By Sint Sint, Shweproperty.com
Updated at 4 November 2020
ရာသီကာလ သုံးပါးထဲမှာ နွေဥတုရဲ့ အပူရှိန်ဟာ အပူပြင်းဆုံးဖြစ်ပါတယ်။ဒီလို ပူပြင်းတဲ့ရာသီမျိုးမှာ ရှေးခတ်က လူတွေဟာ အပူဒဏ်ကိုသက်သာစေဖို့ အရိပ်အာဝါသကောင်းတဲ့သစ်ပင်ကြီးတွေ၊ စိမ်းစိုတဲ့သဘာဝပတ်ဝန်းကျင်အရိပ်တွေကိုခိုကြပါတယ်။
တိုးတက်ထွန်းကားတဲ့ ခေတ်ကိုရောက်လာတော့ စိမ်းစိုတဲ့ သဘာဝအရိပ်အာဝါသတွေရှားပါးလာကာ လူတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေကိုဘဲ အမှီသဟဲပြုလာကြရပါတယ်။မိမိတို့တတ်နိုင်ရာ ပန်ကာ၊လေအေးပေးစက်နဲ့ အဲကွန်းအစရှိတာကိုတပ်ဆင်အသုံးပြုလာကြပါတယ်။
ရုံးတွေ၊ ကုမ္မဏီတွေ၊ သယ်ယူပို့ဆောင်နေတဲ့ခရီးသွားယာဉ်တွေ၊ စာသင်ခန်းတွေ ၊နေအိမ်တွေမှာ အဲကွန်းကို တပ်ဆင်ထားကြပြီး နွေရာသီမှာ မဟုတ်သလိုနေနိုင်ကြပါတယ်။ အပြင်မှာ နေဘယ်လောက်အပူပြင်းပြင်း လူတွေဟာ မိမိတို့ သက်ဆိုင်ရာ နယ်ပယ်တွေထဲမှာ အဲကွန်းလေးဖွင့်ပြီး အေးအေးစိမ့်စိမ့်လေးနဲ့ သက်သောင့်သက်သာ အလုပ်လုပ်နိုင်ကြပါတယ်။
အဲကွန်းရဲ့ အကျိုးကျေးဇူး
ဒီလို အဲကွန်းကို အသုံးပြုနိုင်ခြင်းဖြင့် လူတွေအတွက် အကျိုးကျေးဇူး ခံစားရရှိတာတွေရှိပါတယ်။အလွန်အမင်းပူပြင်းခြင်းဒဏ်ကြောင့် စိတ်နှလုံးမအီမသာဖြစ်တာတွေ မရှိတော့သလို ကိုယ်စိတ်နှစ်ပါး ရွှင်လန်းတက်ကြွစွာနဲ့ အလုပ်တွေကိုလုပ်နိုင်ကြပါတယ်။အဲကွန်းအေးစိမ့်စိမ့်လေးနဲ့ ချွေးထွက်ခြင်းတို့ မရှိတော့ကာ ချွေးထွက်ခြင်းကြောင့် အရည်ဓာတ်ဆုံးရှုံးမှုကိုလည်း လျော့ချနိုင်သွားပါတယ်။
အအေးဒဏ်ကြောင့် အခန်းထကဲ ပိုးမွှားတွေ ၊ ကပ်ပါးကောင်တွေကို လည်း အလိုအလျောက်မောင်းထုတ်ပြီးဖြစ်သွားစေပါတယ်။အပြင်ပအမှုံအမွှားတွေဝင်ရောက်မှုကြောင့် အရေပြားလွှာ ယားယံမှုတွေလည်းမဖြစ်တော့ကာ အသားအရေကို သန့်ရှင်းနေစေပါတယ်။
အဲကွန်းတပ်ဆင်မှုစနစ်ကောင်းမွန်ပြီး အသုံးပြုမှု၊ ထိန်းသိမ်းမှုတို့လည်းကောင်းမွန်ခဲ့ရင် လေထုသန့်ရှင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။ဒါပေမယ့် တစ်ချို့လူတွေဟာ အပူဒဏ်ကို ရှောင်တဲ့အနေနဲ့ ကားထဲမှာ ၊ အိမ်ထဲမှာ ၊ ရုံးခန်းထဲမှာ အဲကွန်းနဲ့ မပြတ်ထိတွေ့ပြီးနေတတ်ကြပါတယ်။ တစ်ချို့ဆိုရင် မီးပြတ်တာကြောင့်ဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ရာကြောင့် အဲကွန်းနဲ့ ခဏလေးဖြတ်တောက်ခံရရင် မချိမဆန့်ပင်ပန်းနွမ်းနယ်နေတာကို တွေ့ရပါတယ်။
ဒီအတွက် “ တန်ဆေးလွန်ဘေး ” ဆိုတဲ့စကားပုံလေး ကိုသတိရမိပါတယ်။ဒီစကားပုံလေးဟာ လူတွေအတွက်ဘယ်အရာကိုမဆို အလွန်အကျွံမဖြစ်စေဘဲ အတိုင်းအတာတစ်အနေနဲ့ သင့်တင့်မျတစွာ အသုံးပြု တတ်ရင် ဘေးဥပါဒ်ကင်းပြီး ကောင်းကျိုးဖြစ်ထွန်းစေတယ်ဆိုတာ ဆင်ခြင်စေလိုတယ်လို့ခံစားမိပါတယ်။တကယ်တော့ လူတွေနေ့စဉ် စားသောက်နေတဲ့ အစားအစာတွေ၊ အသုံးပြုနေတဲ့ ပစ္စည်းတွေ၊ လူသုံးကုန်တွေမှာ ကောင်းကျိုးရှိသလို ဘေးထွက် ဆိုးကျိုးဆိုတာလည်းရှိပါတယ်။ ဒါတွေကို သင့်တင့်မျတစွာအသုံးပြုတတ်ရင် ကောင်းကျိုးကို ခံစားရရှိနိုင်ပြီး ဆိုးကျိုးကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
တစ်ချို့လူတွေဟာ အဲကွန်းကို မပြတ်ထိတွေ့မှုနဲ့အတူ အဲကွန်း ရဲ့ အအေးဒဏ်ကို အလွန်အကျွံခံစားမိတတ်ကြတွေရှိပါတယ်။ အနောက်တိုင်းသုတေသနပညာရှင်တို့ ရဲ့လေ့လာဖော်ပြချက်အရ လူတွေဟာ အဲကွန်းကို အသုံးပြုတဲ့အခါ မိမိတို့ရဲ့ အခန်းအပူချိန်ကို အနည်းဆုံး 21-25 ံC ကြားမှာ ထားရှိသင့်တယ်လို့ သတိပေးဖော်ပြထားပါတယ်။ အအေးဒဏ်ကို ကြိုက်လွန်းတာကြောင့် အလွန်အကျွံသုံးမိကြတဲ့အခါ “တော်သင့်ရင်ဆေးဘက်ဝင်တယ်၊ လွန်ရင် ဘေးဖြစ်စေတယ်”ဆိုသလို အဲကွန်းရဲ့ ဆိုးကျိုးကို ခံစားရနိုင်ပါတယ်။
အဲကွန်းရဲ့ဆိုးကျိုး
အဲကွန်းကို အလွန်အကျွံ အဆက်မပြတ်အသုံးပြုခြင်းကြောင့် ကျန်းမာရေးနဲ့ဆက်စပ်ထိခိုက်နိုင်မှုတို့ကို Global News က အခုလို ဖော်ပြထားပါတယ်။
နှာခေါင်း၊ ပါးစပ်အတွင်းရှိ ချွဲ၊သလိပ် ၊နှပ်ရည်တွေထွက်တဲ့အမြှေးပါးကို ထိခိုက်ရောင်ရမ်းစေပြီး နှာမွန်ကာ အသက်ရှုရခက်ခဲမှုတို့ဖြစ်စေတတ်ပါတယ်။ အဆက်မပြတ်မောပန်းနွမ်းနယ်ခြင်း ၊ အအေးမိခြင်း တို့လည်းဖြစ်စေတတ်ပါတယ်။
အရေပြားလွှာအတွင်း အစိုဓာတ်တို့ခမ်းခြောက်ကာ အသားအရေခြောက်သွေ့မှုကိုဖြစ်စေတတ်ပါတယ်။သွေးပေါင်ချိန်ကျခြင်း၊ အဆစ်ရောင်ခြင်း၊ အာရုံကြောရောင်ရမ်းခြင်းတို့ဖြစ်စေတတ်ပါတယ်။
အပူဒဏ်ကို သည်းမခံနိုင်ခြင်းကြောင့် အဲကွန်းကို အဆက်အပြတ်ခံစားနေသူတွေဟာ အဲကွန်းမရှိတဲ့အပြင်ပတ်ဝန်းကျင်တစ်ခုခုကိုသွားရဖို့အရေးကို stress တစ်ခုအနေနဲ့ ခံစားရစေပါတယ်။
အသက်ရှုလမ်းကြောင်းနဲ့ပတ်သက်ပြီး ပြဿနာဖြစ်နိုင်ပါတယ်။ လူဝီစီးနီးယားပြည်နယ် ကဆေးပညာဌာန တစ်ခု ဟာ သူတို့ပြည်နယ်အတွင်းရှိ ကား ၂၅ စီးကို သုတေသနပြုလုပ်ခဲ့ကြပါတယ်။
အဲဒီအခါမှာ ၂၃ စီးသောကားတွေထဲမှာ အမှုံအမွှားမှိုအမျိုးအစား ၈ မျိုး ရှင်သန်နေကြတာကိုလေ့လာတွေ့ရှိကြပါတယ်။ဒီလို မှိုအမှုံအမွှားတွေဟာ အဲကွန်းရဲ့လေလမ်းကြောင်းထဲမှာ လည်ပတ်ပြီး လူတွေရှုရှိုက်လိုက်ရာအဆုတ်ထဲကိုရောက်ရှိသွားတတ်ကြပါတယ်။
ကားထဲမှာ အဲကွန်းကို ရေရှည်အသုံးပြုနေရသူတွေအနေနဲ့ အဆုတ်ရောဂါတွေဖြစ်ပွားနိုင်ချေများကြောင်း သုံးသပ်ပြောဆိုထားကြပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပွားနိုင်ပြီး အပြင်းဖျားနာတတ်ကြောင်းလည်း လေ့လာဖော်ပြထားပါတယ်။
အဲကွန်းခန်းအတွင်း လေလမ်းကြောင်းလည်ပတ်မှုမှတစ်ဆင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေဖြစ်ပွားစေတတ်ပါတယ်။မျက်စိရောင်ရမ်းခြင်းတို့ဖြစ်တတ်ကာ မျက်ကပ်မှန်တပ်ဆင်သူတွေအနေနဲ့ အဓိအားဖြင့် ပြဿနာ ကြုံတွေ့ရတတ်ပါတယ်။
နွေရာသီကာလမှာ လူတိုင်းဟာ လုပ်ငန်းခွင်မှာ ၊အိမ်မှာ အဲကွန်းကို အသုံးပြုကြရတာကြောင့် အကျိုးမယုတ်စေဘဲ ကျန်းမာရေးထိခိုက်မှုကိုရှောင်ကြဉ်နိုင်တဲ့ မျတတဲ့သုံးစွဲမှုတို့ကို သတိရှိနိုင်ကြစေဖို့ဖော်ပြပေးလိုက်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ရှလကာရည်သုံးပြီး သန့်ရှင်းရေးမလုပ်သင့်တဲ့ အိမ်သုံးပစ္စည်းများ
လေထုကိုသန့်စင်စေတဲ့ အိမ်တွင်း အလှဆင်အပင်လေးတွေအကြောင်း
ကံကောင်းစေဖို့ အိမ်တွင်းမှာထားသင့်တဲ့ အရာ(၇)မျိုး
အိပ်ခန်းထဲမှာပန်ကာကိုမသုံးသင့်တဲ့အကြောင်းအရင်း
Credit : Yangonlife
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ