By Sint Sint, Shweproperty.com
Updated at 29 November 2020
Unicode
ပင်လယ်ကမ်းခြေတွေကို ဆက်သွယ်ပေးမယ့် ဒေါ်လာ (၉၄) သန်းတန် ကမ်းရိုးတန်းလမ်း စီမံကိန်းကြီး လာပါပြီ။
ဂေါ်ရင်ဂျီကမ်းခြေနေ ငွေဆောင်၊ ချောင်းသာကိုဖြတ်ပြီး ဂွကိုရောက်မယ်။ ဂွ၊ ကမ်းသာယာ၊ သံတွဲ၊ ငပလီ လမ်းနဲ့ချိတ်မယ်။ အဲ့ဒါဆို ကမ်းရိုးတန်းတောက်လျှောက် ပတ်လို့ရပြီ။ ကမ်းခြေခရီးသွားလုပ်ငန်းတွေ အများကြီး တိုးတက်လာဖို့ရှိတယ်။
“ဒေါ်လာ ၉၄ သန်းတန် ကမ်းရိုးတန်းလမ်း ဆောက်လုပ်ရေး”
ဒီပရောဂျက်က ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့နယ်ကနေ ရခိုင်ပြည်နယ် ဂွမြို့ကို ဆက်သွယ်ထားတဲ့ ၂၇၄ ကီလိုမီတာရှည်တဲ့ လမ်းပါ။
အစိုးရအနေနဲ့ ဒီလမ်းတစ်လျှောက်မှာ စီးပွါးရေးဖွံ့ဖြိုးမှုတွေနဲ့ လုံခြုံမှုကောင်းမွန်စေဖို့အတွက် ရည်ရွယ်ထားပါတယ်။
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်က စိုက်ပျိုးရေး ထွက်ကုန်တွေ၊ မွေးမြူရေး ထွက်ကုန်တွေကို တစ်နိုင်ငံလုံး ချောချောမွေ့မွေ့ ကုန်စည် စီးဆင်းရေးနဲ့ အာဆီယံ လမ်းမကြီးတွေက တစ်ဆင့် တစ်ကမ္ဘာလုံးကို ကုန်ပို့ပေးနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။
နိုင်ငံအတွင်း တိုင်းနဲ့ ပြည်နယ် နှစ်ခု မြန်မြန်ဆန်ဆန် ကူးသန်း သွားလာရေးအတွက်ရယ်၊ အပန်းဖြေ ခရီးသွားလာသူတွေအတွက် ပင်လယ် ကမ်းတစ်လျှောက် သွားလာနိုင်ဖို့အတွက် ဆိုပြီး အရေးကြီးတဲ့ ပရောဂျက် တစ်ခုအနေနဲ့ မြန်မာ့ ပရောဂျက် ဘဏ်မှာ စတင်ထည့်သွင်းထားပါတယ်။
ကမ်းရိုးတန်းလမ်းဆောက်လုပ်မူကို ၂၀၂၃-၂၀၂၄ ဘတ်ဂျက်နှစ်မှာ အပြီး ဆောက်လုပ်သွားမယ်လို့သိရပါတယ်။
ဒီလမ်းက ဒေသခံလူများအတွက် လမ်းပန်းဆက်သွယ်ရေးအနေနဲ့ရော ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားရေးများအတွက်ပါ အများကြီး အထောက်အကူ ဖြစ်စေမယ့် လမ်းတစ်လမ်းဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းများ
ရန်ကုန်ဘူတာကြီး ဘက်စုံ ဖွံဖြိုးရေး စီမံကိန်းတွင် စီးပွားဖြစ် ဟိုတယ်များနှင့် ပန်းခြံအပါအဝင် ရထားပြတိုက် တစ်ခုတို့ပါဝင်မည်
အရှေ့တောင်အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမည့်ထားဝယ်အထူးစီးပွားရေးဇုန်ဖော်ဆောင်ရာတွင် ဂျပန်နိုင်ငံကပါဝင်မည်
ကန်ဒေါ်လာ (၁၁၀) သန်းတန် မြန်မာ-ကိုရီးယား စက်မှုဇုန် စီမံကိန်းကို ဒီဇင်ဘာလတွင် စတင်မည်
Zawgyi
နောက်ဆုံးရ သတင်းများ
Credit : whitesone
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ