By Sint Sint, Shweproperty.com
Updated at 28 December 2020
အခုနှစ်အတွင်းမှာ အကြီးစားစက်မှုစီမံကိန်းတွေကို ရန်ကုန်တိုင်းဒေသကြီးမှာ အကောင်ဖော်လျက်ရှိနေပါတယ်။ ယင်းအကြီးစားစီမံကိန်းများမှာ မြို့ပြဖွံ့ဖြိုးမှုအတွက်ဇောင်းပေးထားသော လုပ်ငန်းများပင်ဖြစ်သည်။မြန်မာနိုင်ငံ၏ တစ်ခုတည်းသောစက်မှုလုပ်ငန်းဥယျာဉ်သည် ယခုအခါ ဂျပန်နိုင်ငံမှ ဦးဆောင်ပြီး ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ သီလဝါအထူးစီးပွားရေးဇုန်ဖြစ်သည်။ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော အသုံးအဆောင်များနှင့်အခြေခံအဆောက်အအုံများဖြင့် အဆောက်အအုံများတည်ဆောက်ခြင်းအားဖြင့် နိုင်ငံခြားထုတ်လုပ်သူများ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် အစပြုကြလိမ့်မည်ဟု အစိုးရအနေဖြင့် မျှော်လင့်ထားပါတယ်။ထိုင်းကုမ္ပဏီ Amata သည် စက်မှုမြို့တော်တစ်ခုကို အကောင်အထည်ဖော်သွားပြီးဖြစ်ပြီး Yangon Amata Smart and Eco City စီမံကိန်း စတင်ရန် ပန္နက်တင်ခဲ့ပြီးဖြစ်သည်။ စင်ကာပူမှ Sembcorp Industries သည် စင်ကာပူအစိုးရနှင့် ပတ်သက်သော လုပ်ငန်းစုကြီး ဖြစ်ပြီး ရန်ကုန်အနီးတစ်ဝိုက်တွင် စက်မှုဥယျာဉ်တစ်ခု ထူထောင်မည် ဖြစ်သည်။အဆိုပါ ချမှတ်ထားသည့် အစီအစဉ်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့လျှင် အဆိုပါစီမံကိန်းကြီး ၃ ခုစလုံးသည် လာမည့် နှစ်အနည်းငယ်အတွင်း ပြီးစီးမည်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားကြပါတယ်။ KMIC တောင်ကိုရီးယား အစိုးရသည် Economic Development Cooperation Fund အမည်ဖြင့် ၁၉၈၇ ခုနှစ်တွင် ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရန် သုံးစွဲသည်။ ထိုရန်ပုံငွေထံမှ ချေးငွေကို KMIC အား ထုတ်ချေးပေးပြီး ဘဏ္ဍာရေး ထောက်ပံ့မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းထံမှ ဓာတ်အားလိုင်း သွယ်တန်းခြင်း၊ ရေသွယ်တန်းခြင်းတို့အတွက် သုံးစွဲမည်။ထို့အပြင် လက်ရှိ နှစ်လမ်းသွားလမ်းကို လေးလမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင်တင်တိုးချဲ့ရန်အတွက်လည်း သုံးစွဲမည်ဖြစ်ကာ ထိုလမ်းမကြီးသည် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးကို ချိတ်ဆက်မှာဖြစ်တယ်လို့ သိရပါတယ်။ KMIC မှ ပေးသွင်းရသော မြေငှားရမ်းခသည် သီလဝါ အထူးစီးပွားရေးဇုန်ထက် သက်သာသည်။ တစ်မီတာစတုရန်းကို အမေရိကန်ဒေါ်လာ ၆၉.၃၀ မှ ၇၅.၆၀ အတွင်း ကျသင့်ပြီး နှစ်ပေါင်း ၅၀ အတွက် ဖြစ်သည်။ သီလဝါမြေငှားရမ်းခမှာ ၂၁၀၈ ခုနှစ်တွင် တစ်မီတာစတုရန်းကို အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင် ကျသင့်သည်။ သီလဝါ နှင့် အခြားစက်မှုဇုန် စီမံကိန်းများ ရှိနေနှင့်ခြင်းအတွက် KMICအနေဖြင့် ပူပန်ဖို့ မလိုချေ။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အလားအလာများသည် ကြီးမားသည်ဟု KMIC Development မှ ညွန်ကြားရေးမှူးချုပ် Lee Jung Wook က မှတ်ချက်ပြုသည်။ KMIC ၏ မြေနေရာသည် သီလဝါထက် အချိတ်အဆက် ပိုကောင်းသည်ဟု သူက သုံးသပ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ချိတ်ဆက်ထားသဖြင့် မြို့ကြီးနှစ်မြို့စလုံးနှင့် အချိတ်အဆက်ရှိပါတယ်။ ထုတ်ကုန်များကို အခြားမြို့များသို့ တင်ပို့ဖြန့်ဖြူးရန် နေရာကောင်းတစ်ခုဖြစ်ပြီး သီလဝါစက်မှုဇုန်ထက် သာသွားနိုင်ပါတယ်။ မြန်မာ ဂျပန် သီလဝါ ဖွံ့ဖြိုးရေး Myanmar Japan Thilawa Development သည် သီလဝါ အထူးစီးပွားရေးဇုန်ကို စီမံပေးနေပြီး Japan International Cooperation Agency နှင့် ဂျပန်လုပ်ငန်းများက ၄၉% ပိုင်ဆိုင်သည်။ ၅၈၃ ဟက်တာကို အကောင်အထည်ဖော်ခဲ့ပြီးပြီ ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ၄၆ ဟက်တာ ထပ်မံတိုးချဲ့မည် ဖြစ်သည်။ Yangon Amata Smart နှင့် Eco City စီမံကိန်း ဟက်တာ ၈၀၀ ကျယ်ဝန်းသည့် Yangon Amata Smart နှင့် Eco City စီမံကိန်းအတွက် ကြိုတင်ပြင်ဆင်မှုမျာ းပြုလုပ်နေဆဲဖြစ်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့်သူများ မကြာခင် အလုပ်စတင်နိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။စီမံကိန်းတွင် အစိုးရက ၂၀ % ပါဝင်ပြီး Amata က ၈၀ % ပါဝင်ကြောင်း သိရပါတယ်။ ပထမအဆင့်တွင် ၈၀ ဟက်တာကို အကောင်အထည်ဖော်မည် ဖြစ်ပြီး ဟက်တာ ၄၀ ကို ယခုအခါ လုပ်ကိုင်နေပြီဖြစ်သည်။ မြေငှားရမ်းခမှာ နှစ် ၅၀ အတွက် တစ်စတုရန်းမီတာ အမေရိကန်ဒေါ်လာ ၇၅ ဖြစ်ပါတယ်။ စက်မှုဥယျာဉ် ဆောက်လုပ်ရေးအတွက် ဒေါ်လာ ၂၇၄ သန်းကုန်ကျမည်ဟု ခန့်မှန်းထားသည်။ စက်မှုဥယျာဉ်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံကို အစိုးရပိုင် ထိုင်းစွမ်းအင် မဟာကုမ္ပဏီကြီး PTT နှင့် အတူတကွ တည်ဆောက်ရန် ဦးစားပေးအဖြစ် အကောင်အထည်ဖော်မည်ဖြစ်ပြီး Amata အနေဖြင့် စုစုပေါင်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိ ရှိမှာလည်း ဖြစ်ပါတယ်။ Sembcorp စီမံကိန်း ၄၃၆ ဟက်တာတွင် အကောင်အထည်ဖော်မည့် Sembcorp စီမံကိန်းအတွက် ဒေါ်လာသန်း ၂၃၀ ကုန်ကျမည်ဟု ခန့်မှန်းရသော်လည်း ယင်းစီမံကိန်း စတင်မည့်ရက်ကို ကြေညာခြင်းမရှိသေးပါ။ဗီယက်နမ်နိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စက်မှုဥယျာဉ်များ တည်ဆောက်နေသော Sembcorp သည် စီမံကိန်းတွင် ၆၇ % ပိုင်ဆိုင်သည်။ မြန်မာနိုင်ငံတွင် အကြီးဆုံး လူသုံးကုန်နှင့် စားသောက်ကုန်ဆိုင်ရာ လုပ်ငန်း City Holdings လက်အောက်ရှိ လက်ကားအရောင်းလုပ်ငန်းကြီး Pahtama Group က ၁၈ % ပိုင်ဆိုင်ပြီး Myanmar Agribusiness က ၁၅ % ပိုင်ဆိုင်တယ်လို့သိရပါတယ်။ နောက်ဆုံးရ သတင်းများ ရန်ကုန်မြို့က နိုင်ငံပိုင်အဆောက်အအုံတွေက စီးပွားဖြစ်ရဲ့လား လမ်းသစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း ဝင်ငွေနည်းပြည်သူများအတွက် ကျန်စစ်မင်းအိမ်ရာစီမံကိန်းမှ တန်ဖိုးနည်းတိုက်ခန်းများရောင်းမည် ပြည်တော်သစ်ပြည်သူ့အိမ်ရာ အထပ်မြင့်အဆောက်အဦး Photo Credit : moi.gov Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ