အိမ်မှာ အချိန်ပေးပြီး သန့်ရှင်းရေးလုပ်ဖို့ မအားလပ်တဲ့ သူတွေနဲ့  အိမ်သန့်ရှင်းရေး လုပ်ရမှာ ပျင်းတဲ့သူတွေ အတွက် အလွယ်ဆုံးနဲ့ အချိန်တိုအတွင်း သန့်ရှင်းသွားနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ကဲ ဘယ်လို နည်းလမ်းတွေလဲ ဆိုတာ လေ့လာကြည့်ရအောင်နော်။
 
Microwave ကို သန့်ရှင်းစေဖို့
 
Microwave ကို အသုံးပြုပြီးတိုင်း သန့်ရှင်းရေး မလုပ်ဘဲ အမှုမဲ့ အမှတ်မဲ့ ထားတတ်ပါသလား။ဒါ့အပြင် Microwave မှာ အစားအစာတွေရဲ့ အနံ့အသက်တွေ စွဲနေလို့ စိတ်ညစ်နေတယ်ဆိုရင် ခွက်တစ်ခွက်ထဲကို ဗီနီဂါထည့်ပြီး Microwave ထဲမှာ (၅)မိနစ်ခန့် အပူပေးလိုက်မယ်ဆိုရင် အနံ့တွေ ပျောက်ပြီး Microwave က သန့်ရှင်းသွားမှာပါ။
 
ရေချိုးတွေကို ဖယ်ရှားဖို့
 
ရေပိုက်ခေါင်းတွေလိုမျိုး စတီးလ်နဲ့ ပြုလုပ်ထားတဲ့ အရာတွေက ရေနဲ့ မကြာခဏ ထိတွေ့တဲ့အခါမှာ သံချေးပုံစံ ရေချိုးတွေ ရှိနေတတ်ပါတယ်။ စိတ်မပူပါနဲ့! သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီး ရေချိုးတွေ ရှိနေတဲ့ နေရာကို ပွတ်တိုက်ပေးပါက နဂိုမူလ စတီးလ်သားကို ပြန်လည်ရရှိမှာပါ။


 
အဝတ်အထည်မှာ ကော်ဖီတွေ စွန်းထင်ခဲ့ရင်

အဝတ်အထည်တွေပေါ်မှာ ကော်ဖီတွေ စွန်းထင်သွားတဲ့အခါ ပြောင်အောင်လျှော်ဖို့ ခက်ခဲပါတယ်။သန့်ရှင်းရေးမှာ ဆရာတစ်ဆူဖြစ်တဲ့ မုန့်ဖုတ်ဆော်ဒါ နဲ့ လျှော်ဖွပ်ပေးမယ်ဆိုရင် အစွန်းတွေ ခဏလေးနဲ့ ပြောင်သွားမှာပါ။
 
သစ်သားတွေ တောက်ပြောင်ဖို့ သံလွင်ဆီ
 
အိမ်မှာရှိတဲ့ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ တောက်ပြောင်ပြီး ကြည့်ကောင်းနေစေဖို့ သံလွင်ဆီက ကူညီပေးနိုင်မှာပါ။ သံလွင်ဆီနဲ့ သစ်သားတွေကို ပုံမှန် တိုက်ပေးမယ်ဆိုရင် သစ်သားနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေက ကြာရှည်ပြီး တောက်ပြောင်နေမှာပါ။
 
ကဲ ဒီနည်းလမ်းတွေကို သိပြီဆိုတော့ အိမ်သန့်ရှင်းဖို့အတွက် တကူးတက အချိန်ပေးစရာမလိုဘဲ အချိန်တိုတို အတွင်း ပြုလုပ်နိုင်မှာပါ။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

သုံးမိနစ် ရေနွေးအိုးလေးတွေကို အသစ်တိုင်းပြန်ဖြစ်စေမယ့် သန့်ရှင်းနည်း

အိမ်မှာထားရင် ကံကောင်းခြင်းတွေရောက် လာစေတဲ့ ပစ္စည်း (၇)မျိုး

အိမ်ခြံတွင်းစိုက်ထားပါက ခိုက်တတ်တယ်ဆိုတဲ့ အပင်များ



Posted By : Ra Wai (ShweProperty.com)