သင့်နေအိမ်မှာ ခြင်တွေကိုနှိမ်နင်းဖို့၊ ဒယ်အိုးကို ပြောင်နေအောင်သန့်ရှင်းဖို့၊ အိစက်တဲ့ကော်ဇောဖြစ်ဖို့စတဲ့ အရာတွေအတွက် fabric softener ဟာ အသုံးဝင်တဲ့ပစ္စည်းတစ်ခုဆိုတာ သငိသိပြီးပြီလား။  ရိုးရှင်းတဲ့ပစ္စည်းတစ်ခုက သင့်အတွက် နေရာတော်တော်များများမှာ အသုံးဝင်ပါတယ်။ ကဲ fabric softener တစ်ခုက သင့်ရဲ့အိမ်သုံးပစ္စည်းတွေကို ဘယ်လိုပြောင်းလဲသွားစေလည်းဆိုတာကို Bright Side က အခုလိုပြောပြထားပါတယ်။

မီးကျွမ်းဒယ်အိုးတွေကို ပြောင်လက်စေနိုင်တာ

ဟင်းချက်ရင်းအပူရှိန်ကြောင့်ဟင်းတူးပြီး မီးကျွမ်းသွားတဲ့ ဒယ်အိုးတွေကို အထူးဓာတုပစ္စည်းတွေမသုံးဘဲ ဆေးကြောလို့မရပါဘူး။ ဒါပေမယ့် chemical မသုံးဘဲအိုးကိုပြောင်လက်နေစေဖို့ နည်းလမ်းကောင်းကတော့ အဲဒီမီးကျွမ်းထားတဲ့ ဒယ်အိုးထဲ fabric softener တစ်ဇွန်းနဲ့ ရေနွေးထည့်ပြီး တစ်ညစိမ်ထားလိုက်ပါ။ နောက်တစ်နေ့မနက်မှ ဆေးကြောလိုက်ပါက အိုးကိုပြောင်လက်သွားစေမှာဖြစ်ပါတယ်။

သစ်သားပစ္စည်းတွေကို ဆေးကြောတာ

fabric softener ဟာ chemical အပြင်းစားတွေမပါဝင်တဲ့အတွက်  သစ်သားမျက်နှာပြင်တွေကို တိုက်ချွတ်ရာမှာ ကြမ်းပြင်ပျက်စီးခြင်းမရှိဘဲ အညစ်အကြေးတွေ အလွယ်တကူဖယ်ရှားစေနိုင်ပြီး၊ အခန်းတွင်း လတ်ဆတ်တဲ့ အနံ့ကိုရစေတယ်လို့ Cleaning blogger Lynsey Crombie ကအကြံပြုပြောထားပါတယ်။



Stickerတွေကို အလွယ်တကူ ဖယ်ရှားနိုင်တာ

စတစ်ကာတော်တော်များများကကော်ကပ်အားကောင်းတာမို့ ခွာရအလွန်ခက်တာများပါတယ်။ သူတို့ကိုအရှင်းလင်းဆုံးဖြစ်အောင် အလွယ်တကူဖယ်ရှားဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါပေမယ့် Fabric softener တစ်ဝက်ရေတစ်ဝက်ဆတူရောစပ်အသုံးပြုခြင်းဖြင့် ကားတွေ ၊ တခြားဖန်မျက်နှာပြင်တွေက ဟောင်းနွမ်းနေတဲ့ စတစ်ကာတွေကို အလွယ်တကူပြောင်လက်အောင် ဖယ်ရှားပေးနိုင်ပါတယ်။

အိမ်ရှင်မတွေဟာ ရေချိုးခန်းအတွင်း အစွန်းအထင်းတွေကိုတိုက်ချွတ်ပြီး သန့်ရှင်းတောက်ပြောင်ဖို့ အထူးပြုလုပ်ထားတဲ့ဓာတုပစ္စည်းတွေ အသုံးပြုကြရပါတယ်။ ဒါတွေကို ထားခဲ့လိုက်ပါတော့။  fabric softener နဲ့ ရေနွေးနဲ့ ရောစပ်ပြီး ရေချိုးခန်းအတွင်း ဖြန်းပါ။ ပြီးရင်အဝတ်ဖတ်နဲ့တိုက်ပြီး ခြောက်သွေ့အောင်ထားရုံနဲ့ အစွန်းအထင်းတွေကင်းစင်ပြီး သန့်ရှင်းတောက်ပြောင်သွားပါလိမ့်မယ်။

ခန်းစီးတွေကို အနံ့အသက် ကင်းစေတာ

သင့်အခန်းအတွင်းအနံ့အသက်ကောင်းဖို့နဲ့လေထုသန့်ရှင်းဖို့ ပိုက်ဆံတွေအများကြီးအကုန်ခံဖို့မလိုပါဘူး။ ဒါကတော့ softener အနည်းငယ်၊ baking soda တစ်ဇွန်း နဲ့ရေတို့ ရောစပ်ပြီး spray ဗူးထဲထည့်ကာ  အိမ်ရဲ့ခန်းစီးတွေ၊ စားပွဲခင်း၊အိပ်ရာခင်းတွေနဲ့ ပရိဘောဂတွေကို ဖြန်းပေးခြင်းဖြင့် အနံ့ဆိုးတွေကင်းပြီး အခန်းတွင်း လန်းဆန်းသွားစေပါလိမ့်မယ်။

အရုပ်ဆံပင်တွေကို ရှင်းတာ

သင့် ဘာဘီအရုပ်ရဲ့ခေါင်းကဆံပင်တွေ ရှုပ်ပွနေလို့ ရှင်းရခက်ပြီး စိတ်ရှုပ်နေပါလား။ သင့်အရုပ်ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ထားဖို့ ဘာဘီspa တစ်ခုလုပ်ပေးရပါမယ်။ ဒီနည်းလမ်းလေးကတော့ fabric softener နဲ့ ရေဆတူရောစပ်ထားတဲ့အထဲ အရုပ်ရဲ့ဆံပင်ကို နှစ်ပေးပါ။ နှစ်မိနစ်သုံးမိနှစ်လောက်ထားပြီးတာနဲ့ အရှုပ်တွေကို ရှင်းလင်းပြီး ရေဆေးချလိုက်တဲ့အခါ ရှင်းလင်းသေသပ်သွားပါလိမ့်မယ်။



ကောဇောတွေကို ပိုမိုနူးညံ့စေတာ

ကော်ဇောခင်းတွေဟာ အဝတ်အထည်တွေ အမျှင်တွေနဲ့ပြုလုပ်ထားတဲ့အတွက် fabric softener သုံးပြီး ပိုမိုနူးညံ့အိစက်တဲ့ ကောဇောခင်းအသစ်တစ်ခုဖြစ်အောင်ပြုလုပ်လို့ရပါတယ်။ ရေအပူနဲ့ fabric softener ကိုရောစပ်ပြီး ကော်ဇောပေါ် စပရေးဖြန်းပေးပါ။ နှစ်မိနစ်သုံးမိနစ်ထားပြီး ဆေးကြောလိုက်ပြီးပါ သန့်စင်ပြီးနူးညံ့တဲ့ကော်ဇောကိုရရှိပါလိမ့််မယ်။ တကယ်လို့သင့်အိမ်မှာ ကလေးငယ်နဲ့တိရစ္ဆာန်တွေရှိတယ်ဆိုရင် ကော်ဇောတွေကို ဆေးကြောဖို့ပေးဖို့ အရေးကြီးပါတယ်။

ခြင်ဆေးဖျန်း စပရေးအဖြစ် သုံးနိုင်တာ

Fabric softener ကခြင်တွေကိုနှိမ်နှင်းရမှာလည်း အသုံးဝင်တဲ့ပစ္စည်းဖြစ်ပါတယ်။ baking soda နဲ့ ရေ တို့ရောစပ်ပြီး အိမ်တွင်းက ခြင်ဆိုးတွေကို တိုက်ထုတ်လိုက်ပါ။ သူက တခြားစတိုးဆိုင်ကခြင်ဆေးတွေလို ဖျန်းလိုက်တာနဲ့ တဟွတ်ဟွတ်ချောင်းဆိုး တာမျိုးမဖြစ်စေဘဲ၊ လတ်ဆတ်တဲ့အနံ့တစ်မျိုးကို ချန်ထားခဲ့ပါလိမ့်မယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

မီးဖိုချောင်သုံး ရေမြှုပ်ဖတ်နှင့် ကျန်းမာရေး

အိမ်သန့်ရှင်းရေးလုပ်သင့်တဲ့ ပစ္စည်းတွေနဲ့ အချိန်များ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

သန့်ရှင်းရေးလုပ်ဖို့ သတိမထားမိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေရဲ့ အန္တရာယ်

Credit By: ShweMon
Posted By: Ra Wai (ShweProperty.com)