By Yangon Media Group, Shweproperty.com
Updated at 9 February 2017
ရခိုင်ပြည်နယ် မြောက်ဦးလေယာဉ်ကွင်းအတွက်ရင်းနှီးမြှုပ်နှံချင်သူများကိုဖိတ် ခေါ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ကျော်ဇံက ဒီမိုကရေစီတူ ဒေးသို့ ဖေဖော်ဝါရီ ၆ ရက်က ပြောသည်။ မြောက်ဦးလေယာဉ်ကွင်းမှာ တည်ဆောက်မှုများလုပ်ဆောင်နေ သော်လည်း ပြည်နယ်ဘတ်ဂျက်ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ပြည် နယ်ရန်ပုံငွေဖြင့် တစ်နှစ်လျှင်၂ ဘီလီယံအသုံးပြုနိုင်မည်ဆိုပါက ဆယ်နှစ်ကျော် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဦးအောင်ကျော်ဇံက ''မြောက်ဦးလေယာဉ်ကွင်းက ဆောက်လက် စရှိပါတယ်။ လောလောဆယ်ဆောက် မယ့်ပုံစံလေးတွေကိုခဏပြောင်းတဲ့အခိုက်အတန့်လေးတွေမှာ ခဏရပ်ထားတာဖြစ်ပါတယ်။ အခုက ပြည်နယ်ဘတ်ဂျက်နဲ့ဆောက်နေတော့ နှစ်တွေအတော်ကြာမယ်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြော တာကတော့ ၂၆ ဘီလီယံလောက် ကုန်မယ်။ ပြည်နယ်ရန်ပုံငွေက တစ် နှစ်တစ်နှစ်ကို နှစ်ဘီလီယံလောက် သုံးမယ်ဆိုရင်လည်း ၁၃ နှစ်လောက် စောင့်ရမယ်။ ဒီထက်လည်း ပိုပြီးမပေးနိုင်ဘူး။ အခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေကလည်း အများကြီးရှိသေးတယ်။ ပြည်နယ်ရန်ပုံငွေနဲ့ မဆောက်တော့ဘဲ ရင်းနှီးမြှုပ်နှံသူ တွေ ဖိတ်ခေါ်ပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်''ဟု ၎င်းက ဆက်လက် ပြောသည်။ ရခိုင်ပြည်နယ်မြောက်ဦးတွင် တည်ဆောက်မည့်လေယာဉ်ကွင်း ပြီးစီးပါက ပြည်တွင်းပြည်ပမှခရီးသွား များအနေဖြင့် မြောက်ဦးမြို့နယ်ကို ယခုထက်ပိုမိုလာရောက်နိုင်ပြီး ဒေသခံများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိလာနိုင် ကြောင်း သိရသည်။
ဦးအောင်ကျော်ဇံက'''မြောက်ဦးကရှေးဟောင်းအမွေအနှစ်မြို့ တော်ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ တွေတစ်အားကောင်းပြီး သူ့ရဲ့သမိုင်း တွေရှိနေသေးတယ်။ သမိုင်းနဲ့ပတ် သက်တဲ့အဆောက်အအုံတွေရှိနေသေးတယ်။ ရှင်းရှင်းပြောရရင်တော့ နိုင်ငံခြားသားတွေစိတ်ဝင်စားတဲ့အတွက်တော့ ွှသကမျငာနဲ့ပတ်သက် တဲ့မြို့တစ်မြို့ဖြစ်ဖို့လုပ်ဆောင်သွား မှာပါ။ ွှသကမျငာ တွေလာမယ်ဆို ရင် စစ်တွေကို လေယာဉ်နဲ့လာ စစ် တွေကနေမှတစ်ဆင့် ကုန်းလမ်း၊ ရေ လမ်းသွားရတယ်။ သူတို့တိုက်ရိုက် သွားနိုင်မယ်ဆိုရင်ပိုပြီးတော့ စည် ကားလာနိုင်တယ်''ဟု ဆက်လက် ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး ရခိုင် ဒေသခံတစ်ဦးဖြစ်သူ ဒေါ်မြူမိုးခန့် က ''မြောက်ဦးကိုစိတ်ဝင်စားမယ့် နိုင်ငံခြားသားတွေအနေနဲ့ကား နဲ့လာမယ်ဆိုရင်အရမ်းဝေးတယ်။ လေယာဉ်နဲ့လာမယ်ဆိုရင်လည်း နှစ်ဆင့်သွားရတယ်။ အခုလိုမြောက်ဦးမှာ လေဆိပ်ဖြစ်သွားမယ်ဆိုရင် သွားရလာရလွယ်ကူသွားတာပေါ့''ဟု ပြောသည်။
Ref : Yangon Media Group
Photo Credit : asian food
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ