ကလေးရှိတဲ့ မိသားစုတွေအတွက် ဆင်ခြင်နိုင်ဖို့ အောက်ပါ ရွက်လှပင်အကြောင်း ဘာသာပြန် ဖော်ပြလိုက်ပါတယ်။အိမ်တွင်း ခြံတွင်း ရုံးတွင်း နေရာတွေမှာ ရွက်လှပင်အမျိုးမျိုးကို အလှပန်းအိုးတွေအဖြစ် စိုက်ထားလေ့ရှိကြတယ်။


မျက်စိ ပသာဒ ဖြစ်စေသလို၊ အခန်းတွင်း လေသန့်ရှင်းစေလို့၊ ကြည့်ရတာလည်း လှလို့ စာရေးသူလည်း သဘောကျမိတယ်။ အောက်ဖော်ပြပါ စာဆက်ဖတ်ကြည့်ရင်တော့ အဲလို အပင်မျိုး အလှ အဖြစ်တောင် ဘယ်နေရာမှ မစိုက်သင့်တော့ပါဘူး။


အစိမ်း၊ အဝါနုနဲ့ အဖြူရောင်စပ်ကြား အရွက်ဖားဖား (ဓါတ်ပုံပါ) ရွက်လှပင်ရဲ့အရွက်ဟာ စားမိမယ်ဆိုရင်၊ ကလေးဆိုရင် မိနစ်ပိုင်းအတွင်း လူကြီးဆိုရင်လည်း ၁၅ မိနစ် အတွင်း အသက်သေစေနိုင်ပါသတဲ့။


Keep (+) Healthy မှာ မိခင်တစ်ယောက်က ပြောတာကို အခုလိုတွေ့ရတယ်။( ကျွန်မသမီးလေး အသက် ဆုံးရှုံးရတော့မလို ဖြစ်သွားရတယ်။ အသိဦးပေလို့သာ။


အဲဒီ အရွက်တစ်ပိုင်းတစ်စကို ကလေးက ပါးစပ်ထဲ ထည့်လိုက်တာ ချက်ချင်း လက်ငင်း သမီးရဲ့ လျှာတွေထူထဲရောင်ရမ်းလာတယ်။ အသက်ရှူရခက်ခဲလာတယ်။


အဲဒီအရွက်နည်းနည်းလေး ဝါးမိတဲ့ ကျွန်မသမီးလေး သေတော့မလို့ ဖြစ်သွားရတယ်။ လူအတော်များများက ဒီအရွက်က အဆိပ်ပြင်းမှန်း၊ မသိကြဘူး။ သတိလည်းမထားမိကြဘူး။)


နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း


အဲဒီအရွက်က သိပ်ပြီး အသက် အန္တရာယ်ပေးနိုင်ပါတယ်။သူ့လိုနဲ့ သူ့လောက် အသက် အန္တရာယ် ခြိမ်းချောက်တဲ့ အပင်များများစားစားမရှိလှဘူး။


အဲလို ရွက်လှပင်တွေ အိမ်တွင်း အိမ်ပြင် လုံးဝမစိုက်သင့်ပါဘူး။တကယ်လို့ ရှိနေခဲ့ရင်၊ ကလေးနဲ့ လက်လှမ်းမမှီတဲ့နေရာ၊ အဝေးနဲ့ အမြင့် တစ်နေရာ တင်ထားတာကောင်းပါတယ်။ ကလေးကို အဲဒီ အနားမသွားစေဘို့ မျက်ခြေမပြတ် ထိန်းသိမ်း စောင့်ရှောက်နေသင့်ပါတယ်။ ကလေးရောက်နိုင်တဲ့ (သို့) ကစားနိုင်တဲ့ နေရာနဲ့ အိပ်ယာတွေကို၊ အဲဒီ အပင်နဲ့ ခပ်လှမ်းလှမ်း ဟိုးအဝေးမှာ ထားရှိသင့်ပါတယ်။


အဲဒီအရွက်ပင်ကို၊ စာရေးသူတို့ ဆီမှာတော့ ရွက်လှဂမုန်းလို့ ခေါ်ကြတယ်။ စာရေးသူတောင် ကြည့်ရတာ လှလို့ ဘုန်းကြီးကျောင်းက တောင်းပြီး နှုတ်လာကာ၊ ပန်းအိုးနဲ့ စိုက်ထားမိသေးတယ်။


ကိုယ်ပိုင် ကလေးမရှိပေမဲ့ လူနာကလေးလေးတွေ မတော်တဆ အိမ်ခေါင်းရင်း ရောက်သွား ဆော့ကစား စားမိရင်၊ ကလေးတွေ ဒုက္ခများမှာ စာရေးသူလည်း ပြေးပေါက်မှားမှာ စိုးရိမ်လို့၊ ဒီ စာရေးပြီးရင်ကို၊ သွားရောက်ဖယ်ရှားပစ်တော့မယ်။


အဲဒီ ရွက်လှပင်ကို၊ အင်္ဂလိပ်လိုတော့၊ Dieffenbachia လို့ ခေါ်ပါတယ်။ သူ့အရွက်တွေ တိုင်းမှာ ” ကယ်လ်စီယမ် အောက်ဇဲလိတ် ( Calcium Oxalate ) ဆိုတဲ့၊ အဆိပ်ဓါတ်တွေ အမြောက်အများ ( အသက်သေစေလောက်တဲ့ အထိ) ပါဝင်တယ်။


အသက်ငယ်လွန်းတဲ့ ကလေးတွေ စားမိရင်၊ချက်ချင်း သေဆုံး စေနိုင်သလို၊ အရွယ်ရောက်ပြီး သူတွေမှာတော့ ၁၅ မိနစ် မိနစ် ၂၀ အတွင်း၊ သေဆုံးစေနိုင်တဲ့ အထိ အဆိပ်ပြင်းထန်ပါတယ်။


အရွက်ရဲ့ အဆိပ်က ဘယ်လောက်ပြင်းထန်သလဲဆိုရင် ၊ မျက်စိထဲဝင်မိရင် မျက်စိတောင် ကွယ်စေမျက်စိကန်းစေနိုင်တယ်။


စီးပွားလာဘ်လာဘ တိုးပွားစေကာ ကြွယ်ဝခြင်းကို အံ့သြလောက်အောင် ပေးစွမ်းနိုင်စွမ်းရှိတဲ့ အိမ်တွင်းအလှစိုက်အပင်ငယ်များ


ချစ်စွာသော စာရှုသူ။ သင်တို့အိမ်မှာ ရုံးမှာ အဲဒီ ရွက်လှပင် ရှိနေပါသလား။ အခုပဲ သွားရောက် နှုတ်ပစ် ဖယ်ရှားလိုက်တာက သင့်အတွက်ရော မိသားစု အတွက်ရော၊ မိတ်ဆွေတွေ သားသမီးတွေအတွက်ပါ ၊ အဆိပ်ဘေးမှ စိတ်ချရပါလိမ့်မယ်။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ


အိမ်မှာအပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ်


သင့်အိမ်မှာ ဒီအပင်တွေရှိရဲ့လား


အိမ်တွင် ပင်စိမ်းပင် စိုက်ထားသင့်သော အကြောင်းအရင်း


အိမ်တွေမှာ အလှစိုက်နေကြတဲ့ ရွက်လှပင်အကြောင်း ကြောက်စရာ


Credit : Apannpyaymedia
Posted By : Sint Sint (ShweProperty.com)