By The Kumudra, Shweproperty.com
Updated at 1 June 2016
တချို့တိုက်ခန်းအရောင်းအဝယ်တွေမှာ ပိုင်ရှင်အယောင်ဆောင်ရောင်းချတာတွေ ၊ စာရွက်စာတမ်းအတု တွေနဲ့ ရောင်းချတာတွေ ရှိတာကြောင့် ဝယ်ယူသူတွေက မြေကွက်နဲ့ လုံးချင်းအိမ်တွေဝယ်သလို ဌာနဆိုင်ရာတွေမှာ စိစစ်ပြီးတဲ့အပြင် စာချုပ်မချုပ်ခင် ဝယ်ယူမယ့်အကြောင်းကို အသိပေးကြော်ငြာလာကြတာ တွေ့ရပါတယ်။
တိုက်ခန်းတွေမှာ ကန်ထရိုက်တိုက်တွေရှိသလို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ပိုင်တိုက်ခန်းတွေလည်း ရှိပါတယ် ။ ကန်ထရိုက်တိုက်တွေဝယ်ယူတဲ့အခါမှာ အရပ်စာချုပ်နဲ့ ချုပ်ဆိုကြတာမျိုးမဟုတ်ဘဲ အမည်ပေါက်ပြောင်းလဲပြီး တရားဝင်ဝယ် ယူကြတာတွေ ရှိလာတယ်လို့ သိရပါတယ်။အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက "မဝယ်ခင် တစ်ခါတည်း စစ်ထားတာကောင်းပါတယ် ၊ ဌာနဆိုင်ရာတွေမှာ စစ်တာဆိုပေမဲ့ တစ်ခါတလေ ဌာနတွေကနေပဲ ထုတ်ပေးထားတဲ့ စာရွက်တွေ သုံး ၊ လေး ခုဖြစ်နတာတွေ ဈေးကွက်ထဲ မှာရှိတယ် ၊ ကိုယ်ဝယ်တာသေချာအောင် အခုလို ကြော်ငြာထားတော့ ပြသနာဖြစ်လဲ ဖြေရှင်းရလွယ်တယ်" လို့ ပြောပါတယ်။
စာချုပ်ချုပ်ဆိုခွင့်ပြုဖို့ လျှောက်ထားတာရှိသလို တချို့က ဝယ်ယူကြောင်းကို ကြော်ငြာတာတွေလည်း ရှိပါတယ်။ တိုက်ခန်းဝယ်ယူတာတွေက ဥပဒေသီးသန့် ပြဌာန်းထားတာမျိုး မရှိတာကြောင့် အရပ်စာချုပ်မှာ ကန်ထရိုက် နဲ့မြေရှင်လက်မှတ်ပါရင် ခိုင်မာတယ်ဆိုပြီး အရောင်းအဝယ် လုပ်နေကြတာများတယ်လို့ သိရပါတယ်။ တချို့အမှုတွေမှာ မြေရှင်လက်မှတ် ကန်ထရိုက်တာလက်မှတ် ပါနေပြီတော့ အတုလုပ်ထား တာတွေ ၊ အပျောက်စနစ်ကို ခုတုံးလုပ်ပြီး နှစ်ချုပ်နဲ့ ငှားနေတဲ့ အိမ်ငှားက ပိုင်ရှင်အယောင်ဆောင်ပြီး လိမ်ရောင်းတာတွေပါ။
အထက်တန်းရှေ့နေ ဦးနိုင်လင်းက "တိုက်ခန်းပြသနာအများစုက အပျောက်စနစ်တွေကြောင့် ပြသနာမျိုးစုံကြုံနေကြရတာ ၊ ကြိုပွိုင့်လဲဒီလိုပဲ အားလုံးပဲတော့ြ့ဖစ်နေတာမဟုတ်ဘူး ၊ ဒါပေမယ့် စည်းကမ်းမဲ့ ဥပဒေနဲ့ အညီ မလုပ်ကြတာတွေကြောင့်ပါ" လို့ ပြောပါတယ်။
သည်နောက်ပိုင်းအိမ်ခြံမြေ အရောင်းအဝယ်တွေမှာ မြေကွက် ၊ လုံးချင်း ၊ ကွန်ဒို ၊ တိုက်ခန်း ဝယ်ယူရာမှာ ရှေ့နေအကျိုးဆောင်နဲ့ အပ်ပြီး ကြော်ငြာတာမျိုးလည်းရှိသလို တချို့က နိုင်ငံပိုင်သတင်းစာမှာ ကိုယ်တိုင်လိပ်စာအပြည့်အစုံနဲ့ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာကြ တာတွေလည်းရှိပါတယ်။
အခုလိုကြော်ငြာတွေက ဝယ်သူတွေအတွက်ရော ပိုင်ရှင်တွေအတွက်ပါ သိရှိနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ ပြောပါတယ်။ တချို့တွေမှာ အမွေဆိုင်တွေဖြစ်နေတာတွေကို မသိလို့ ဝယ်ယူငွေချေပြီးမှ အရှုပ်တော်ထဲ ညှပ်ကြရတာတွေလည်း ရှိတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က "ဝယ်ယူသူတွေက ပိုပြီး ဥပဒေ အရ တိကျလာတယ် ၊ ကိုယ်က သေချာတယ် ၊ ခိုင်မာတယ်ပြောတောင် သူတို့က ဌာနဆိုင်ရာတွေအထိ သေချာစိစစ်တယ် ၊ ရှေ့နေတွေသုံးကြတယ် ၊ ဒါကလဲအိမ်ခြံမြေရဲ့ မျိုးစုံတဲ့ ပြသနာတွေဖြစ်ခဲ့တာကြောင့် ကောင်းကျိုးတစ်ခုလို ဖြစ်လာတယ်"လို့ ပြောပါတယ်။
Ref : The Kumudra
Photo Credit : shutterstock
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ