By 7daydaily, Shweproperty.com
Updated at 13 February 2017
ရန်ကုန်မြို့တွင်း ကန်ထရိုက်တိုက်များကြောင့် ဝိုင်ယာကြိုးရှုပ်ထွေးမှု အများဆုံးဖြစ်ပေါ်နေ၍ ဆားဗစ်ကြိုး တစ်ချောင်းတည်း သာပြောင်းလဲ အသုံးပြုရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ကျော်ဦးက ပြောသည်။
‘အဲဒါနဲ့ပတ်သက်ပြီးတော့ စလုပ်နေပြီ။ နောက်ထပ်တိုးလာ တဲ့ အိမ်တွေ၊ ကန်ထရိုက်တိုက် တွေအားလုံးကို ညွှန်ကြားချက် တွေ ထုတ်ထားပြီးပြီ’’ဟု ဦးအောင်ကျော်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ လျှပ်စစ်မီး တိုင်များတွင် ရှုပ်ထွေးနေသည့်ဝိုင်ယာကြိုးများကို ရှင်းလင်းခြင်းအစီအစဉ်ဖြင့် ဆောင်ရွက်နေပြီး ခရိုင်လေးခုအတွင်း စံပြမြို့နယ်များအား ပြန်လည်ရွေးချယ်ဆောင် ရွက်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက်၌ နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။
‘‘အရင်ကဟာတွေကိုတော့ အစိုးရရဲ့ ဘတ်ဂျက်အခြေအနေ ရယ်၊ ပြည်သူလူထုပူးပေါင်းပါဝင် မှုရယ် ပေါင်းပြီးတော့ လိုက်ပြင် မယ်။ နောက်ကိုတော့ အဲဒါမျိုး ခွင့်မပြုတော့ဘူး’’ဟု သတင်း ထောက်များ၏ မေးမြန်းမှုကို ဦး အောင်ကျော်ဦးက ပြန်လည်ဖြေ ကြားသည်။
ယခင်က အိမ်တစ်လုံးအ တွက် ဆားဗစ်ကြိုးတစ်ချောင်း တည်းသာ အသုံးပြုခဲ့သော်လည်း ကန်ထရိုက်တိုက်ဆောက်လုပ် လိုက်၍ အခန်းပိုမိုလာသဖြင့် တိုက်တစ်လုံးလျှင် ဆားဗစ်ကြိုး တစ်ချောင်းတည်းသာ ပြောင်းလဲအသုံးပြုရန် ညွှန်ကြားချက်ထုတ် ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘ညွှန်ကြားချက်ထွက်ပြီး တော့ ကျွန်တော်တို့ စလုပ်နေတာ တောင်မှ နှစ်ပတ်လောက်ပဲရှိဦး မယ်’’ဟု ဦးအောင်ကျော်ဦးက ပြောသည်။
ကန်ထရိုက်တိုက်များတွင် ဆားဗစ်ကြိုးတစ်ချောင်းတည်း ပြောင်းလဲအသုံးပြုမည့် အစီအ စဉ်ကို လွှတ်တော်ကိုယ်စားလှယ် များ၊ ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့များအပါအဝင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်း (YESC) နှင့် ကန်ထရိုက်တာ အသင်းများက ညှိနှိုင်းဆောင် ရွက်ခဲ့ပြီး လိုက်နာမှုမရှိပါက လျှပ်စစ်မီးဖြတ်တောက်မည်ဟု ဦးအောင်ကျော်ဦးက ပြောသည်။
‘‘ကျွန်တော်တို့ သတ်မှတ် ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညွှန် ကြားချက်ကို မလိုက်နာရင် မီး ပေးလို့မရဘူး။ ဘာလို့လဲဆိုရင် ဒါကအများပြည်သူနဲ့ဆိုင်တဲ့ ကိစ္စ၊အများပြည်သူကို ဒုက္ခပေးမယ့် ကိစ္စဖြစ်တဲ့အတွက် အဲဒါကို မလိုက်နာရင် သူတို့သက်ဆိုင်ရာ ကန်ထရိုက်တိုက်က မီးမရနိုင်ဘူး’’ဟု ၎င်းကပြောသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ