By One News Myanmar, Shweproperty.com
Updated at 7 August 2019
အိမ်ရာဖွံ့ဖြိုးရေးနဲ့ တိုက်ခန်းအရောင်းအဝယ် ကောင်းမွန်လာစေဖို့ ရည်ရွယ်ရေးဆွဲထားတဲ့ တိုက်ခန်းဥပဒေ (apartment law)ကို လာမယ့် တစ်လ၊ နှစ်လအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောပါတယ်။
နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ကော်မတီရေးရာဆောင်(i-9)မှာ သြဂုတ်(၂)ရက်ကပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်(MLCA)က တာဝန်ရှိသူတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ဦးတင်မောင်ဝင်းက ပြောကြားလိုက်တာပါ။
ဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ လျှပ်စစ်၊ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်နဲ့ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် တာဝန်ရှိသူတွေက ဥပဒေကြမ်း အမြန်ထွက်ရှိရေးနဲ့ ရှုထောင့်ပေါင်းစုံကောင်းမွန်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တိုက်ခန်း ဥပဒေကြမ်း(apartment law)ကို မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းက ရေးဆွဲတာဖြစ်ပါတယ်။
အဲဒီဥပဒေအတည်ပြု ပြဋ္ဌာန်းလိုက်ရင် တိုက်ခန်းနဲ့ အိမ်ရာ အရောင်းအဝယ်ပြန်တက်လာမယ်လို့ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်စိုးက သုံးသပ်ပြောဆိုပါတယ်။
Apartment Law ပြဋ္ဌာန်းပြီးရင် အခန်းပိုင်ဆိုင်သူတွေဟာ တရားဝင် စာချုပ်စာတမ်းနဲ့ မှတ်ပုံတင်နိုင်မှာ ဖြစ်ပြီး အခန်းကို တရားဝင်လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံခွင့် ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref : One News Myanmar
Photo Credit : Mapio
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ