By Asia Land, Shweproperty.com
Updated at 23 September 2019
ရန်ကုန်မြို့ က ရှေးဟောင်းအဆောက်အဦးတချို့ကို ခရီးသွားတွေအတွက် ဆွဲဆောင်နိုင်တဲ့ နေရာအဖြစ် ဖန်တီးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။
ရှေးဟောင်းအဆောက်အဦးတွေထဲက ၁၀ ခုလာက်ကို ရှာဖွေဖော်ထုတ်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဝန်ကြီးကပြောပါတယ်။
ရန်ကုန်မှာ ရှေးဟောင်းအဆောက်အဦးပေါင်း နှစ်ထောင်ကျော်ရှိတဲ့အထဲမှာ သမိုင်းတန်ဖိုးရော ဗိသုကာတန်ဖိုးပါရှိတဲ့ အဆောက်အဦးက နှစ်ရာကျော်ရှိတယ်လို့သိရပါတယ်။
အဲဒီ့နှစ်ရာကျော်ထဲက ထိပ်တန်း ၁၀ ခုကို ဆွဲထုတ်ပြီး ခရီးသွားတွေကိုဆွဲဆောင်ဖို့ စီစဉ်သွားမယ်လို့ ဝန်ကြီးကပြောခဲ့ပြီး ဘယ်အဆောက်အဦးတွေဆိုတာကိုတော့ မသိရသေးပါဘူး။
ဒီလိုဆောင်ရွက်ဖို့အတွက် လူမှုကွန်ရက်မှာ လူသိများတဲ့ နိုင်ငံတကာက သူတွေကိုလည်း ဖိတ်ပြီး ဒီနေရာတွေအကြောင်းကိုရေးခိုင်းဖို့ရှိတယ်လို့လည်း နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။
အခုနှစ်မှာတော့ ဇူလိုင်လအထိ ရန်ကုန်ကို ခရီးသွားဝင်ရောက်မှုဦးရေ ခုနှစ်သိန်းကျော်ရှိတယ်လို့သိရပါတယ်။
Ref & Photo Credit : Asia Land
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ