By The Modern, Shweproperty.com
Updated at 16 September 2016
ရန်ကုန်မြို့တွင်း အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်မှာ မြို့တွင်းက ဈေးနှုန်းသက်သာတဲ့ တိုက်ခန်းတွေအဝယ်လိုက်နေတယ်လို့ အကျိုးဆောင် တချို့ဆီက သိရပါတယ်။
"အရောင်းအဝယ်ဈေးကွက်က ဆင်ခြေဖုံးရပ်ကွက်တွေထက် မြို့ထဲပိုင်းကိုလူကြိုက်များလာတယ်၊ အရောင်းထက်အဝယ်ပိုများတယ်၊ အများစုက သွားလာ ရေးကိုကြည့်ပြီးလာဝယ်ကြတာတွေလဲရှိတယ်"လို့ သုခအိမ် ခြံ မြေ အကျိုးဆောင်က ကိုကျော်သူက ပြောပါ တယ်။
အခုနောက်ပိုင်း အဝယ်လိုက်တာတွေကတော့ ကျပ်သိန်း (၂၅၀) ကနေ ကျပ်သိန်း (၄၀ဝ) ဝန်းကျင်မြို့ထဲတိုက်ခန်းတွေပဲဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း သွားလာရေးနဲ့ ပတ်သက်ပြီး ကုန်ကျစရိတ်နဲ့ လမ်းခရီးကြန့်ကြာမှုတွေကြောင့် သည်လိုရွှေ့ပြောင်းနေထိုင်လာကြတာ လည်းဖြစ်ပါတယ်။
တချို့အိမ်ခြံမြေငှားရမ်းသူတွေအနေနဲ့လည်း မြို့ထဲပိုင်းအခန်းတွေကို စုပေါင်းငှားရမ်း လာကြတာတွေရှိပါတယ်။ အရင်ကမြို့ထဲ တိုက်ခန်း စုပေါင်းငှားရမ်းမှုမှာ အမျိုးသား၊ အမျိုးသမီးအဆောင်တွေသာရှိပေမဲ့ နောက်ပိုင်းမှာတော့ မိသားစုအလိုက်စုပေါင်းငှားရမ်း နေထိုင်တာနဲ့ အိမ်ထောင် သည် အဆောင်ငှားရမ်းလာတာတွေအထိ ရှိလာပါတယ်။
အိမ်ထောင်သည် အငှားအများစုကတော့ တစ်လချင်းပေးကျပ် (၁၀ဝ,ဝဝဝ) ဝန်းကျင်ကနေ ကျပ် (၁၅၀,ဝဝဝ) ဝန်းကျင်လောက်အထိ ဈေးနှုန်းတွေ ရှိပါတယ်။ အများဆုံးအငှားနဲ့ အဝယ်များတဲ့ မြို့နယ်တွေကတော့ မြို့တွင်းခြောက်မြို့နယ်နဲ့ တာမွေ၊ ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်းနဲ့ ကမာရွတ်မြို့နယ်တွေဖြစ်ပါတယ်။ မြို့တွင်းအငှားစိတ်ဝင်စားမှုတွေ ကြောင့် အိမ်ငှားစားတဲ့အိမ်ပိုင်ရှင်တွေဘက်ကလည်း လုံးချင်းထက်ဈေး သက်သာတဲ့ တိုက်ခန်းတွေကို ရှာဖွေဝယ်ယူထားကြတာပါ ။
"မြို့ထဲတိုက်ခန်းက အပေါ်ထပ်တွေမှာကို ကျပ် ၂၀ဝ,ဝဝဝ အနည်းဆုံးရတယ်၊ အဲဒီမှာ အဆောင်ငှားရင်ပိုကိုက်တယ်၊ အိမ်ကလဲ လူမရတာကို မရှိဘူး"လို့ ကျောက်တံတားမြို့နယ် မှာ အဆောင်ဖွင့်လှစ်ထားတဲ့ အန်တီဝါဝါက ပြောပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ