By Myanmar Builders Guide, Shweproperty.com
Updated at 22 January 2020
အခြေခံအဆောက်အအုံကဏ္ဍတွင် အစိုးရ၏ရင်းနှီးမြှုပ် နှံမှုတိုးမြှင့်မည့်စီမံချက်ကြောင့် ယခုဘဏ္ဍာနှစ်တွင် ဆောက်လုပ် ရေးကဏ္ဍသိသာစွာတိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်၏မြန်မာ့စီး ပွားရေးလေ့လာမှုအစီရင်ခံစာ တွင် ဖော်ပြထားသည်။
၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အ သုံးစရိတ်အတွက် အစိုးရက ခွင့် ပြုထားသည့် ဘတ်ဂျက်က ကျပ် ၁,၀၆၅ ဘီလီယံကျော်သည်။
အဆိုပါဘတ်ဂျက်ပမာဏက ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၅ ရာခိုင်နှုန်းကျော် ပိုများလာသည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဆောက်လုပ်ရေးဝန်ကြီးဌာန အသုံးစရိတ်ကို ကျပ် ဘီလီယံ ၇၉၀ ကျော် အစိုးရက ချထားပေးခဲ့သည်။
အခြေခံ အဆောက်အအုံ ကဏ္ဍတွင် အစိုးရရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းနှင့် ဆက်စပ်ပြီး မြန် မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်အတွင်းရေးမှူး ဦးမျိုးမြင့်က ‘‘နိုင်ငံ့ အခြေခံအဆောက်အအုံပိုင်းမှာ လမ်း၊ တံတားတွေ တိုးတက်တာ တော့ အမှန်ပဲ’’ ဟု ပြောသည်။
သို့သော် အစိုးရ၏အခြေခံ အဆောက်အအုံပိုင်း တိုးတက်မှု က ဆောက်လုပ်ရေးကဏ္ဍတစ်ခု လုံးအပေါ် ထိရောက်မှုများစွာမရှိ နိုင်ကြောင်း ၎င်းကဆိုသည်။
အစိုးရ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ယခင်က ပုဂ္ဂလိ ကလုပ်ငန်းများ၏ ပါဝင်မှုကို ၆၀ ရာခိုင်နှုန်းအထိ ခွင့်ပြုခဲ့သည်။ သို့ သော် ယခုဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက၏ပါဝင်မှု ၄၀ ရာခိုင်နှုန်းခန့်သာ ခွင့်ပြုကြောင်း ဦးမျိုးမြင့်က ပြော သည်။တိုင်းနှင့်ပြည်နယ်အစိုးရ၏ တည်ဆောက်ရေးတင်ဒါအချို့၏ တစ်ပေပတ်လည်ဈေးနှုန်းသတ်မှတ်ချက်များက အမှန်တကယ် ကုန်ကျစရိတ်ထက် နည်းသဖြင့် လုပ်ငန်းရှင်များ လုပ်ကိုင်ရန် အ ခက်အခဲရှိလာကြောင်း Three Friend ဆောက်လုပ်ရေး ကုမ္ပဏီဒါရိုက်တာဦးကိုကိုလေးက ပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ