By 7daydaily, Shweproperty.com
Updated at 24 November 2014
တစ်နိုင်ငံလုံး၏ မြို့ပြစီမံကိန်းများ ရေးဆွဲရာတွင် တစ်နှစ်လျှင် ဒေါ်လာ ၇ ဘီလီယံကျော် အသုံးပြုရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် လူဦးရေနှစ်သိန်းအထက်ရှိသည့် မြို့ကြီးများတွင် နေထိုင်သူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာနိုင်သည်ကို တွက်ချက်ထားကြောင်း၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၄၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့်အတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၇ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားရန် သမ္မတက ညွှန်ကြားထားကြောင်း အထက်ပါညွှန်ကြားရေးမှူးက ဆိုသည်။
ထို့အပြင် ဆင်းရဲနွမ်းပါးသူ များ၊ မသန်စွမ်းသူများ၊ ပင်စင်စား များ၊ တိုက်ပွဲကျစစ်သည်များ၏ မိသားစုများ၊ ဝင်ငွေနည်းသည့် သာမန်ပြည်သူများအတွက် သက် သာသည့် နှုန်းထားဖြင့် ဝယ်ယူနိုင် ရန် အရစ်ကျစနစ်၊ ချေးငွေစနစ် အပြင် ပုံမှန်ဝင်ငွေမရှိသဖြင့် ဝယ် ယူရန် အခက်အခဲရှိသူများအ တွက်လည်း ပြည်သူ့အငှားအိမ် ရာများ အကောင်အထည်ဖော်ကြ ရန် တိုက်တွန်းထားကြောင်း သတင်းရရှိသည်။
လက်ရှိကြီးမြင့်နေသည့် မြေယာပြသနာကို တစ်ဖက်မှဖြေ ရှင်းပြီး အိမ်ရာစီမံကိန်းအသစ် များ ထပ်မံဖော်ထုတ်ရန် နိုဝင်ဘာ ၂၁ ရက် နေပြည်တော်၌ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပညာရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများက အဓိကဆွေးနွေးခဲ့ကြသည်။
‘‘အဓိကဖြစ်နေတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက တန်ဖိုးကြီး အိမ်ရာစီမံကိန်းတွေ ဆက်တိုက် တည်ဆောက်နေတာတွေ လျော့ ပါးရေးအတွက်လည်း ဒီဆွေးနွေး ပွဲမှာ အဖြေတွေရှာခဲ့တယ်’’ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီးက ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ မြို့ပြစီမံကိန်းများ အကောင်အ ထည်ဖော်ရေးအတွက် မြို့ပေါင်း ၈၀ ကျော်၏ စီးပွားရေး၊ လူမှုရေး အခြေအနေအရပ်ရပ်ကို စစ်တမ်း များကောက်ယူနေပြီး မြို့ပြစီမံ ကိန်းသစ်များရေးဆွဲရန် နိုင်ငံတ ကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေပြီ ဖြစ်သည်။
Ref : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ