By ီDaily Eleven, Shweproperty.com
Updated at 17 November 2014
မြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်လီမိတက် (ယခု မြန်မာ့ရတနာဘဏ်)နှင့် အငြင်းပွားမှု ဖြစ်ပွားနေသည့် ဗျိုင်းရေအိုးစင်လမ်းရှိ တိုက်ခန်း ၃၄ ခန်းကိစ္စတွင် တိုက်ခန်းပိုင်ရှင်များထဲမှ နှစ်ဦး၏ ပိုင်ဆိုင်ကြောင်းအထောက်အထားများကို နိုဝင်ဘာ ၁၀ရက်က အရှေ့ပိုင်းခရိုင် တရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။
အဆိုပါတိုက်ခန်းပိုင်ရှင်များထဲမှ နှစ်ဦးက ယင်းတို့တိုက်ခန်း ပိုင်ဆိုင်ကြောင်း အထောက်အထားများအဖြစ် တိုက်ခန်းဝယ်ယူစဉ် စာချုပ်စာတမ်းများ၊ မြေရှင်ကိုပေးဆောင်ခဲ့သော အခွန်များနှင့် နှစ်ရှည်နေထိုင်ခဲ့ကြောင်းအထောက်အထားအဖြစ် သန့်ခေါင်စာရင်းများကို တင်ပြခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခန်းပိုင်ရှင်များ၏ တိုက်ခန်းပိုင်ဆိုင်ကြောင်း အထောက်အထားများကို ထပ်မံစစ်ဆေးရန် နိုဝင်ဘာ၂၀ ရက်ကို ထပ်မံရုံးချိန်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခန်းများကို ၁၉၉၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် မြေပိုင်ရှင်၏သားဖြစ်သူမှ စာရွတ်စာတမ်းအတုများ ပြုလုပ်ကာ မွေး/ရေဘဏ်သို့ ငွေကျပ်သိန်း ၄၅၀ဖြင့်ပေါင်နှံခဲ့ပြီး ၁၀နှစ်အတွင်း ဘဏ်သို့ အတိုးကျပ်သိန်းပေါင်း ၁၈၀၀ ကျော်ပေးရန်ကျန်ကြောင်း ၂၀၀၈ ခုနှစ်တွင် မြေပိုင်ရှင်သားနှင့် မွေး/ရေဘဏ်တို့ တရားရင်ဆိုင်ကြပြီး မြေပိုင်ရှင်သားမှာ တရားရှုံ့းနိမ့်ခဲ့သဖြင့် ဘဏ်က ၂၀၁၄ခုနှစ် စက်တင်ဘာတွင် တိုက်ခန်း ၃၄ ခန်းအား ကြမ်းခင်းဈေး ကျပ်သိန်း ၆၀၀၀ ဖြင့် လေလံတင်မည်ဟု သြဂုတ် ၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင်ကြော်ငြာခဲ့သည်။
လေလံတင်ရောင်းချရန် ကြော်ငြာမှုကို တိုက်ခန်းပိုင်ရှင်များက ကန့်ကွက်ခဲ့သဖြင့် စက်တင်ဘာ ၁၈ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံးတွင် မွေး/ရေဘဏ်မှ မြေပိုင်ဆိုင်မှု အထောက်အထားများကို တင်ပြခဲ့ကာ တိုက်ခန်းပိုင်ရှင်များမှ မိမိတို့ပိုင်ဆိုင်ကြောင်း စုပေါင်းလက်မှတ်ရေးထိုးကာ တင်ပြခဲ့ကြသဖြင့် တရားရုံးမှ လေလံတင်မှုကို ခေတ္တဆိုင်းငံ့ခဲ့ကြောင်း သိရသည်။
Ref : Daily Eleven
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ