By Messenger, Shweproperty.com
Updated at 20 October 2015
၂၀၁၅-၁၆ ဘဏ္ဍာနှစ် အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာ စီမံကိန်းများမှ အခန်းပေါင်း (၃၀၀၀၀)နီးပါးကိုအပြီးသတ် တည်ဆောက်ကာ ပြည်သူများထံ ရောင်းချပေး သွားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
''အခု ဒီအိမ်ရာတွေကို ဆောက်နေပြီ။ ဝန်ထမ်း အိမ်ရာတွေ ပါသလို၊ ပြည်သူ အငှားအိမ်ရာတွေလည်း ပါတယ်။ အရစ်ကျ စနစ်နဲ့ပဲ ရောင်းချပေးသွားမယ်'' ဟု မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။
ယခု ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်နေသည့် စီမံကိန်းများမှ တန်ဖိုးနည်း အိမ်ရာ (၁၁၁၆၀) ခန်း၊ တန်ဖိုးသင့် အိမ်ရာမှ (၆၈၂၉) ခန်း၊ တန်ဖိုးမြင့် အိမ်ရာမှ (၄၃၈၂) ခန်း၊ ပြည်သူ့ အငှားအိမ်ရာမှ (၅၁၅၆) ခန်းနှင့် ဝန်ထမ်း အိမ်ရာမှ (၁၈၃၀) ခန်း၊ စုစုပေါင်း (၂၉၃၅၇) ခန်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ရာ စီမံကိန်းများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းစသည်တို့တွင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး၊ ယင်းအိမ်ရာများမှ အခန်းများကို ဦးရာလူ စနစ်ဖြင့် အရစ်ကျ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
''အခန်းဈေးက အလုပ် လုပ်နေတဲ့ သူတွေအတွက် လက်လှမ်းမီတဲ့ ဈေးနှုန်း ဖြစ်ပေမယ့် ပထမ အရစ်ကို (၃၀) ရာခိုင်နှုန်း သွင်းရတာပဲ သိပ်အဆင်မပြေတာ။ ကျန်တာကတော့ အဆင်ပြေပါတယ်''ဟု ကျန်စစ်သား အိမ်ရာ လျှောက်ထားသူ ကုမ္ပဏီဝန်ထမ်း ဦးမျိုးသန့်က ဆိုသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာ စီမံကိန်းများကို နိုင်ငံတော် သမ္မတ လမ်းညွှန်ချက်ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှတာဝန်ယူကာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
Ref : The Messenger
Photo Credit : Sky Scrapercity
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ