French Country House Style အိမ်ဒီဇိုင်းကတော့ ၁၈ ရာစုကတည်းက အမေရိကန်မှာ တွေ့ရများတဲ့ အိမ်ပုံစံတွေဖြစ်ပါတယ်။ ပြင်သစ်စတိုင်လ်အဆောက်အဦးတွေက (၁၈၀၃) ခုနှစ်က သမ္မတ Thomas Jefferson ဝယ်ယူခဲ့တဲ့ အိမ်ကနေ အစပြုလို့ နောက်ပိုင်းမှာ နာမည်ကြီးလာခဲ့တာပါ။ New Orleans နဲ့ တခြားဒေသတွေမှာလည်း French Country House Style အိမ်တွေဟာ ခေတ်စားခဲ့ပါတယ်။ French Country House Style အိမ်တွေဟာ များသောအားဖြင့် တစ်ထပ်တိုက်လေးတွေဖြစ်ပြီး ပြတင်းပေါက်တွေကလည်း shutter ပုံစံအဖွင့်အပိတ်နဲ့ ခပ်ရှည်ရှည် ခပ်ကျဉ်းကျဉ်းလေးတွေပါ။ ခေါင်မိုးတွေကိုလည်း ထိပ်ချွန်ပုံစံခေါင်မိုးတွေအဖြစ် တည်ဆောက်ထားပြီး နံရံတွေဟာလည်း ရေစိုခံ၊အအေးခံ၊အပူခံတဲ့ ဆေးသားမျိုးနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ French Country House Style အိမ်တွေမှာ သဘာဝရှုခင်းတွေနဲ့ လှပတင့်တယ်နေတဲ့ဆင်ဝင်လမ်းမျိုးလည်း မကြာခဏ ထည့်သွင်းတည်ဆောက်လေ့ရှိပါတယ်။