By Messenger, Shweproperty.com
Updated at 19 August 2015
ရန်ကုန်မြို့တော် အတွင်းရှိ နောက်ဖေးလမ်းကြားများမှ အဆောက်အအုံများကို စိစစ်ရန် မီးသတ် ဦးစီးဌာနချုပ်မှ တစ်ဆင့် မြို့တော်စည်ပင်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေမူး ဦးသော်တာက The Messenger Media သို့ပြောသည်။
''ရန်ကုန်မြို့ အတွင်းမှာရှိတဲ့ အဆောက်အအုံတွေကို လိုက်စစ်ဖို့က မလွယ်ဘူး ဒီမှာက မီးလောင်ရတဲ့ ကြားထဲ မီးငြိမ်းသတ်ရာမှာ အခက်အခဲ ရှိတာတွေကို တင်ပြသွားမှာပါ။ စည်ပင်သာယာက လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေလေ၊ ကျွန်တော်တို့က ဘာမှလုပ်လို မရဘူး။ ဒါကြောင့် တင်ပြသွားမှာပါ'' ဟု ၎င်းကပြောသည်။
သြဂုတ်လ (၁၆) ရက်နေ့ တွင် ပန်းဘဲတန်းမြို့နယ် အတွင်းရှိ တိုက်ခန်းတွင် မီးလောင်ကျွမ်းမူ ဖြစ်ပွားခဲ့သည်။ ယင်းမီးလောင်ကျွမ်းမူတွင် လူနေ အဆောက်အအုံများ၏ နောက်ဖေး လမ်းကြားများတွင် ပိတ်ဆောက်ထားသော ကျူးကျော် အဆောက်အအုံများကြောင့် မီးသတ် ဝန်ထမ်းများမှ မီးငြိမ်း သတ်ရာတွင် အခက်အခဲများ ရှိခဲ့သည်။
ယင်းမီးလောင်မူတွင် ကျူးကျော် ဆောက်လုပ်ထားသော အဆောက်အအုံများ မရှိပါက ဆုံးရှုံးမှုပိုမို၍ နည်းပါးမည် ဖြစ်သောကြောင့် နောက်နောင် ထပ်မံ၍ ဆုံးရှုံးမှုများ မဖြစ်ပွားစေရန် မီးသတ် ဦးစီးဌာနချုပ် မှတစ်ဆင့် မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း ဦးသော်တာက ဆိုသည်။
''နောက်ဖေးလမ်းကြား ကျူးကျော်တွေဆောက်တာ မြို့တော် စည်ပင်သာယာက ရှင်းပါတယ်။ တွေ့ရင် ဖယ်ခိုင်းတယ်။ မဖျက်ရင် တရားစွဲဆိုမှုတွေ လုပ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဆောက်လုပ်စိစစ်) မှ လက်ထောက် ညွန်ကြားရေးမူး ဦးသန့်စင်မြတ်က ပြောသည်။
ရန်ကုန်မြို့တော် အတွင်းရှိ အဆောက်အအုံများ၏ နောက်ဖေး လမ်းကြားများတွင် အဆောက်အအုံများ ဆောက်လုပ်ရန် မသင့်ကြောင်း၊ ယင်းကဲ့သို့ ဆောက်လုပ် ထားပါက မီးလောင်မှု အန္တရာယ်ကဲ့သို့ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေကြောင်း သိရသည်။
ယင်းကဲ့သို့ နောက်ဖေး လမ်းကြားများတွင် ကျုးကျော်၍ ခိုးဆောက် ထားခြင်းများကို မြို့တော် စည်ပင်သာယာ ကော်မတီမှ စစ်ဆေး အရေးယူ ဆောင်ရွက်သင့်ကြောင်း မြို့နယ်အဆင့် စည်ပင်သာယာရေး တတ်သိ ပညာရှင် ဒေါက်တာစိုးထွန်းက ဆိုသည်။
Ref : Messenger
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ