By 7day Daily, Shweproperty.com
Updated at 29 January 2019
မြန်မာနိုင်ငံရှိ ကွန်ဒိုများကို လာမည့်ဧပြီဝန်းကျင်က စတင်ပြီးနိုင်ငံခြားသားများဝယ်ယူခွင့်ရရှိမည်ဟု မြို့ပြနှင့်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) အတွင်းရေးမှူး ဦးဇော်ရဲဝင်းက ပြောသည်။
နိုင်ငံခြားသားများကို ကွန်ဒိုများ ရောင်းချနိုင်ရေးဥပဒေ၊ နည်းဥပဒေတွင် ခွင့်ပြုထားသော်လည်း လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးနှင့် သက်ဆိုင်သော အသင်းအဖွဲ့များ၊ အိမ်ခြံမြေအသင်းအဖွဲ့များနှင့် ညှိနှိုင်းနေကြောင်း ၎င်းကပြောသည်။
‘‘အခုချိန်မှာ အရောင်းအဝယ်စာချုပ်တော့ ချုပ်လို့မရသေးဘူးပေါ့’’ ဟု ဦးဇော်ရဲဝင်းကပြော သည်။
ပြည်တွင်း ကွန်ဒိုတိုက်ခန်း များတွင် နိုင်ငံခြားသားဝယ်ယူခွင့် ၄၀ ရာခိုင်နှုန်းကို ခွင့်ပြုရန်အစိုးရ က ၂၀၁၆ ဇန်နဝါရီ၌ ကွန်ဒိုမီနီယံ ဥပဒေကို ပြဋ္ဌာန်းပြီး ၂၀၁၇ တွင် နည်းဥပဒေထုတ်ပြန်ခဲ့သည်။ ထို့နောက်တိုင်းနှင့် ပြည်နယ်များ တွင် စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းပြီးနောက် လုပ်ထုံးလုပ်နည်းများကိုလည်းအသင်းအဖွဲ့ များနှင့်ပူးပေါင်း၍ အစိုးရက ပြင် ဆင်ဆောင်ရွက်နေသည်။
၂၀၁၄ နောက်ပိုင်းအေးစက်ခဲ့သော အိမ်ခြံမြေဈေးကွက်ကို ကွန်ဒိုဥပဒေက ပြန်လည်အသက်သွင်းနိုင်မည်ဟုတည်ဆောက်ရေးလုပ်ငန်းရှင်များသာမက အိမ်ခြံမြေအကျိုးဆောင်များကလည်း မျှော်လင့်ခဲ့သည်။
လက်ရှိ အိမ်ခြံမြေဈေးကွက်တွင် တိုက်ခန်း၊ ကွန်ဒိုများက ပြီးခဲ့သည့် သုံးနှစ်နှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းခန့်အထိ ရောင်း အားကျဆင်းခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်အချို့က ပြော သည်။
မြန်မာကျပ်ငွေတန်ဖိုးလျော့ နည်းသွားခြင်း၊ ရွှေဈေးမြင့်တက် ခြင်းနှင့် ငွေကြေးဖောင်းပွမှုအ နည်းငယ်မြင့်တက်ခြင်းကြောင့် ၂၀၁၈ နှစ်ကုန်က စတင်ပြီး အိမ်ခြံမြေဈေးကွက် အနည်းငယ် ပြန်လည်လှုပ်ရှားလာသည်။ တိုက်ခန်း၊ ကွန်ဒိုများကို အမှန် တကယ်နေထိုင်သူများက ဝယ်ယူ မှုရှိသကဲ့သို့ ရင်းနှီးမြှုပ်နှံလိုသူများကလည်း ဝယ်ယူမှုများရှိကြောင်း ဦးဇော်ရဲဝင်းကပြောသည်။
Ref & Photo Credit : 7day Daily
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ