By Sint Sint, Shweproperty.com
Updated at 29 December 2020
ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း(KMIC)တွင် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် လာမည့် ၂၀၂၁ခုနှစ် ဇန်နဝါရီ ၂ဝရက်မှစတင်ကာ မြေကွက်များ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း Korea-Myanmar Industrial Complex(KMIC) မှ သိရပါတယ်။ မြေနေရာလျှောက်ထားရာတွင် အွန်လိုင်းစနစ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး KMIC Online Land Reservation System ဖြင့်လျှောက်ထားရမည်ဖြစ်ကြောင်း သိရပါတယ်။ ရင်းနှီးမြှုပ်နှံမှုအတွက် နိုင်ငံတကာကုမ္ပဏီပေါင်း ၁၃ဝကျော် ပါဝင်လိမ့်မည်ဟု မျှော်မှန်းထားပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မည်သည့်နေရာတွင်အဆို ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့်နေရာများကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း(KMIC)သည် အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းခန့် ဖန်တီးပေးနိုင်မည်ဟုခန့်မှန်းထားပြီး ပထမအဆင့်ကို ယခုလအတွင်း စတင်ဆောင်ရွက်နေကာ ၂၀၂၃ခုနှစ်တွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရပါတယ်။ KMIC ကိုဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land & Housing Corporation တို့က အမေရိကန်ဒေါ်လာ သန်း ၁၁ဝကျော်ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်ထားကြောင်း သိရပါတယ်။ အဆိုပါစီမံကိန်းကို ရန်ကုုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရှိ မြေဧက ၅၅၀ ကျော်ပေါ်တွင် အပိုင်းနှစ်ပိုင်းခွဲကာ တည်ဆောက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ နောက်ဆုံးရ သတင်းများ ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း လေးထောင့်ကန်ကျေးရွာတွင် အကောင်အထည်ဖော်မည့် YANGON AMATA SMART AND ECO CITY ရန်ကုန်ရဲ့အကြီးမားဆုံးသော စီမံကိန်းကြီး ၃ ခု အကြောင်း လမ်းသစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း Credit : Tharaye Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ