By Myanmar Property Journal, Shweproperty.com
Updated at 23 July 2013
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ ဝန်ဆောင်ခ နှုန်းထားများကို တစ်ပြေးညီ ရယူရန် သတ်မှတ်မည်ဖြစ်ကြောင်း ‘မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း’မှ သတင်းရရှိသည်။
အဆိုပါစနစ် သတ်မှတ်ရခြင်းမှာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ဝန်ဆောင်ခနှုန်းများအတိုင်း တိကျစွာ ရယူခြင်းဖြင့် ရင်းနှီးမြှုပ်နှံလိုသော လုပ်ငန်းရှင်များနှင့် အကျိုးဆောင်များအကြား ယုံကြည်မှုရရှိစေမည့်အပြင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ ရှိသင့်သည်ထက် ပိုမိုဈေးခေါ်ခြင်းများကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဝန်ဆောင်ခတွေကို တစ်ပြေး ညီ သတ်မှတ်ဖို့အတွက် အသင်းဝင်တွေကို အကြောင်းကြားပြီးပါပြီ၊ ရောင်းသူ၊ ဝယ်သူတွေကြားမှာလည်း ဝန်ဆောင်ခကို အထူးပြောစရာမလိုတော့ဘူးပေါ့၊ သတ်မှတ်ထားတဲ့အတိုင်း ပေးရုံပါပဲ”ဟု ‘အိမ်၊ ခြံ၊ မြေ ဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်း’မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကျိုးဆောင်များ၏ ဝန်ဆောင်ခနှုန်းများကို တစ်ပြေးညီ သတ်မှတ်ရာတွင် လုံးချင်း အိမ်၊ မြေ၊ တိုက်ခန်း စသည်တို့ကို အရောင်းအဝယ် တန်ဖိုး ကျပ်သိန်းတစ်ရာ ဖြစ်ပါက ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ရာနှင့် အထက် ဖြစ်ပါက ၂ ရာခိုင်နှုန်းတို့ ကို ရောင်းချလိုသူဘက်မှ အကျိုးဆောင်ခ ပေးချေရမည်ဖြစ်ကြောင်း၊ အငှားစာချုပ် ချုပ်ဆိုရာတွင် နှစ်ချုပ် အိမ်ငှားမည်ဆိုပါက အိမ်ငှားခ၏ တစ်လစာ၊ အငှားစပေါ်ငွေဖြင့် ဆိုပါက စပေါ်ငွေတန်ဖိုး၏ ၃ ရာခိုင်နှုန်း နှင့် အိမ်ငှားခ တစ်လစာတို့ကို အကျိုးဆောင်ခအဖြစ် ကျသင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ