By The Myanmar Times, Shweproperty.com
Updated at 17 August 2017
မန္တလေးမြို့အတွင်း တိုက်ခန်းများအများဆုံးတည်ရှိရာ မြို့နယ်သုံးမြို့နယ်အတွင်းရှိ တိုက်ခန်းများအား ရောင်းဝယ်ခြင်းအပေါ် အခွန်စည်းကြပ်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ စံနှုန်းသတ်မှတ်ချက်များကို ယခုလပထမပတ်တွင် အတည်ပြုသတ်မှတ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များအတွင်းရှိတိုက်ခန်းစံနှုန်း (ရာပြတ်တန်ဖိုး) များကို သတ်မှတ်ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ အခွန်စည်းကြပ်ရာတွင် အဆိုပါနှုန်းထားများဖြင့် သတ်မှတ်ပေးဆောင်ရမည်ဖြစ်သည်။ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တိုက်ခန်းများအတွက်အထပ်နှင့် အခန်းအကျယ်၊လမ်းတွင်း၊ လမ်းကျယ်၊ လမ်းမများအလိုက် ဈေးနှုန်းများသတ်မှတ်ထားကာ အများဆုံးကျပ်၅၁၈ သိန်းမှ အနည်းဆုံး ကျပ် ၆၅ သိန်းအတွင်း ရှိနေသည်။
အခန်းအကျယ်များကို ၁၅ ပေ၊ပေ ၅ဝ၊ ၁၈ ပေ၊ ၅၅ ပေ၊ ၂ဝ ပေ၊ ပေ ၆ဝ အခန်းများအဖြစ် သတ်မှတ်တွက်ချက်ထားသည်။ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြို့သစ် (၁) ဧရိယာအတွင်း၌ လေးထပ်အဆောက်အအုံအား ၇၃ လမ်းမျက်နှာပြုလျှင် ကျပ်သန်းပေါင်း ကျပ် ၇,၄ဝဝ ကျော်မှ ကျပ် ၈,၄၂၄ သန်းအထိ၊ အတွင်းပိုင်းကို ကျပ် ၃,၅၅၇ သန်းမှ ကျပ် ၃,၅၉၄သန်းအထိ၊ အနောက်ဘက်မျက်နှာပြုကို ကျပ် ၅,၆၁၆ သန်းမှ ကျပ် ၅,၉၉ဝ သန်းအထိ သတ်မှတ်ထားသည်။
ကွန်ဒိုမီနီယမ် ခြောက်ထပ်တွင် တာဝါအေ၌ ဈေးအနည်းဆုံးဖြစ်သော ပထမထပ်ကို ကျပ်သန်းပေါင်း ၁,၄၇၈ သန်းမှ ၁,၄၈၉ သန်း၊ ဒုတိယထပ်ကို ကျပ် ၁,၅ဝ၂ သန်းမှ ကျပ်၁,၅၁၄သန်း၊ တတိယထပ်ကို ကျပ် ၁,၅၂၆ သန်းမှ ကျပ်၁,၅၃၁ သန်း၊ စတုတ္ထထပ်ကို ကျပ်၁,၅၃၈ သန်းမှ ကျပ် ၁,၅၈၇ သန်း၊ ပဉ္စမထပ်နှင့် ဆဋ္ဌမထပ်ကို ကျပ် ၁,၇၂၂ သန်းမှကျပ် ၁,၇၃၃ သန်း သတ်မှတ်ထားသည်။
တာဝါဘီတွင် ပထမထပ်ကို ကျပ်သန်းပေါင်း ၁,၂၁၇ သန်းမှ ကျပ် ၁,၂၂၁ သန်း၊ ဒုတိယထပ်ကို ကျပ် ၁,၂၃၃ သန်းမှ ကျပ် ၁,၂၃၈ သန်း၊ တတိယထပ်ကို ကျပ် ၁,၂၄၂ သန်းမှကျပ် ၁,၂၄၅ သန်း၊ စတုတ္ထထပ်ကို ကျပ် ၁,၆ဝ၉ သန်းမှ ကျပ်၁,၆၁ဝ သန်း၊ ပဉ္စမထပ်ကိုကျပ် ၁,၆၂၃ သန်းမှ ကျပ် ၁,၆၄၇သန်း၊ ဆဋ္ဌမထပ်ကို ကျပ် ၁,၆၉၃ သန်းမှ ၁,၆၉၆ သန်းသတ်မှတ်ထားသည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်း ပွဲရုံတန်းတိုက်ခန်းများကို လမ်းကျယ်တွင် ကျပ် ၂၈၈ သိန်း၊လမ်းမတန်းတွင် ၅ဝ၄သိန်း၊ ရွှေပြည်မန္တလာတိုက်ခန်း၌ မြေညီထပ်တွင် ကျပ်သိန်း ၂၄ဝ၊ပထမထပ်ကို ကျပ်သိန်း ၂ဝဝ၊ ဒုတိယထပ်ကို ကျပ်သိန်း ၁၆ဝ သတ်မှတ်ထားသည်။
လတ်တလောတွင် တိုက်ခန်းနေထိုင်မှုမှာ မန္တလေးတွင်များစွာ တွင်ကျယ်ခြင်းမရှိသေးကြောင်း၊ တန်ဖိုးမြင့်တိုက်ခန်းများကို နေထိုင်ရန်ထက် ကိုယ်ပိုင်အိမ်နှင့် ခြံဝင်းဖြင့်သာနေထိုင်လိုသူ များပြားနိုင်ကြောင်း၊ ယခုထုတ်ပြန်ထားသော စာရင်းများတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ တိုက်ခန်းဈေးနှုန်းများမှာ လတ်တလော ပေါက်ဈေးများဖြင့် နီးစပ်ကိုက်ညီမှုရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ