By Myanmar Property Journal, Shweproperty.com
Updated at 14 August 2013
ယခုနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် သုံးလပတ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အဆောက်အအုံ တည်ဆောက်မှု အလုံးရေ ကိုးရာကျော်ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တော်အတွင်း ဆင်ခြေဖုံးမြို့နယ်များ၌ အထပ်အမြင့် တည်ဆောက်မှုများကို ယခု ဘဏ္ဍာရေးနှစ်မှစ၍ ခွင့်ပြုခဲ့သောကြောင့် လစဉ် အဆောက်အအုံတည်ဆောက်မှုမှာ သုံးရာဝန်းကျင်အထိ ရှိလာပြီး ယခုနှစ် မေလမှစ၍ ဇူလိုင်လအထိ သုံးလတာအတွင်း အဆောက်အအုံ တည်ဆောက်မှု ကိုးရာကျော်အထိ ရှိလာကြောင်း သိရသည်။
“ဘဏ္ဍာနှစ်အစပဲ ရှိသေးတယ်၊ ဒါတောင် ကိုးရာကျော်နေပြီ၊ ခွင့်ပြုတဲ့အရေအတွက်တွေ အားလုံးက စည်ပင်သတ်မှတ်ချက်နဲ့ ကိုက်ညီတာတွေပါ၊ မကိုက်ညီလို့ တည်ဆောက်ခွင့် မပြုတာတွေ အများကြီး ရှိသေးတယ်၊ ဒီနှစ်ကုန်ရင်တော့ အဆောက်အအုံ တည်ဆောက်မှုက ပျမ်းမျှအလုံးရေ သုံးသောင်းကျော်အထိ ရှိလာနိုင်တယ်”ဟု မြို့တော်စည်ပင်မှ ဒုတိယဌာနမှူးက ပြောသည်။
ပြီးခဲ့သည့်နှစ်များ၌မူ ရန်ကုန်မြို့တွင် တစ်လလျှင် အဆောက်အအုံ အလုံးရေ တစ်ရာဝန်းကျင်သာ ဆောက်လုပ်မှုရှိခဲ့ပြီး ယခုနှစ်မှစ၍ နှစ်ဆအထိ တည်ဆောက်မှု မြင့်တက်လာခဲ့ကြောင်း၊ တည်ဆောက်မှု အများဆုံးမြို့နယ်များမှာ သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်းမြို့နယ်တို့ ဖြစ်ပြီး မြို့နယ်တစ်ခုလျှင် အနည်းဆုံး အဆောက်အအုံ နှစ်ဆယ်ဝန်းကျင် လစဉ်တည်ဆောက်မှုများရှိကြောင်း သိရသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ