By Messenger, Shweproperty.com
Updated at 6 December 2015
ရန်ကုန်တိုင်း ဒေသကြီး အတွင်း တန်ဖိုးနည်းအိမ်ရာ ဝယ်ယူသူများအား လက်ရှိလေးနှစ် အရစ်ကျ ပေးသွင်းမည့် အစား ရှစ်နှစ်အရစ်ကျ ပေးသွင်းမည့် စနစ်သို့ ပြောင်းလဲပေး သွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
““အခု လေးနှစ်ပဲဆိုတော့ ငွေသွင်း ရတာများတော့ အိမ်ကို မဝယ်နိုင်တော့ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် အားလုံး ဝယ်နိုင်ဖို့ အတွက် အရစ်ကျငွေကို ရှစ်နှစ်ကို ပြောင်းလဲမှာ ဖြစ်တယ်””ဟု မြို့ပြနှင့်အိမ်ရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး က ပြောသည်။
လက်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ ဝယ်ယူသူများ အနေဖြင့် ပထမအရစ်ကို တန်ဖိုး၏ (၃၀)ရာခိုင်နှုန်း ပေးသွင်းရပြီး၊ ကျန် (၇၀)ရာခိုင်နှုန်းကို လေးနှစ်အတွင်း အပြီးသတ် ပေးရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
ယင်းကြောင့် အိမ်ရာဝယ်သူများမှာ ဝင်ငွေနှင့်ပေးချေရန် အခက်အခဲများ ရှိနေ ၍ အိမ်ရာများကို မဝယ်ယူကြတော့ကြောင်း၊ သို့ဖြစ်၍ လေးနှစ်အစား ရှစ်နစ်အရစ်ကျ စနစ်ကို ပြောင်းလဲမည်ဖြစ်ကြောင်း သိရ သည်။
““အခန်းက သိန်း (၁၂၀)ဆိုတော့ ပထမအရစ်ကိုပဲ သိန်း (၄၀)လောက် ပေးရတဲ့အပြင် တစ်လကို နှစ်သိန်းလောက်ပဲ ပုံမှန်ပေးရမယ်ဆိုတော့ အဆင်မပြေဘူး။ အခုရှစ်နှစ်ကို တိုးပေးမယ်ဆိုတော့ မဆိုးပါ ဘူး””ဟု ရွှေလင်ပန်းအိမ်ရာ လျှောက်ထား သူ ကုမ္ပဏီဝန်ထမ်း မချိုချိုလတ်က ဆိုသည်။
တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်အား ရှစ်နှစ်အရစ်ကျစနစ်သို့ ပြောင်းလဲပါက ကျပ်သိန်း (၁၂၀)ခန့်အား ပထမအရစ်ကို တန်ဖိုး၏ (၁၅)ရာခိုင်နှုန်း ရှစ်နှစ် အရစ်ကျ ပေးသွင်းရမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
အဆိုပါစနစ်အား မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးဘဏ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့မှ ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ပြီး၊ မကြာမီ တရားဝင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
Ref : Messenger
Photo Credit : Messenger
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ