By Sint Sint, Shweproperty.com
Updated at 28 December 2020
ကိုရီးယားမြန်မာ စက်မှုဇုန်စီမံကိန်း (KMIC ) Korea – Myanmar Industrial Complexပန္နက်တင် အခမ်းအနားကို ဒီဇင်ဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်စက်မှုဇုန်မှာ ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဒေသအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီစက်မှုမြို့တစ်ခု ဖြစ်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများချောမွေ့စွာ လည်ပတ်စေနိုင်ရန်နှင့် ကောင်းမွန်သောအခြေခံအဆောက်အအုံ ပြည့်စုံသော Facilitation Service ဝန်ဆောင်မှုများဖြင့်ထိရောက်မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ Korea – Myanmar Industrial Complex (KMIC) စက်မှုဇုန်စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံအစိုးရအဖွဲ့အစည်းဖြစ်သည့် Land and Housing Corporation တို့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ KMIC စက်မှုဇုန်စီမံကိန်းသည် မြန်မာ-ကိုရီးယားနှစ်နိုင်ငံအစိုးရအချင်းချင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်သည့် နိုင်ငံတကာအဆင့်မီ အခြေခံအဆောက် အအုံများ ပြည့်စုံသည့် စက်မှုဇုန်စီမံကိန်း တစ်ခုဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်များ ဖော်ပြထားပါတယ်။ ယင်းစက်မှုဇုန်စီမံကိန်းအတွက် အသေးစိတ်ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းများပြီးစီး၍ တင်ဒါခေါ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ မှ စတင်နိုင်ရန် စီစဉ်ထားပြီးဖြစ်သည်။ KMIC စက်မှုဇုန်စီမံကိန်းအတွက် လိုအပ်မည့် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေပေးဝေရေးနှင့် လျှပ်စစ်ဓါတ်အားပေးရေးတို့ကို စက်မှုဇုန်ဝန်းပြင်ပသို့ အရောက်တည် ဆောက်ပေးရန် အစီအစဉ်များပါရှိပါကာ၊ အာဆီယံဒေသတွင်းရှိ အခြားသောနိုင်ငံတကာ စက်မှုဇုန်များအားယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုဇုန်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ထားပါတယ်။ KMIC စက်မှုဇုန်စီမံကိန်းမှ အလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည် ဖြစ်ပြီး၊ ရန်ကုန် တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ထားတယ်လို့ တာဝန်ရှိသူများကဆိုပါတယ်။ နောက်ဆုံးရ သတင်းများ နေပြည်တော်အိမ်ခြံမြေဈေးကွက်အလားအလာ အမြန်လမ်းဖောက်လုပ်ရာတွင် လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် တောင်သူများအတွက် နစ်နာကြေး ကျပ်သိန်း ၃၀၀ ကျော်ပေးအပ် စက်ရုံလုပ်သားတစ်သိန်းကျော် အလုပ်အကိုင်ရရှိနိုင်မည့် ထန်းတပင်စက်မှုဇုန်စီမံကိန်း သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ ကိုရီးယား၊ ထိုင်း၊ စင်ကာပူတို့နှင့် ဖက်စပ်စီးပွားရေးဇုန်များ ဆက်အကောင်အထည်ဖော်မည်ဟုဆို Photo Credit : Myanmar Times Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ