၆။ Remote Control အဝေးထိန်းခလုတ်ကို Air con အောက် တစ်ပေခန့်အကွာရှိ နံရံတွင် အထိုင်ခွက်ဖြင့် တပ်ဆင်ထားပါ။ လွတ်မကျပါစေနှင့် ။ ရေ နှင့် အချိုရည် ကဲ့သို့သော အရည်များမထိပါစေနှင့် ။ လွတ်ကျလျှင် ရေစင်လျှင် Remote ပျက်စီးပြီး အလုပ်ကောင်းကောင်း လုပ်နိုင်မည်မဟုတ်ပါ။
၇။ Remote Control အဝေးထိန်းခလုပ်အား Air con နှင့် ၁၅ပေခန့် အကွာအဝေးအတွင်း၌သာ သုံးပါ။သိပ်ဝေးလွန်းလျှင် အလုပ်မလုပ်ပါ။
၈။ Air con နှင့် Remote controlတို့ကြားတွင် ခန်းစည်း / ကန့်လန့်ကာ တို့နှင့်ခံနေလျှင် Remote ကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။
၉။ Air con Indoor Filter ( လေစစ်ဆန်ကာ) ကို ဖြစ်နိင်လျှင် တစ်လလျှင် တစ်ကြိမ်ခန့် သန့်ရှင်းရေးလုပ်ပေးပါ ။ ခရီးရက်ရှည်ထွက်စရာရှိ လျှင် Air con ကို သေသေချာချာ ပိတ်ခဲ့ပါ။
၁၀။ Air conရဲ့ Indoor unit အတွင်း( သို့မဟုတ်) အပြင်ဘက်ရှိ အစိတ်အပိုင်းများကို ရေဖြင့် ဆေးပြီး သန့်ရှင်းရေးမလုပ်သင့်ပါ ။ Shock ဖြစ်ပြီး ဓာတ်လိုက်တတ်သောကြောင့် ကျွမ်းကျင်သူများကို သာ ခေါ်လုပ်သင့်ပါသည်။
၁၁။ Air con ရှေ့တည့်တည့်တွင် မည်သည့်ပစ္စည်းမှ ခံမနေပါစေနှင့် လေလမ်းကြောင်းရှေ့တွင် အရာဝတ္ထု ပစ္စည်းများ ပိတ်ဆို့နေလျှင် လိုအပ်တဲ့ အအေးဓာတ် မရှိနိုင်ပါ။
၁၂။ Air con တွင် ခရမ်းလွန်ရောင်ခြည် အချက်ပေး ကိရိယာပါရှိပါသည်။ Aircon ပေါ်သို့နေရောင်ခြည်တိုက်ရိုက်ကျရောက်နေပါကကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။ထို့ကြောင့် နေရောင်ခြည်တိုက်ရိုက် ကျရောက်မနေစေရန် ခန်းစီး ကန့်လန့်ကာတို့ဖြင့် ပြတင်းပေါက်များအား ကာထားသင့်ပါသည်။
၁၄။ မီးလောင်စေတတ်သောမှုတ်ဆေး နှင့်သုတ်ဆေးများအား Air con နားမှာ အသုံးမပြုသင့်ပါ ။ တင်နာ ပိုးသတ်ဆေး ရေနံဆီ ဓာတ်ဆီကဲ့သို့သော အရည်များဟာ Air con ကို ထိခိုက်ပျက်စီးနိုင်ပါသည်။
၁၅။ မီးပူ မီးဖိုတို့လို အပူထုတ်သည့်ပစ္စည်းများအား Air con နှင့်ဝေးဝေးမှာထားပါ ။ အပူချိန်မြင့်လျှင် Air con ပျက်တတ်ပါသည်။
၁၆။ Air con မှ ညှော်နံ့ရလျှင် ခလုတ်ကို ချက်ခြင်းပိတ်ကာ ပြင်ဆိုင်သို့အကြောင်းကြားပါ