By အေးမွန်, Shweproperty.com
Updated at 29 March 2013
သင်္ဃန်းကျွန်းမြို့နယ် ဘီအိုစီမှတ်တိုင်အနီးမှ တိုက်ခန်းတစ်ခန်းကို ၈၅သိန်းနဲ့ သိန်း ၂၂၀ ကြား အရစ်ကျကြိုပွိုင့်စနစ်နဲ့ ဝယ်ယူနိုင်တယ်လို့ အဲသည်တိုက်ခန်းဆောက်နေတဲ့ ဆောက်လုပ်ရေးမှတာဝန်ရှိသူတစ်ဦးထံမှသိရတယ်။
နေရာက ဘီအိုစီမှတ်တိုင်အနီးလေးထောင့်ကန်လမ်းမအတွင်းလမ်းမှာပါ။၂၀၁၃ ခုနှစ် နိုဝင်ဘာလ ကုန်အပြီး တည်ဆောက်မှာ ဖြစ်တယ်လို့သိရတယ်။ဝယ်ယူမယ့်သူအနေနဲ့ ပထမဆုံး တိုက်ခန်းရဲ့ ၁၅ ရာခိုင်နှုန်းကို သွင်းပြီး တစ်လကို ၁၀ ရာခိုင်နှုန်း ရှစ်ရစ်ခွဲသွင်းရမှာပါ။
တိုက်ကလေးလွှာခွဲဖြစ်ပြီး အခန်း၁၅ ခန်းပါဝင်ပါတယ်။ အခန်းအကျယ် က ၁၂ ပေ x ပေ၄၀ အကျယ်ဖြစ်ပြီး အပေါ်ဆုံးထပ်က ၁၂ ပေ x ၄၂ ပေအထိကျယ်မယ်လို့ဆိုတယ်။
‘ရပ်ကွက်အတွင်း ကန်ထရိုက်ယူဆောက်တယ်ဆိုပေမဲ့ သဘာဝဘေးအန္တရယ်ခံနိုင်အောင် အောက်ခံဖောင်းဒေးရှင်းကို အသေအချာဆောက်ထားတယ်၊ငလျင်ဒဏ်ရစ်ချက်စတာ ၅အထိခံနိုင်အောင်နဲ့ လေတိုက်နှုန်းအနိမ့်ဆုံး ၁၀၀ အထိခံနိုင်အောင်လဲ ဆောက်ပေးထားတယ် ၊ရောင်းချတဲ့အခါ မှာတော့ဈေးအနည်းဆုံးတွက်ချက်ပြီး သတ်မှတ်ထားတဲ့အတွက်သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်းပဲ (တစ်ခွန်းဈေး)ရောင်းမှာပါ’လို့ ဆောက်လုပ်ရေးမှ တာဝန်ရှိသူက ရှင်းပြပါတယ်။
ပိုင်ဆိုင်မှုအာမခံအနေနဲ့ အရစ်ကျုသွင်းနေတဲ့အချိန်မှာ စာချုပ်မိတ္တူတစ်စုံပေးထားမှာပါ။ အရစ်ကျသွင်းပြီးတဲ့ အချိန်မှာတော့ တိုက်ခန်းအပ်နှံမှု စာချုပ်ထုတ်ပေးမယ်လို့ဆိုတယ်။
မြေရှင်နဲ့ တိုက်ရိုက်အရောင်းအဝယ်စာချုပ်ချုပ်ပြီး စာချုပ်ရုံးမှာ မှတ်ပုံတင်ပေးမယ်လို့ သိရတယ်။မြေညီထပ်ကို ကျပ် ၁၈၅ သိန်း၊သိန်း ၁၉၀ ဖြစ်ပြီး အကျယ် ၁၂ ပေ x ပေ ၅၀ ကိုသိန်း ၂၂၀ နဲ့ရောင်းမှာပါ။ ပထမထပ်ကို ၁၅၅ သိန်း နဲ့သိန်း ၁၆၀၊ဒုတိယထပ် ၁၃၅ သိန်းနဲ့သိန်း ၁၄၀ ကြား၊တတိယထပ်ကို ၁၁၅ သိန်းနဲ့ သိန်း၁၂၀ ကြားဖြစ်တယ်။
Ref: မော်ဒန်ဂျာနယ်
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ