှစိုက်အပင်တွေ စိုက်မယ်ဆို ဒါတွေသတိထား

စိုက်ပျိုးရန်လွယ်ကူသော အိမ်တွင်းအလှစိုက်ပင်များ

အိမ်မှာစိုက်ထားလိုက်ရုံနဲ့ ခြင်၊ ယင်၊ ပိုးဟပ်တွေ လုံးဝမလာတော့မယ့် အပင်

အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက်


Credit By :asonepl.xyz
Posted By :Chan Myae (ShweProperty.com)