By Ra Wai, Shweproperty.com
Updated at 10 May 2022
တချို.သည် အိမ်ဝယ်၊ အိမ်ဆောက်၊ အိမ်ဌားရာတွင် အောက်ပါအိမ်များကို ရှောင်းရှားကြသည် ။ နေရမည်ဆိုပါက ဆောင်ရန်နည်းလမ်းများလည်း ရှိသည်..... ၁ ။ လမ်းဦးတိုက်အိမ် ။ ။ လမ်းနှင့်ထိပ်တိုက်တည့်တည့် ကျနေသော အိမ်ဖြစ်သည်။ ဆောင်ရန်မှာ မိမိအိမ်ဘက်မှ ဦးတိုက်သည့် လမ်းဘက်သို. ကျားရုပ်လုပ်၍ လှည့်ထားရမည်။ အိမ်ရှေ.တွင် အများသုံး သောက်ရေအိုးစင်ဆောက်ပါ ။ သံပန်းများတပ်ဆင်၍ အချွန်ကို အပြင်ဘက် လှည့်ပေးထားပါ။ ၂ ။ လှည်းဦးတိုက် ။ ။ လှည်းများသွားလာသည် လမ်းကြောင်းနှင့် မလွတ်ကင်းသော နေရာရှိအိမ်။ ဆောင်ရန်မှာ ကျားရုပ်ပြုလုပ်ရန်။ ၃ ။ လှေဦးတိုက် ။ ။ ရေလမ်းမှာသွားလာနေသော ရေယာဉ်များ ထိပ်တိုက်ဝင်ရောက် ဆိုက်ကပ်သောနေရာ။ ဆောင်ရန်မှာ ကျားရုပ်ပြုလုပ်ရန်။ ၄ ။ ရေဦးတိုက် ။ ။ ရေကြောင်းနှင့် မိမိအိမ် ထိပ်တိုက်တွေ.ပြီးရေ စတင်စီးဆင်းသောနေရာ၊ ရေစီးဆုံသည့်နေရာတွင် ရှိသောအိမ်။ ဆောင်ရန်မှာ ကျားရုပ်ပြုလုပ်ရန်။ ၅ ။ အိမ်တံစို. ။ ။ မိမိအိမ်ကို တခြားတစ်အိမ်က အလည်တည့်တည့် ကန်.လန်.ဆောက်ထားခြင်း။ ဆောင်ရန်မှာ မိမိအိမ်ဘက်မှ တံစို.ကိုထားသောအိမ်ဘက်သို. မှန်တစ်ချပ်ထောင်ထားရန်။ ၆ ။ နို.ညုပ် ။ ။ မိမိအိမ်သည် ညီအစ်ကိုကြား ၊ သို.မဟုုတ် သားအဖကြား ရောက်ရှိနေသောအိမ်။ ဆောင်ရန်မှာ အိမ်တစ်ဖက်တစ်ချက်တွင် ထညပ်( ငါးကင်ရာတွင် သုံးသောဝါးညှပ်) ထားရမည်။ ၇ ။ စေတီဦးတိုက် ။ ။ စေတီပုထိုး ဘုရားကျောင်းများကမိမိအိမ်ထက်နိမ့်ပြီး ကပ်လျက်တည်ရှိသောအိမ်ကို ဆိုလိုသည်။အဓိကအားဖြင့်ချွန်ထက်သည့်အရာများကမိမိနေအိမ်နှင့်မျက်နှာချင်းဆိုင်ဖြစ်နေခြင်းမျိုးဖြစ်သည်။ဆောင်ရန်မှာ အနီးရှိ ဘာသာရေးအဆောက်အဦး တစ်ခုခုတွင် ကော်ဇော်ခင်းခြင်း၊ ကျောက်ပြားခင်းခြင်း ၊ နဝကမ လှူဒါန်းခြင်း ၊တံမြက်လှည်းခြင်း စသည့်တို.ပြုပေးရန်။ ၈ ။ ကြမ်းဦးတိုက် ။ ။ အဆင့်ပေါ်ဖြစ်စေ ၊ အထပ်ပေါ်ဖြစ်စေ တက်ရာတွင် ခြေဖဝါးချလျှင် ကြမ်းအလျားလိုက်အတိုင်း မိမိခြေချောင်းမှာ တည်နေခြင်းဖြစ်သည်။ ဆောင်ရန်မှာ ဖယောင်းပုဆိုး ၊ ကော်ဇောခင်းပေးပါ။ နေအိမ်အတွင်း ခြ ၊ တောင်ပို.ရှိနေလျှင်လည်း အရောင်းအဝယ်ပျက်သည်များ ရှိပါသည်။ မိမိနေအိမ်မျက်နှာစာသည် တခြားအိမ်၏ နောက်ဖေးဘက်ကျနေလျှင် ရောင်းလျှင် လူကြိုက်နည်းသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ပိုင်ရှင် အငှားထံမှ ဝယ်ယူမိခြင်း မှတ်ပုံတင် ပြုလုပ်ချုပ်ဆိုရမည့် အိမ်၊ တိုက်ခန်း အငှားစာချုပ်များ အိမ်ခြံမြေတိုက်ခန်း အဝယ်မမှားစေဖို့ ၁ အိမ်၀ယ်ပြီး ငွေအကျေချေတော့မယ်ဆိုရင် Credit By : Win Ning Land Posted By : Aung Ko Oo (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ