By BETV Myanmar, Shweproperty.com
Updated at 1 March 2019
ရန်ကုန်မြို့သစ်စီမံကိန်းဆောင်ရွက်မည့် မြေနေရာသည် အခွန်ကင်းလွတ်ခွင့် (၅)နှစ် ရရှိနိုင်သည့် ဇုန်ထဲတွင်ရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။
သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်သတ်မှတ်ထားသည့် ကဏ္ဍများ ရန်ုကုန်မြို့သစ်တွင်ပါဝင်မှသာ အခွန်ကင်းလွတ်ခွင့်ကို ရရှိမည်ဖြစ်သည်ဟု သိရသည်။
“ရန်ကုန်တိုင်းမှာလုပ်မယ့် မြို့သစ်ကတော့ ကျွန်တော်သိသလောက်က ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ ဟိုဘက်က မြို့နယ်က ဇုန်(၂) ထဲမှာ ပါပါတယ်။ ဇုန်(၂) မှာ ပါတာဖြစ်တဲ့အတွက် လုပ်မယ့်လုပ်ငန်းတွေသည် သတ်မှတ်ထားတဲ့ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မယ့်ကဏ္ဍထဲမှာလည်း ပါဝင်တယ်ဆိုရင် (၅)နှစ် အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မယ့် ကဏ္ဍထဲမှာမပါရင်တော့ အခွန်ကင်းလွတ်ခွင့်မရပါဘူး” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်အရ အခွန်ကင်းလွတ်ခွင့်ကို တိုင်းပြည်အတွက်အကျိုးရှိစေနိုင်မည့် လုပ်ငန်းများကိုသာပေးအပ်သွားမည်ဖြစ်ပြီး ဇုန် (၁) (၂) (၃) (၄) အဖြစ် ခွဲခြားထားကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင်လည်း မြို့သစ်စီမံကိန်းနှင့်ပတ်သတ်သည့် ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ မရောက်ရှိသေးကြောင်း သိရသည်။
ရန်ကုန်မြို့အနောက်ဘက်ကမ်းတွင် ဆောင်ရွက်မည့် ရန်ကုန်မြို့သစ်စီမံကိန်း၏ ပထမအဆင့်တွင် မြေဧရိယာစုစုပေါင်း (၉၀) ဧက ပါဝင်နေပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် NYDC တို့ ပူးပေါင်းလုပ်ဆောင်မည့် Joint-Venture Company (JV)မှ မြေဧရိယာစုစုပေါင်း (၂၈) စတုရန်းကီလိုမီတာ ရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) မှ ဖေဖော်ဝါရီ (၂၆) ရက်နေ့၌ ထုတ်ပြန်ထားသည်။
အဆိုပါ (၂၈) စတုရန်းကီလိုမီတာတွင် စက်မှုဇုန်ဧရိယာ၊ စီးပွားရေးနှင့် လူနေထိုင်မှုဧရိယာ အပါအဝင် ရေသန့် စင်စက်ရုံ၊ ရေဆိုးသန့်စင်စက်ရုံ စသည့် အများပြည်သူနှင့် သက်ဆိုင်သည့် မြို့တော်စည်ပင်လုပ်ငန်းများ အတွက် အသုံးပြုရန် လိုအပ်သည့် မြေများ ပါဝင်မည်ဖြစ်သည်။
Ref : BETV Myanmar
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ