By The Trade Times, Shweproperty.com
Updated at 30 July 2015
တည်ဆောက် - လုပ်ကိုင် - လွှဲပြောင်းစနစ် (Build, Operate, Transfer – BOT) ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံများမှ အခန်းများကို ရောင်းချခြင်း မပြုမီရောင်းချသည့် ကုမ္ပဏီက ဝယ်ယူနေထိုင်မည့် သူများသို. အသေအချာရှင်းလင်းတင်ပြရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(ဗဟို)မှ သိရသည်။
ထိုသို. ရှင်းပြရာတွင် ဆောက်လုပ်သည့် developer များအနေဖြင့် BOTစနစ်၏ သဘောသဘာဝနှင့် ယင်းတိုက်ခန်းတွင် နေထိုင်ခွင့်ရှိသည့် သက်တမ်းများနှင့် ပတ်သက်၍ အသေအချာ ရှင်းလင်းပြောကြားသင့်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ပြောသည်။
“BOT စနစ်မှာတောင်မှ အမျိုးမျိုးရှိတယ်။ နှစ်၅၀ BOTလား၊ နှစ်၇၀ BOTလား၊ နှစ် ၃၀ BOTနဲ. ဆောက်ထားလားဆိုတဲ့အပေါ် မူတည်ပြီး ဈေးက အများကြီးကွာဟတယ်။ မြန်မာပြည်က ဘတွေက အဲဒီအခန်းတွေကို ဘိုးစဉ်ဘောင်ဆက်ပိုင်လိမ့်မယ်လို. ယူဆထားကြတယ်။ သူ.ရဲ.ငှားထားတဲ့ နှစ်အပိုင်းအခြားပြည့်ရင် ဆင်းပေးရမယ်။ ရောင်းတဲ့ လူကလည်း သေချာပြောပြဖို. လိုအပ်တယ်။” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါ်မို.မို.အောင်က The Trade Times ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တယ်။
BOTစနစ်၏ သဘောသဘာဝမှာ ရင်းနှီးမြှုပ်နှံသူက အလိုရှိသော မြေကို နှစ် အပိုင်းအခြား တစ်ရပ်အတွက် ငှားရမ်းခ သတ်မှတ်ငှားရမ်းကာ ထိုမြေပေါ်တွင် ငှားသူ၏ငွေဖြင့် အဆောက်အအုံ ဆောက်လုပ်၍ စီးပွားရေးလုပ်ငန်းထူထောင်လုပ်ကိုင်ပြီး ငှားရမ်းမှု သက်တမ်းစေ့သည့်အခါ ငှားရမ်းသော မြေနှင့်တကွ မြေပေါ်တွင် ပါရှိသည့် အဆောက်အအုံကိုပါ မူလပိုင်ရှင်သို. ပြန်လည် ပေးအပ်ရသောစနစ် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း အုပ်ချုပ်ခဲ့သည့် အစိုးရအဆက်ဆက်၏ မူဝါဒများအရ BOT စနစ်ဖြင့် လုပ်ကိုင်ရန် ခွင့်ပြုထားသည့် နှစ် အပိုင်းအခြားကို ကနဦး နှစ် ၂၀ထပ်တိုး ငါးနှစ် နှစ်ကြိမ် စုစုပေါင်း နှစ် ၃၀၊ သို.မဟုတ် ကနဦး နှစ် ၃၀ထပ်တိုး ၁၀နှစ် နှစ်ကြိမ် စုစုပေါင်း နှစ် ၅၀ သတ်မှတ်ထားသည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ BOT စနစ်ဖြင့် လုပ်ကိုင်မည်ဆိုပါက ကနဦး နှစ် ၅၀ထပ်တိုး ၁၀နှစ် နှစ်ကြိမ် စုစုပေါင်း နှစ် ၇၀ဖြင့် မြေငှားရမ်း လုပ်ကိုင်သည့် စနစ်အဖြစ် ငှားရမ်း သက်တမ်း တိုးမြှင့်ပေးခဲ့သည်။
ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံမှ လူဦးရေများပြားသည့် မြို.ကြီးများရှိ ဌာနဆိုင်ရာ မြေများ၊ စည်ပင် သာယာရေး ကော်မတီပိုင် မြေများနှင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေနေရာများပေါ်တွင် BOT စနစ်အသုံးပြု၍ ဈေးဝယ်စင်တာများ ဆောက်လုပ်ခြင်း၊ ကွန်ဒိုမီနီယမ်တိုက်ခန်းများ ဆောက်လုပ်ခြင်းတို.ဆောင်ရွက်ကာ အများပြည်သူအားရောင်းချမှုများ ရှိလာခဲ့သော်လည်း ဝယ်ယူနေထိုင်သူများနစ်နာမှုမဖြစ်ပေါ်စေရန် BOTစနစ်၏ သဘော သဘာဝနှင့် ယင်းမြေပေါ်တွင် နေထိုင်လုပ်ကိုင်နိုင်မည့် သက်တမ်းအပိုင်းအခြားကို ဆောက်လုပ်ရေးကုမ္ပဏီများဘက်က အသေအချာ ရှင်းလင်း ပြောကြားပြီး မှသာ ရောင်းချခြင်းပြုရန် လိုအပ်သည်။
မကြာမီ ပြန်လည်ထွက်ရှိမည့် ကွန်ဒိုမီနီယမ် ဥပဒေအရ ကွန်ဒိုတိုက်ခန်းအဖြစ် သတ်မှတ်ခံထားရသည့် အခန်းများကို ဘဏ်တွင် အပေါင်ထားကာ တရားဝင်ငွေချေးနိုင်မည် ဖြစ်သော်လည်း BOT စနစ်ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံများအတွင်းရှိ အိမ်ခန်းများကို အခြား ကွန်ဒိုတိုက်ခန်းများုကဲ့သို. ပေါင်နှံနိုင်ခြင်းရှိမရှိမှာမူ ဆောက်လုပ်ထားသည့် မြေနေရာကို ပိုင်ဆိုင်ထားသည့် ဌာနဆိုင်ရာအဖွဲ.အစည်းများနှင့် ထိုအဆောက်အအုံကို တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီတို.က ယင်းမြေအားပိုင်ဆိုင်မှုစွန်.လွတ်ခြင်း ရှိမရှိအပေါ်တွင် မူတည်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးငှာနဘက်က ပြန်လည်ဖြေကြားထားသည်။
“ကွန်ဒိုုဥပဒေမှာ ထည့်ထားတဲ့ အချက်တစ်ချက်ကတော့ ကွန်ဒိုအဖြစ် ပြောင်းလဲလိုတဲ့ အဆောက်အအုံတွေက ကျွန်တော်တို.ကို စာရင်းပေးထားရပါမယ်။ သဘောကတော့ BOT စနစ်လုပ်ခဲ့တဲ့ ဌာနနဲ. BOT လုပ်ကိုင်ခွင့် ရခဲ့တဲ့ ကုမ္ပဏီတို.ရဲ. သဘောတူညီချက် ရဖို. လိုအပ်ပါတယ်။ ကုမ္ပဏီဘက်ကရော ဌာနဆိုင်ရာကပါ သူ.ရဲ. ပိုင်ဆိုင်မှုကို စွန်.လွှတ်ဖို. လိုအပ်ပါတယ်။” ကုမ္ပဏီဘက်ကရော ဌာနဆိုင်ရာကပါ သူ.ရဲ. ပိုင်ဆိုင်မှုကို စွန်.လွှတ်ဖို.လိုတယ်” ဟု မြို.ပြနှင့် အိမ်ရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ