By Sint Sint, Shweproperty.com
Updated at 26 September 2020
မြေအမျိုးအစားတွေက လယ်မြေ(R,M,S)ယာမြေ(Y), ကိုင်းမြေ(K)၊ ဥယျာဉ်မြေ(G)၊ဓနိမြေ(D)၊အခြားမြေ(OA)ဆိုပြီးရှိပါတယ်၊3B ဆိုတာ လယ်ယာမြေမှာအကျုံးမဝင်တဲ့မြေမျိုးပါ၊လူနေထိုင်နေတဲ့မြေမျိုးဖြစ်ပါတယ်၊ဂရန်လျှောက်လို့ရပါတယ်၊လန(၃၀) လျှောက်လို့ရပါတယ်။
ရွာမြေ(သို့)မြို့မြေလားသိချင်ရင် ပုံစံ-၁၀၅ မြေမျိုးအတန်းမှာကြည့်ပါ။ ရွာမြေ(သို့) မြို့မြေလို့ဖော်ပြထားရင် ဂရန်လျှောက်လို့ရပါတယ်၊အရင်က ရွာ ကိုခြုံငုံပြီးမြို့မြေသတ်မှတ်ထားတာလည်းဖြစ်နိုင်ပါတယ်၊ ကောင်းတာကတော့ စည်ပင် မြို့ပြမြေယာမှာသေချာစုံစမ်းတာကောင်းပါတယ်။
မြေစာရင်းမှာရွာမြေဟုတ်/မဟုတ်မေးလိုက်တာနဲ့သိနိုင်ပါတယ်၊ ကိုယ့်ဘာသာလဲစိစစ်ကြည့်နိုင်ပါတယ် အဲ့ဒီမြေဟာ လူနေထိုင်လာတာရွာအဝန်းအဝိုင်းထဲမှာ လား၊ဘယ်လောက်ကြာပြီလဲ၊ ၁၉၅၃ ခုနှစ်ကျော်လောက်ကတည်းက ရွာအဖြစ်၊လူနေအိမ်အဖြစ်တည်ရှိနေပြီလား၊ ၁၉၅၃ခုနှစ်မတိုင်မီကတည်းက အစုအဖွဲှနဲ့ နေထိုင်လာတယ်ဆိုရင် ရွာမြေသေချာပါတယ်၊ ရွာမြေကို ဘာဖြစ်လို့ဂရန်လျှောက်မှာလဲ၊များသောအားဖြင့်တော့ ဂရန်ပေးလေ့မရှိပါဘူး၊ စီးပွားရေးအတွက် ဘဏ်တို့ဘာတို့မှာ ပေါင်ချင်လိုပတစ်ချို့တော့လျှောက်တာရှိဘူးတယ်၊ အဲ့ဒီအခါမျိုးမှာ တောဂရန်ဆိုပြီးပေးခဲ့ဘူးတယ်၊ များသောအားဖြင့်တော့ ရွာမြေကို အရပ်အရောင်းအဝယ်နဲ့ဘဲ အဆင့်ဆင့်ပိုင်ဆိုင်ကြတာများပါတယ်၊ ရွာမြေကိုရွာလူကြီးတွေကဘဲအုပ်ချုပ်စီမံကြတာပါဘဲ။
မှတ်စု-
လ/န = ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ။
ပုဒ် (၃၉)= ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ
ပုဒ်မ (၃၉)။
လယ်ယာမြေ အားလုံးကို စိုက်ပျိုးမှုသာ အသုံးချခွင့်ရှိပြီး အခြားနည်းဖြစ်သော ( လူနေအိမ်ဆောက်လုပ်ခြင်း၊ ငါးကန် တည်ခြင်း၊ မွေးမြူရေးခြံများ တည်ဆောက်ခြင်း၊ စက်ရုံအလုပ်ရုံများ တည်ဆောက်ခြင်း၊ အုတ်ကွင်းများ လုပ်ခြင်း ...စသည့် စိုက်ပျိုးမှုမဟုတ်သည့် လုပ်ကိုင်ခြင်း မှန်သမျှအတွက် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားရပါသည်။ ထိုသို့ လျှောက်ထားရာတွင် အသုံးပြုခွင့်ပေးသည့်အခွင့်အာဏာကို လယ်/နိုင် ဥပဒေ ပုဒ်မ (၃၉)တွင် သတ်မှတ် ပြဌာန်းထားသည်ဖြစ်ရာ ဤသည့်အချက်ကို စွဲ၍ လ/န(၃၉) ဟု အတိုကောက်အလွယ် ခေါ်ကြလေသည်။
ယခု အခါ လ/န ဥပဒေနှင့်အပါအဝင် ဆက်စပ်သော ဥပဒေများကို ၂၀၁၁-၁၂ခုနှစ်တွင် လယ်ယာမြေ ဥပဒေသစ်ဖြင့် ပါယ်ဖျက်ပြီး ဖြစ်သောကြောင့် အဆိုပါ အခြားနည်း သုံးခြင်းနှင့် ပတ်သက်သောအချက်ကို ပုဒ်မ (၃၀-ခ) တွင် ပြဌာန်းထားသည်။
ခွင့်ပြုချက်ပေးနိုင်သော အာဏာပိုင်မှာ -လယ်မြေမျိုးအတွက် - ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့။အခြား မြေမျိုးအတွက်- တိုင်း/ပြည်နယ် အစိုးရအဖွဲ့။
''ဂရန်ဆိုတာ မြေငှားစာချုပ်ဖြစ်ပြီး ဘိုးဘပိုင်မြေဆိုင်တာ မြေပိုင်ဆိုင်မှုတစ်မျိုးလို့''
အခု အဲဒီအဖြေကို ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင် လေ့လာသိမြင်မိသလောက် ပြန်ပြီး မျှဝေပါတယ်
မြို့မြေအမျိုးအစားတွေကတော့
၁။ အငှားဂရန်
၂။ အခွန်လွတ်ဂရန်
၃။ လိုင်စင်
၄။ ပါမစ်ရမြေ
၅။ ဘိုးဘပိုင်မြေ ( ဟုတ်ကဲ့ ဘိုးဘွားပိုင်မဟုတ်ပါ၊ ဘိုးဘပိုင်မြေပါ)
၆။ လက်ဝယ်ထားရှိပိုင်ခွင့်မြေ
ကော်လ္လိတော်အရာရှိမှ အစိုးရမြေပေါ်တွင် နေထိုင်မှု(သို့) စက်မှုလက်မှုလုပ်ငန်းအကျိုးငှာ အသုံးပြုနိုင်ရန်အတွက် အငှားချထားပေးတဲ့ မြေငှားစာချုပ်ဖြစ်ပါတယ်။အငှားသက်တမ်းမှာ တစ်ကြိမ်လျှင် နှစ်(၃၀)မှ နှစ်(၉၀)အထိ၊ တည်မြဲမှုမရှိသေးသည့်အဆောက်အဦးအတွက် (၁၀)နှစ်မှ (၁၅)နှစ်အထိ ခွင့်ပြုပေးပါတယ်။
(သက်တမ်းကုန်ဆုံးလျှင် သက်တမ်းတိုးဆောင်ရွက်ရပါတယ်။)
လူမှုရေး၊ ဘာသာရေးနှင့် အထူးကိစ္စရပ်များအတွက်သာ ပြည်ထဲရေးဝန်ကြီးဌာနမှဥပဒေနှင့်အညီ ခွင့်ပြုပါတယ်။( အခွန်လွတ်သာသနာမြေလျှောက်တာတို့ ဘာတို့ ကြားဖူး၊ သိဖူးကြမယ်ထင်ပါတယ်။)
အငှားဂရန်ချထားပေးရန် သင့်လျော်မှုမရှိသေးသော အခြေအနေတွင် လူနေထိုင်ရန်အတွက်ဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းအတွက်ဖြစ်စေ၊ ယာယီအဆောက်အဦအတွက်ဖြစ်စေ လိုင်စင်ဖြင့် ထုတ်ပေးသည့်နေ့မှ (၃)နှစ် အသုံးပြုခွင့်ပေးထားခြင်းဖြစ်ပါတယ်။
မြို့ကွက်သစ်များဖော်ထုတ်ဆောင်ရွက်ရာတွင် မြေကွက်သစ်ဖော်ထုတ်ပြီးနောက် လူနေထိုင် အသုံးပြုနိုင်ရန် ပါမစ်ခွင့်ပြုချက်ဖြင့် အာဏာပိုင်များ(သို့)မြို့မြေယာချထားရေးကော်မတီမှ မြေနေရာအသုံးပြုခွင့်ပေးထားခြင်းဖြစ်ပါတယ်။ (မြေငှာလိုင်စင်(သို့) အငှားဂရန် ထုတ်ယူနိုင်ခြင်းမရှိသေးသည့်မြေဖြစ်ပါတယ်။)
၅။ ဘိုးဘွားပိုင်မြေ
အထက်မြန်မာနိုင်ငံမြေနှင့်အခွန်စည်းမျဉ်းဥပဒေ စတင်အာဏာတည်သည့် ၁၈၈၉-ခုနှစ်၊ဇူလိုင်လ(၁၃)ရက်နေ့ မတိုင်မီ (၁၂)နှစ်အထက်မနည်း မြေကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်ဝယ်ဆက်လက်ထားရှိခွင့်ရတဲ့ မြေများဖြစ်ပါတယ်။
မြေပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်တွေ အပြည့်အဝရှိပေမယ့် (၂)ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင်မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။
အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ စတင်အာဏာတည်သည့် ၁၈၉၉-ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မတိုင်မီ (၁၂)နှစ် အထက်မနည်း မြေကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက်ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်ဝယ်ထားရှိရတဲ့မြေဖြစ်ပါတယ်။ ဘိုးဘပိုင်မြေလိုပဲ(၂)ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင်မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ
ပါမစ်မြေ အကြောင်းသိကောင်းစရာ
မြေကိုအရပ်ကတိစာချုပ်နဲ. အရောင်းအဝယ်တွေလုပ်တာ ဥပဒေအရတရားဝင်ပါသလား
လယ်ယာမြေကို အရောင်းအဝယ်လုပ်ရာမှာ တရားဝင်ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ သိလိုပါတယ်
Ref : မြေဘက်ဆိုင်ရာ စကားဝိုင်း
Photo Credit : Agrilife
Posted By : Witt Yee(ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ