By The Kumudra, Shweproperty.com
Updated at 15 July 2015
စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံအဖြစ် အထပ်မြင့်တိုက်တွေကို အလုံးလိုက်ငှားရမ်းတဲ့ဈေးကွက် များပြားလာတယ်လို. ဆောက်လုပ်ရေး လုပ်ငန်းရှင်တချို.ဆီက သိရပါတယ်။ ‘အခုနောက်ပိုင်းက ကိုယ်တိုင်ဆောက်တဲ့ကန်ထရိုက် အများစုက ငှားရမ်းတာကို မိသားစုတစ်စုချင်းစီနဲ. စာချုပ်မလုပ်တော့ဘဲ တစ်တိုက်လုံးကို ပုတ်ပြတ်ငှားလာတာတွေများတယ်’ လို. မင်္ဂလာတောင်ညွန်.မြို.နယ်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင် မနီလာက ပြောပါတယ်။
ဘယ်လုပ်ငန်းတွေလဲ
အထပ်မြင့်တိုက်အလုံးလိုက် ငှားရမ်းတာကို ဟိုတယ်နဲ. ကုမ္ပဏီလုပ်ငန်းတွေက အဓိက စိတ်ဝင်စားကြတယ်။ ဟိုတယ်လုပ်ငန်းတွေကတော့ ဓာတ်လှေကားပါဝင်တဲ့ အထပ်မြင့်တိုက်တွေကို ပိုစိတ်ဝင်စားတယ်လို.သိရပါတယ်။ ဒါ့အပြင်ဟောလ်တိုက်ထက် အခန်းပုံစံတွေကို စိတ်ဝင်စားပြီး ရေချိုးခန်းအိမ်သာအတွက် ပြင်ဆင်ခွင့်ပေးတဲ့အိမ်အမျိုးအစားတွေကို ပိုစိတ်ဝင်စားကြပါတယ်။ ကုမ္ပဏီလုပ်ငန်းတွေကတော့ အရင်က ပြည်ပက ဝင်ရောက်တဲ့လုပ်ငန်းတွေသာ အဝင်များခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ပြည်တွင်းက လုပ်ငန်းတွေက လေးထပ်လောက်အဆောက်အအုံတွေကိုတောင် အရောင်းပြခန်းနဲ. ရုံးခန်းပူးတွဲဖွင့်လှစ်ဖို. စိတ်ဝင်စားလာကြပါတယ်။ ရုံးခန်းဖွင့်လှစ်သူတွေကတော့ အထပ်အမြင့်ကို အများဆုံး သုံးထပ်၊လေးထပ်လောက်ပဲကြိုက်ပြီး ဟောလ်ပုံစံတိုက်ခန်းကျယ်တွေကို ငှားရမ်းကြပါတယ်။ ပြည်တွင်းက လုပ်ငန်းတွေမှာ အရင်က ဘဏ်လုပ်ငန်းတွေလောက်သာ ငှားရမ်းကြပြီး အခုနောက်ပိုင်း အဝတ်အထည် branded ဆိုင်ခန်း၊ အီလက်ထရွန်းနစ်ဆိုင်နဲ. ဈေးဝယ်စင်တာစတဲ့လုပ်ငန်းတွေပါ ငှားရမ်းလာကြပါတယ်။
သီးသန်.ပြင်ဆင်
တချို.အခန်းပိုင်ရှင်တွေက မိမိတို.ငှားရမ်းမယ့်အခန်းကို ကြိုတင်ပြင်ဆင်ပြီး ဈေးကောင်းနဲ. ငှားရမ်းလာကြပါတယ်။ အထပ်မြင့်ကန်ထရိုက်အလုံးလိုက်ငှားရမ်းမှု မှာလည်း တည်းခိုခန်း၊ ဟိုတယ်လုပ်ငန်းသီးသန်.အငှားအတွက် ပြင်ဆင်ပြီး ငှားရမ်းလာကြပါတယ်။ သည်လိုပြင်ဆင်ပြီး ငှားရမ်းတဲ့အခါ သာမန်ထက် နှစ်ဆ၊ သုံးဆလောက် ပိုမိုရရှိတာကြောင့် အခုလို ပြင်ဆင်ငှားရမ်းလာကြတာဖြစ်ပါတယ်။ ပုတ်ပြတ်ငှားရမ်းတာတွေကတော့ အများစုက လမ်းမတန်းနဲ. ၎င်းနဲ.ကပ်လျက်လမ်းတွေမှာ အဓိကငှားရမ်းလာကြပြီး ယခင်က လူစည်ကားတဲ့မြို.နယ်တွေမှာ ငှားကြပြီး အခုနောက်ပိုင်းမှာတော့ ဟိုတယ်လုပ်ငန်းတွေပါ ငှားလာကြလို. မြောက်ဒဂုံ၊ တောင်ဥက္ကလာပနဲ. သုဝဏ္ဏမြို.နယ်တွေမှာပါ ငှားရမ်းလာကြပါတယ်။ အဲသည်တိုက်တွေကတော့ လူနေပြီးသားတိုက်ခန်းတွေထက် လူမနေထိုင်ရသေးတဲ့တိုက်ခန်းတွေကို ပြင်ဆင်ငှားရမ်းလာကြတာဖြစ်ပါတယ်။ ဒီလိုငှားတာက စာချုပ်ချုပ်ရင်လဲ လုပ်ငန်းပိုင်းဖြစ်တော့ သက်တမ်းကို နှစ်ရှည်ချုပ်ကြတယ်၊ တော်ရုံကလဲ အပြောင်းအရွှေ.မရှိတော့ ပျက်စီးတာသက်သာတယ်၊ နှစ်ချုပ်ဖြစ်လို. ငွေလဲအလုံးအရင်းနဲ.ရတယ်’ လို.တိုက်လုံးချင်းငှားရမ်းတဲ့ အိမ်ရှင်တစ်ဦးက ပြောပါတယ်။ သည်လိုဈေးကွက်တွေ ယခုနောက်ပိုင်းမှ ခောတ်စားလာတာဖြစ်ပြီး အရင်ကတော့ တိုက်အလုံးလိုက်ငှားရမ်းလိုသူ တွေရှိပေမဲ့ တစ်တိုက်လုံးစာအခန်းရရှိဖို. အခက်ခဲတွေဖြစ်ပေါ်ခဲ့တယ်လို. သိရပါတယ်။ ဒါ့အပြင် တိုက်အလုံးလိုက် အငှားရရှိဖို. ပိုက်ရှင်တစ်ဦးချင်းစီကို စာချုပ်ချုပ် ဆိုရတာတွေလည်းရှိတယ်လို.သိရပါတယ်။
Ref : Kumudra Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ