By The Voice Weekly, Shweproperty.com
Updated at 13 June 2013
ဝင်ငွေနည်းသူများကို အရစ်ကျ ရောင်းချရန် လှိုင်သာယာမြို့နယ်တွင် အကောင်အထည်ဖော်မည့် တန်ဖိုးသင့် အိမ်ရာများရှိ တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ ကျော်ဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြား သည်။
အဆိုပါ အိမ်ရာများတွင် အခန်း တစ်ခန်းချင်းအလိုက် ဆောက်လုပ်ရေး ပစ္စည်း စရိတ်များ ဈေးနှုန်း မြင့်မားခြင်း၊ သောက်သုံးရေ ရရှိရေးနှင့် လျှပ်စစ်မီး ရရှိရန်တို့ကို ဆောင်ရွက်ရခြင်းတို့ကြောင့် အခန်းဈေးနှုန်း ကျပ်သိန်း တစ်ရာကျော်နိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုးနည်း တိုက်ခန်း တစ်ခန်း လျှင် ဆောက်လုပ်ရေး အလုပ်သမားခ သိန်း ၃၀နှင့် ကိုယ်ပိုင်ဓာတ်အား ခွဲရုံအတွက် ကျပ်သိန်းတစ်သောင်း ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
"သိန်းတစ်ရာ အောက်ချ ရောင်းနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သေးဘူး။ တန်ဖိုး နည်း အိမ်ရာအတွက်ဆိုပြီး ဆောက်လုပ်ရေး ပစ္စည်းဈေးနှုန်း က လျှော့ရောင်းတာမဟုတ်ဘူး" ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အရစ်ကျ ရောင်းချမည့် အိမ်ရာများကို ၂၅ ထပ် အဆောက်အအုံများအဖြစ် တည်ဆောက်မည်ဖြစ်ပြီး အခန်း အရေအတွက်ကို ထုတ်ဖော် ပြောကြားခြင်း မရှိကြောင်း၊ တန်ဖိုးနည်း တိုက်ခန်းများ ရေနှင့် လျှပ်စစ်မီး ရရှိရေးအတွက် ကုန်ကျစရိတ်များကို တိုက်ခန်းရောင်းမည့် တန်ဖိုးတွင် မထည့်သွင်းဘဲ အစိုးရ၏ အသုံးစရိတ်မှ ကျခံပေးရန် မူအားဖြင့် သဘောတူထားကြောင်း အဆိုပါ ဌာနထံံမှ သိရှိရသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ