By Aye Mon (MD), Shweproperty.com
Updated at 17 August 2015
ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး စည်မျဉ်း၊စည်းကမ်းတွေမရှိတာ၊ ဆောက်လက်စနဲ့ ရပ်ဆိုင်းထားရတာမျိုးတွေ၊ ဝယ်သူရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဥပဒေမရှိတာတွေကြောင့် တိုက်ခန်း၊ ကွန်ဒို ဈေးကွက် အေးနေတယ်လို့ သိရပါတယ်။
အဆောက်အအုံကို အပြီးသတ်မဆောက်လုပ်နိုင်ပဲ ရပ်တန့်ထားကြတာတွေ၊ ဈေးကွက်အတွင်း ယုံကြည်မှုမခိုင်မာတဲ့ အနေအထားတွေကြောင့် ဈေးကွက်ကအေးလာတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တချို့နဲ့ အကျိုးဆောင်တချို့က ပြောကြတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်က "ဆောက်လုပ်တာရော၊ ရောင်းချမှုပုံစုံတွေကိုပါ စည်းမျည်းစည်းကမ်းအရ ထိန်းချုပ်မထားနိုင်ဘူး ဖြစ်နေတယ်၊ ဆောက်လုပ်ရေး ကုမ္ပဏီတွေအတွက် လိုက်နာရမယ့် သီးသန့်ပုံစံဆိုတာ မရှိဘူး၊ တချို့ကဝယ်သူတွေရဲ့ ပျော့ကွက်ကိုထည့်သွင်းပြီး သူတို့ကိုယ်တိုင် ရေးသားထားတဲ့ အချက်နဲ့ ချုပ်ဆိုကြတယ်၊ အကျင့်ပျက်ကုမ္ပဏီတွေ ရှိတော့ တကယ်လုပ်နေတဲ့ သူတွေအတွက် ထိခိုက်တယ်"လို့ ပြောပါတယ်။
ပြည်ပနိုင်ငံအချို့မှာ ကြိုပွိုင့်စနစ်နဲ့ ရောင်းချတဲ့အခါ ပြဌာန်းထားတဲ့ ဥပဒေတွေရှိတယ်။ အခုက ဈေးကွက်ထဲမှာ ကြိုပွိုင့်စနစ်နဲ့ ရောင်းချတာတွေရှိပေမယ့် ကြိုရတဲ့ငွေကို ဆောက်လုပ်ရေးလုပ်ငန်းအတွက် မဟုတ်ပဲ တခြားစီးပွားရေးတွေ ဘက်မှာပါ ထည့်သွင်းလုပ်ကြတာကြောင့် ငွေမပေါ်တော့ပဲ လုပ်ငန်းရပ်ဆိုင်းထားတာတွေ ရှိလာတယ်။ ကြိုပွိုင့်စနစ်နဲ့ အခန်းတွေကို ရောင်းချပြီးရတဲ့ငွေနဲ့ သည်ဆောက်ရေးမှာပဲ အသုံးပြုမယ်ဆိုတာမျိုး သတ်မှတ်ထားသင့်တယ်လို့ သိရတယ်။
တရားဥပဒေအကြောင်းအရ ဝယ်သူရဲ့ အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ ဥပဒေကိုအတိအကျမရှိတာ၊ လူတစ်ဦးက တိုက်ခန်း တစ်ခန်းဝယ်တဲ့အခါ ဘာတွေ၇ရှိနိုင်သလဲဆိုတာ ဥပဒေအရရော၊ စာချုပ်တွေ ချုပ်ဆိုတဲ့ အခါမှာလည်း ရှုပ်ထွေးနေကြတာလို့ ပြောပါတယ်။ တချို့ဆောက်လုပ်ရေးတွေက လုပ်ငန်းအတွက် ငွေကြေးမလည်ပတ်နိုင်တော့ပဲ ရပ်ဆိုင်းထားတာတွေ ရှိတယ်။ နာမည်ကြီးဆောက်လုပ်ရေး စီမံကိန်းတချို့ကို ရပ်ဆိုင်းပြီး ဖျက်သိမ်းလိုက်တာတွေ ကြောင့်လည်း ယုံကြည်မှုအားလျော့သွား နည်းသွားကြတာလို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အကျိုးဆောင် ဦးဝင်းနိုင်က "ဆောက်လုပ်ရေးသမား အများစုက အဆောက်အအုံတစ်ခုကို အပြီးသတ်ဆောက်နိုင်ဖို့ ငွေအလုံအလောက်ရှိတဲ့ သူထက်မရှိတဲ့သူက များတယ်၊ ကြိုပွိုင့်စနစ်နဲ့ ရလာမယ့် ငွေကိုမျှော်လင့်ပြီး စွန့်စားလုပ်ကြတယ်၊ ဆောက်လုပ်စရိတ်တွေ မြင့်တက်လာတာရော၊ ဝယ်အားက တည်ဆောက်ထားတဲ့ အခန်းတွေရဲ့ ရာခိုင်နှုန်းနဲ့ ယှဉ်ရင် အများဆုံး (၃၀) ရာခိုင်နှုန်းလောက်ပဲ ရောင်းထွက်တယ်၊ အရင်ကလို ဈေးကစားဖို့ ဝယ်ကြတဲ့ သူတွေကလဲ ဝယ်ယူမှု ရပ်လိုက်တော့ နေဖို့ဝယ်တာလောက်ပဲ ရှိတော့တယ်"လို့ ဈေးကွက်အတွင်းက အဖြစ်အပျက် တွေကိုရှင်းပြပါတယ်။
Written By : Aye Mon (MD)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ