By The Trade Times, Shweproperty.com
Updated at 21 September 2015
အဆောက်အအုံ ဆောက်လုပ် ရန်အတွက် ဖောင်ဒေးရှင်းတူးသည့် ကုမ္ပဏီများအား ပိုင်လုပ်ငန်း လိုင်စင် ခွင့်ပြုမှုကို စက်တင်ဘာလအတွင်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ (အဆောက် အအုံ) ဌာနမှ သိရသည်။
အဆိုပါ ဖောင်ဒေးရှင်းတူးသည့် ပိုင်လုပ်ငန်း လျှောက်ထားမှုအား ၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ (အဆောက် အအုံ) ဌာနတွင် လျှောက်ထားရမည် ဟု ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိ ကာလအထိ လျှောက်ထားသည့်အဖွဲ့ ငါးဖွဲ့သာ လျှောက်ထားခဲ့ပြီး ယခုလ ကုန်မှစ၍ တရားဝင်လိုင်စင် ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
”ပိုင်လုပ်ငန်းနဲ့ ပတ်သက်ပြီး လျှောက်ထားတဲ့ အရေအတွက်က နည်းပါးတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လိုင်စင်ရပြီဆိုတာနဲ့ တာဝန် ယူမှု၊ တာဝန်ခံမှုနဲ့ ဆုံးဖြတ်ပေးမှာ ဖြစ်တဲ့အတွက် ပိုင်လုပ်ငန်းဆောင် ရွက်လုပ်ကိုင်သူတွေအနေနဲ့ လျှောက် ထားမှု နည်းပါးပါတယ်။ ဒီလုပ်ငန်း အတွက် လိုင်စင်ချထားပေးပြီးပြီ ဆိုရင်လည်း အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုတဲ့အခါမှာ အဲဒီ လိုင်စင် ရရှိထားပြီးသား လုပ်ငန်း တွေကိုပဲ လုပ်ကိုင်ခွင့်ပေးမှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ အဆောက် အအုံ) ဌာနမှ ဌာနမှူးဦးသန်းဌေးက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး နယ်နိမိတ်အတွင်း ဆောက် လုပ်မည့် အဆောက်အအုံများ အတွက် မြေသားစမ်းသပ်မှု (Soil Test) လုပ်ငန်းဆောင်ရွက်ရာတွင် မြေသားစမ်းသပ်ခြင်းနှင့် ပတ်သက်၍ ပိုမိုတိကျသော ရလဒ်များ ရရှိစေ ရန် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် မြေစမ်းသပ်မှု လုပ်ငန်းများ ဆောင် ရွက်နိုင်ရန် လိုင်စင် လျှောက်ထား နိုင်ပြီဖြစ်ကြောင်း သိရသည်။
”မြေစမ်းသပ်မှု ပိုင်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ အစက လျှောက် ထားတာက ကုမ္ပဏီငါးခု ရှိတယ်။ အဲဒီ ကုမ္ပဏီငါးခုကို ခွင့်ပြုဖို့ အတည် ပြုထားပြီးပြီ။ ဒီလအတွင်း အမြန်ဆုံး ခွင့်ပြုချက် လုပ်ငန်းလိုင်စင် ထုတ်ပေး သွားမှာပါ။ ဒီလထဲ ခွင့်ပြုပေးမယ့် ကုမ္ပဏီငါးခုထဲမှာ မြန်မာ V-pile ကုမ္ပဏီနဲ့ City Press Pile ကုမ္ပဏီ လည်းပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင် ဂျင်နီယာ (အဆောက်အအုံ) ဌာန လက်ထောက်ဌာနမှူး ဒေါ်တင်တင် ကြည်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီက မြေသားစမ်းသပ် ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ခွင့်ပြု ပေးခဲ့သည့် ကုမ္ပဏီ ခြောက်ခုမှာ Mya Yar Pin (Engineering & Consulting Group)၊ CECC (Civil Engineer’s Construction Co., operative Litmited)၊ UNO Consultant Geotechnical Engineering Group)၊ Tek Bumi Co.,Ltd၊ GEO Friends Co.,Ltd နှင့် AMT Geotechnical Engineering Group တု့ိအား လုပ်ကိုင်ခွင့် ချထားပေးခဲ့ပြီးဖြစ်ပြီး စက်တင်ဘာ လအတွင်း၌လည်း ထပ်မံ၍ ကုမ္ပဏီ ငါးခုအား တရားဝင်လုပ်ငန်းလိုင်စင် ထပ်မံ၍ ခွင့်ပြုပေးသွားမည် ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ ထုတ်ပြန် ချက်များအရ သိရသည်။
၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စတင်၍ အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ပြရာတွင် Soil Report များကို ကော်မတီ၏ အသိ အမှတ်ပြု မြေစမ်းသပ်မှု လုပ်ငန်း လိုင်စင်ရယူထားသည့် ကုမ္ပဏီများ ၏ Soil Report များကိုသာ လက်ခံ ဆောင်ရွက်မည်ဖြစ်ပြီး မြေစမ်းသပ်မှု လုပ်ငန်းလိုင်စင် (Soil Test Licence) လျှောက်ထားလိုသည့် မြန်မာနိုင်ငံ သားပိုင် ကုမ္ပဏီမှ အင်ဂျင်နီယာဌာန (အဆောကအအုံ) သို့ လျှောက်ထား နိုင်ပြီး ရုံးချိန်အတွင်း ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ မေးမြန်း စုံစမ်း နိုင်ကြောင်း သိရသည်။
လက်ရှိတွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့်လည်း အဆိုပါ လိုင်စင် မရှိဘဲ ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် လုပ်ကိုင်နေသည်ကို တွေ့ရှိပါက ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ