By Messenger, Shweproperty.com
Updated at 13 July 2015
ဒဂုံစီးတီး စီမံကိန်း (၁) ကို တခြား မြေနေရာတွင် ဆက်လက် လုပ်ကိုင်ရန် မြန်မာနိုင်ငံတော် အစိုးရနှင့် ညှိနှိုင်းနေလျက် ရှိကြောင်း Marga Land Mark ယမန်နေ့က ထုတ်ပြန်သည်။ ““ဘယ်နေရာ၊ ဘယ်လိုပုံစံလည်း ဆိုတာ အခုတော့ မပြောနိုင်သေးဘူး။ အစိုးရနဲ့ ညှိနှိုင်းပြီးမှပဲ သိနိုင်မယ်”” ဟု ဒဂုံစီးတီးမှ ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက The Messenger Media သို့ပြောသည်။ လက်ရှိတွင် Marga Land Mark သည် မြန်မာနိုင်ငံတော် အစိုးရနှင့် အတူတကွ လက်တွဲကာ မိမိတို့၏ အခန်း ငှားရမ်းသူများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် အဆင်ပြေစေပြီး၊ ကျေနပ်မှု ရရှိစေမည့် နှစ်ဦး သဘောတူ အစီအစဉ် တစ်ခုအား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတော် အစိုးရနှင့် အသေးစိတ် ဆွေးနွေးမှုများ ဆောင်ရွက်ပြီးပါက သဘောတူညီမှု လက်မှတ် ရေးထိုးထားသည့် အတိုင်း အခန်း ငှားရမ်းသူများ အတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းနောက် မိမိတို့၏ ဥပဒေဆိုင်ရာ အခွင့်အရေးများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေဘောင် အတွင်း ကာကွယ် ပေးထားသည်ဟု ယုံကြည်ထား၍ သက်ဆိုင်သူ အားလုံးအတွက် ကျေနပ်ပြေလည်စေမည့် အဖြေတစ်ခု ထွက်ရှိလာမည်ဟု ကြိုတင် ခန့်မှန်းထားကြောင်း Marga Land Mark ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတော် အစိုးရ၏ အပြီးသတ် ဆုံးဖြတ်ချက်ကို Marga Land Mark မှ လေးစား အသိမှတ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ရွှေတိဂုံ စေတီတော် အနီးရှိ ဒဂုံစီးတီး စီမံကိန်း အပါအဝင် အခြား စီမံကိန်းများအား ပြည်သူလူထုနှင့် ရဟန်း၊ သံဃာတော်များမှ ကန့်ကွက်နေမှုကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့က ဇူလိုင်လ (၈) ရက်နေ့တွင် စီမံကိန်းများအား အပြီးတိုင် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည်။ Ref : Messenger Media Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ