By ကုမုဒြာ, Shweproperty.com
Updated at 2 July 2013
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ လေဆိပ်ရိပ်သာလမ်းသွယ်အတွင်းက အိမ်ခြံမြေဌားရမ်းခ တွေမြင့်တက်လာတယ်လို့ သိရပါတယ်။
‘လေဆိပ်ရိပ်သာလမ်းသွယ်ထဲမှာ အဓိက ဌားတာက နိုင်ငံခြားသားတွေ အများဆုံး ဌားရမ်းကြတယ်၊ အဲဒီလမ်းထဲက ဆိတ်ငြိမ်တယ်၊ လေယာဉ်ကွင်းနဲ့လဲ နီးတော့ပိုပြီး ဌားရတယ်၊ ဈေးတွေကလဲ တဖြည်းဖြည်းနဲ့ မြင့်တက်လာတယ်၊ ထပ်တက်ဖို့တောင်ရှိတယ်’လို့ အိမ်ခြံမြေ အကျိုးဆောင် ဦးစိုးမိုးက ပြောပါတယ်။
လေဆိပ်ရိပ်သာလမ်းထဲမှာ အိမ်ကြီးအိမ်ကောင်းတွေရှိတာကြောင့် နိုင်ငံခြားသားတွေ အများဆုံး ဌားရမ်းနေထိုင်ကြသလို စီးပွားရေးသမားတွေလည်း ဌားရမ်းနေထိုင်ကြပါတယ်။ ဌားရမ်းခဈေးနှုန်းတွေလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတယ်လို့ သိရပါတယ်။
ဌားရမ်းခဈေးနှုန်းတွေက အိမ်ခန်းအကျယ်အဝန်းပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ အမြင့်ဆုံး တစ်လကျပ်သိန်း ၂၀ ကနေ အနိမ့်ဆုံး ၁၃ သိန်းနဲ့ ခုနစ်သိန်းအထိ ရှိပါတယ်။
ဒါ့အပြင် ယခင်က တစ်လဌားရမ်းခကျပ်ကိုးသိန်းသာရှိတဲ့ အိမ်နဲ့ခြံက ယခုပေါက်ဈေးသိန်း ၂၀ အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။
‘ဌားရမ်းခကတော့ ဆက်တက်ဖို့ပဲရှိတယ်၊ မိုးတွင်းကာလဆိုလို့ ဈေးပြောင်းတာလဲ မရှိဘူး၊ အဌားလဲ မနှစ်ကထက်အရမ်းလိုက်လာတယ်’လို့ အိမ်ခြံမြေ အကျိုးဆောင် ဦးစိုးမိုးက ပြောပါတယ်။
Ref : Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ