By The Modern, Shweproperty.com
Updated at 9 May 2016
အိမ်ခြံမြေရင်းနှီးမြုပ်နှံဖို့ မြို့တွင်းနေရာတွေမှာ အခွင့်အလမ်းသိပ်မရှိတာကြောင့် ကြိုတင်ပြီးရင်းနှီးမြုပ်နှံ သင့်တဲ့နေရာ ၊ပြည်ပဈေးကွက်နဲ့ ချတ်ဆက်တဲ့ နေရာတွေမှာ ရင်းနှီးမြုပ်နှံသင့်တယ်လို့ သိရပါတယ်။
ကြိုတင်ပြီး ရင်းနှီးမြုပ်နှံသင့်တဲ့ နေရာတွေကတော့ အာဆီယံ လမ်းမကြီးတွေရဲ့လမ်းကြောင်းတစ်ဖက်တစ်ချက် နေရာတွေနဲ့ မြို့သစ်ချဲ့ ထွင်ထားမယ့် စီမံကိန်းနေရာတွေဖြစ်တယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က "အများစုကအစိုးရအပြောင်းအလဲကို မျှော်လင့်နေကြတယ် ၊ပြောင်းလဲပေမဲ့ လှုပ်ခတ်နိုင်လောက်တဲ့ အခြေအနေမရှိဘူး။အိမ်ခြံမြေမှာပဲ ရင်နှီးမြုပ်နှံ မယ့်သူတွေအနေနဲ့ ရှေ့ကိုကြိုတင်ပြီး အလားအလာကောင်းမယ့်နေရာတွေမှာ ရင်းနှီးမြုပ်နှံဖို့ စဉ်းစားတာပဲကောင်းမယ်" လို့ ပြောပါတယ်။
ပြည်တွင်းရင်းနှီးမှုတွေအကျိုးရှိနိုင်မယ့် နေရာတွေကတော့ အာဆီယံလမ်းတွေဖြစ်တဲ့ လားရှိုးလမ်းမ၊ အိန္ဒိယနဲ့ မြန်မာလမ်းမကြီးတွေ စတဲ့ စီးပွားရေးဖြစ်လာနိုင်တဲ့ ဧရိယာတွေဖြစ်ပါတယ်။ပဲခူးနဲ့ ရန်ကုန်သွားလာရာလမ်းမတန်းတွေ မြို့နယ်တွေ(လှည်းကူး၊မှော်ဘီ)မှာလည်း ဝယ်ပြီးရင်းနှီးမြုပ်နှံသူတွေ ရှိနေပြီလို့ အကျိုးဆောင်တချို့ကပြောပါတယ်။
ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက" မြို့တွင်းနဲ့ ချိတ်ဆက်နေတဲ့ မြို့နယ်တွေမှာပဲ မှီပြီးလုပ်မယ်ဆိုတာမျိုးတော့ ခက်ခဲမယ်၊ အခုထိတောင်ဈေးကွက် က အေးနေတုန်းပဲ အားလုံးကကောင်းနိုးဈေး ကွက်ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပဲ နေကြတာ၊ အဝယ်ကတော့ ပျောက်နေသေးတယ်" လို့ ပြောပါတယ်။
ရင်းနှီးမြုပ်နှံဖို့ ရွေးချယ်ရာမှာ ဖွံ့ဖြိုးပြီးသားနေရာတွေမှာ ဈေးသက်သာနေပြီး မဖွံ့ဖြိုးသေးပေမဲ့ မြေဈေးထောင်ချီနေတဲ့ နေရာတွေမှာ ရင်းနှီးမြုပ်နှံမယ်ဆို သေချာရွေးချယ်သင့်တယ်လို့ သိရပါတယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က "မဖြစ်သင့်တဲ့ ဈေးနဲ့ဝယ်ပြီးမြုပ်နှံမိရင် မှန်လား၊ မှားလားအဖြေထွက်လာမှာပါ၊ရှေ့မှာ သာဓကတွေ အများကြီးရှိနေတာပဲဒလတို့ ရန်ကုန်မြို့သစ်စီမံကိန်းနေ ရာတွေမှာ ဖြစ်ခဲ့တာတွေကို ရေရှည်ရင်းနှီးမဲ့ သူတွေဆိုရင်တော့ အဆင်ပြေနိုင်ပေမဲ့ ပဲခူးဘက် လိုနေရာတွေ၊ မိန်းလမ်းမကြီးတွေ ကုန်သွယ်ရေး (ကုန်းတွင်းဆိပ်)ဒီလိုနေရာတွေကတော့ ရေရှည်ကောင်းတယ်" လို့ သုံးသပ်ပြပါတယ်။
Ref : The Modern
Photo Credit : lonesome
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ