By The Kumudra, Shweproperty.com
Updated at 26 April 2016
အိမ်ခြံမြေ အငှါးဈေးကွက် စိတ်ဝင်စားမှုများနေတာကြောင့် ဈေးကွက်အတွင်း အငှါးခနဲ့ပတ်သတ်ပြီး အကျိုးဆောင်တစ်ချို့ ပွဲညွန့်တင်ပြီး ငှါးရမ်းတာတွေ ရှိနေတယ်လို့ အကျိုးဆောင်တစ်ချို့ထံက သိရပါတယ်။
ပွဲညွန့်တင်တာက အရင်က အရောင်းအဝယ်အရမ်းကောင်းချိန်တွေလောကမှာ စရန်ချပြီး အကျိုးဆောင်က ဈေးတင်ရိုက်ကြတာ၊ အခုကျတော့ အငှါးမှာပဲ အလုပ်ဖြစ်တော့ ပိုင်ရှင်က ခေါ်တဲ့ ဈေးထက်တင်ပြီး ငှါးလာကြတာ လိုက သုခအကျိုးဆောင်က ကိုအောင်ပိုင်က ပြောပါတယ်။
ပွဲညွန့်တင်တယ်ဆိုတာ တကယ်ပေါက်တဲ့ ဈေးထက် ဈေးသက်သာတဲ့ အငှါးအိမ်တွေကို ဈေးနှုန်းမြှှုင့်ပြီး အကျိုးဆောင်က အကျိုးမြတ်ယူတဲ့ သဘောပဲ ဖြစ်ပါတယ်။ သည်လို ဈေးတင်ရိုက်တာတွေကို တစ်ချို့ အိမ်ရှင်က လက်ခံတာတွေ ရှိပေမဲ့ တစ်ချို့ နေရာတွေမှာတော့ အကျိုးဆောင်က တင်ထားတဲ့ ဈေးနှုန်းကို ပိုင်ရှင် နဲ့ အချိုးတူခွဲယူတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
အများစုက နှစ်ချုပ်အငှါးတွေကို ဈေးတင်ကြပြီး ဈေးနှုန်းကိုလည်းသောင်းဂဏန်းဝန်းကျင်လောက်ကနေ သိန်းချီအထိ လအလိုက် ပြောင်းလဲ သတ်မှတ်ကြတယ်လို့ သိရပါတယ်။ တစ်ချို့ ပွဲစားတွေကျတော့ အငှါးစအပ်ကတည်းက ပွဲညွန့်တင်မယ်အကြောင်းပြောပြီး လုပ်တာတွေ ရှိသလို တချို့တွေကတော့လဲ ကိုယ်ဟာကိုတင်ပြီးတော့မှ အိမ်ရှင်ကိုတစ်ဝက်ခွဲပေးတာမျိုးတွေလဲ ရှိတယ်လို့ သုခအကျိုးဆောင်က ကိုအောင်ပိုင်ကပဲပြောပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ