လူတွေဟာ မျက်စိပသာဒဖြစ်စေဖို့၊ လေကောင်းလေသန့်ရဖို့အတွက် အိမ်ထဲမှာ အပင်လေးတွေ စိုက်ကြပါတယ်။ အစိုက်များတဲ့ အပင်တွေကတော့ ကတ်တလီယာ၊ ဗန်ဒါစတဲ့ သစ်ခွအမျိုးမျိုး၊ ဂမုန်းရွက်လှ၊ နဂါးဂမုန်း၊ မြကွက်တစ်ထောင်စတဲ့ ဂမုန်းပင်အမျိုးမျိုးနဲ့ ဝါးပင်တွေအပြင် ကျောက်စိမ်းဧကရာဇ်၊ လပ်ကီးအုန်းပင် စတာတွေကို လာဘ်အလို့ငှာ အမြတ်တနိုး စိုက်ပျိုးကြပါတယ်။ အခုဖော်ပြပေးမှာကတော့ အပင်ချစ်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အိမ်တွင်းအလှစိုက်အပင်အချို့ပဲ ဖြစ်ပါတယ်။
 
Black Succulents
 
သူကတော့ အနက်ရောင် ချစ်သူတွေ ကြိုက်နှစ်သက်မယ့် Succulent ပင်ဖြစ်ပါတယ်။ Succulent ပင်ဆိုတော့ ရေဝပ်တာ မကြိုက်လို့ ရေနည်းနည်းပဲ လောင်းပေးရပါတယ်။
 
Hoya Kerii
 
အပင်ရဲ့ ပုံစံက အသဲပုံသဏ္ဍာန်ရှိလို့ သူ့ကို ချစ်သူပင်လို့လည်း ခေါ်ပါတယ်။ စိုက်ပျိုးရ လွယ်သလို ဈေးလဲသက်သာတဲ့ အပင်တစ်မျိုးပါ။
 
Trachyandra
 
အာဖရိက အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကနေ လာတဲ့အပင်ပါ။ ကြည့်ရတာကတော့ အပင်က စပါကတ်တီခေါက်ဆွဲတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။
 

 
Rose Succulent
 
သူလည်း ရေမကြိုက်တဲ့ cactus အနွယ်ဝင် succulent အပင်ပါပဲ။ အပင်ဟာ နှင်းဆီပွင့်လေးတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ နှင်းဆီနဲ့ မတူတဲ့အချက်က သူတို့က ပန်းပွင့်ရင် အကြာကြီး ပွင့်တတ်တဲ့အပြင် ထိန်းသိမ်းရတာလည်း လွယ်ကူပါတယ်။
 
Crassula Umbella
 
အပင်ဟာ ဝိုင်ခွက်သဏ္ဍာန်ရှိပြီး အပွင့်ပွင့်တဲ့အခါ (၆) လက်မအထိ ရှိနိုင်ပါတယ်။ အပင်ရဲ့ ထူးခြားချက်က ထီးလေးတွေကို ဇောက်ထိုးလှန်ထားသလိုပဲ တွေ့မြင်ရတာ ဖြစ်ပါတယ်။
 
Marimo Moss Balls
 
ဒီရေညှိလုံးလေးတွေကို ကြည့်လိုက်ရင် ဈေးပေါတဲ့ အပင်တုလေးတွေလိုပါပဲ။ တောထဲမှာတော့ မြစ်ဘေးတစ်လျှောက် လှိမ့်ကာ သွားရင်း သူ့သဘာဝနဲ့သူ အလုံးလေးတွေ ဖြစ်လာတဲ့ အပင်ပါ။ ဒီအပင်လေးတွေကို ကံကောင်းစေတဲ့ အပင်လေးတွေအဖြစ် မှတ်ယူကြပါတယ်။
 
Living Stones
 
ကျောက်တုံးလေးတွေမခြား ထင်ရတဲ့ အပင်လေးတွေဟာ succulent မျိုး အပင်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့က တောင်အာဖရိက သဲကန္တာရထဲက လာတာပါ။ အပူကြိုက်၊ သဲကြိုက်တဲ့ အပင်လေးတွေဖြစ်ပြီး ရေနည်းနည်းနဲ့ အသက်ရှင်နိုင်ပါတယ်။
 
Fishbone Cactus
 
အပင်လေးကတော့ နာမည်အတိုင်းပဲ ငါးရိုးသဏ္ဍာန်ရှိပါတယ်။ သူ့ကို Ric Rac သို့မဟုတ် Zigzag cactus လို့လည်း သိကြပါတယ်။ သူက အပျင်းကြီးတဲ့ အပင်ချစ်သူတွေအတွက်တော့ အကောင်းဆုံးပါ။ ဒီအတိုင်း ပစ်ထားလည်း ရှင်သန်နိုင်တဲ့ အပင်ဖြစ်ပြီး ပန်းပွင့်တဲ့အခါ အရမ်းလှတဲ့ ပန်းရောင်အပွင့်လေးတွေ ပွင့်ပါတယ်။
 

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

 
အိမ်မှာ ရေခဲသေတ္တာသုံးရာတွင် ဆောင်ရန် ရှောင်ရန်များ။ ဒါတွေ မလုပ်ပါနဲ့ 
 
အိမ်တိုင်း ၊ဆိုင်တိုင်းမှာ အသုံးပြုနေတဲ့ အဲကွန်းကို ပုံမှန်သန့်ရှင်းရေးမလုပ်ရင် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ 
 
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ 
 
အိမ်ထဲမှာ ရေစိုအဝတ်လှန်းခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ
 
Credit By : Shwemom
Posted By : Sint Sint (ShweProperty.com)