လက်ရှိအနေအထားတွင် ပုသိမ်မြို့မှာ အရည်အသွေးကောင်းတဲ့ အိမ်ရာစီမံကိန်းတွေလည်း မတွေ့ရှိရသေးတာကြောင့် လူနေမှုအဆင့်အတန်းမြင့်မားရုံတင်မက ရင်းနှီးမြှုပ်နှံသူများပါ ရရှိစေရန် ရည်ရွယ်ကာ တည်ဆောက်ထားခြင်းဖြစ်သည်ဟု Ayeyarwaddy Development Public အများပိုင် ကုမ္ပဏီလီမိတက်၏ Deputy Chief Executive Officer ဦးကြည်သာထွန်းက ဆိုထားသည်။
 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် “မြို့ပြအင်္ဂါရပ်နှင့်အညီ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အိမ်ရာစီမံကိန်းတွေကို ဆောက်လုပ်ရန် ထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။





လက်ရှိတွင် စီမံကိန်း အပိုင်း ၁ ဆောက်လုပ်မှုအခြေအနေမှာ ပြီးစီးလုနီးပါးဖြစ်နေပြီး အပိုင်း ၂ ကို ဆက်လက်အကောင်အထည် တည်ဆောက်သွားမည်ဖြစ်ပါသည်။ စီမံကိန်းအပိုင်း ၁ ကို အကျယ်အဝန်း ဧက ၁၂၀၀ ရှိသော မြေပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး  ပြည်တွင်းလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံထားသော နှစ်တို နှစ်ရှည် အလုပ်ရုံများ၊ ငှားရမ်းလုပ်ကိုင်နိုင်သည့် စက်ရုံများအပြင် နိုင်ငံတကာ သင်္ဘော ကြီးများ လာရောက်ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းပါ ပါဝင်မည်ဟု သိရသည်။

 
အဆိုပါ စီမံကိန်း အပိုင်း ၁ ရှိ စက်ရုံ၊ အလုပ်ရုံများအနက် အထည်ချုပ်စက်ရုံ ၄ ရုံမှာ စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း နှင့် ယခုနှစ်အတွင်း အပိုင်း ၂ ကိုလည်း စတင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု သိရသည်။ 

 
နောက်ဆုံးရ သတင်းများ


ရန်ကုန်မြို့သစ် တွံတေး R1 မှ TIMES 108 PROJECT သည် အာဆီယံမှာပါ စံချိန်ချိုးမည့် အလားအလာရှိ


STAR CITY အိမ်ရာဝင်းအတွင်းရှိ ဒုတိယမြောက် CITY LOFT အိမ်ရာ ရောင်းချရာတွင် ပထမအကြိမ်ကထက် ရောင်းအားတက်လျက်ရှိ


COVID 19 ရိုက်ခတ်မှုအပြီး မြန်မာ့အိမ်ခြံမြေစျေးကွက်သည် DIGITAL MARKETING ဖြင့် ရောင်းဝယ်မှုပုံစံဘက်သို့ ပိုမိုဦးတည်နိုင်ဖွယ်ရှိ


မေမြို့ အကွက်ချမြေများဝယ်ယူရာတွင် သေချာစုံစမ်းစစ်ဆေးရန်လိုကြောင်း ပြင်ဦးလွင်လွှတ်တော်အမတ်ကိုယ်တိုင် ပြောကြား


Posted By : Sint Sint (ShweProperty.com)