By Myanmar Builders Guide, Shweproperty.com
Updated at 26 April 2019
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဧပြီလအတွင်း ဆောက်လုပ်ရေးစီမံကိန်းသစ်များစွာ ခွင့်ပြုချက်ပေးပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က နောက်ဆုံး ခွင့်ပြုချက်ပေးလိုက်သော ဆောက်လုပ်ရေးစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဧပြီလ ၂၃ ရက်က ကျင်းပခဲ့သည်။
အဆိုပါ ခွင့်ပြုချက်ပေးလိုက်သည့်စာရင်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်ပြီး ရန်ကုန်၊ ပဲခူး၊ ငွေဆောင်နှင့် ဖားအံတို့တွင် လူနေအိမ်ရာ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်းများ ဖြစ်သည်။
ယခုခွင့်ပြုလိုက်သည့် ရင်းနှီးမြှုပ်နှံမှုများအနက် အချို့မှာ မတ်လအတွင်းကတည်းက ဒေသတွင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။ စုစုပေါင်းအားဖြင့် ပြည်တွင်း ရင်းနှီးမြှုပ်နံှမှု ၁၄ ခုနှင့် ပြည်ပမှ ၂၉ ခု အတည်ပြုခွင့်ပြု ချက်ပေးလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၁၉၈၈ ခုနှစ်မှ စတင်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လအထိ အိမ်ခြံမြေကဏ္ဍ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံဖိုးခန့် ခွင့်ပြုချက်ပေးအပ်ခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံသားတို့၏ ရင်းနှီးမြှုပ်နံှမှုပမာဏမှာ ထက်ဝက်ခန့်ပင်မရှိဘဲ နည်းပါးနေပြီး စုစုပေါင်းအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖိုးသာရှိသည်။ ခွင့်ပြုချက်ရရှိသော အိမ်ခြံမြေစီမံကိန်းများမှာ- ထွန်းမြတ်အောင် (HMA) ကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်ပြီး သတ္တုတွင်းနှင့် ကျွန်းသစ်လုပ်ငန်းတွင် လုပ်ကိုင်နေသည်မှာ ၁၆ နှစ်ကျော် ရှိပြီဖြစ်သည်။
HMA သည် ၂၀၁၄ ခုနှစ်၊ တတိယ ၃ လပတ်ကာလအတွင်း မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းမပေါ်တွင် တည်ရှိသော Northern Inya Residence အိမ်ရာစီမံကိန်းဖြင့် အိမ်ခြံမြေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။
လက်ရှိအားဖြင့် The Century အမည်ရှိ လူနေအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိနေသည်။
ရန်ကုန်ကွန်ဒိုမီနီယံစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကို မတ်လတွင် ကျင်းပခဲ့ပြီးနောက် အဆိုပါကုမ္ပဏီသည် ကွန်ဒိုစီမံကိန်းများ လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင် ရရှိခဲ့သည်။
Win Emerald ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ပြီးခဲ့သော စက်တင်ဘာလအတွင်း မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး အခြားအချက်အလက်များကိုမူ မသိရချေ။
Ayeyar Winner ကုမ္ပဏီနှင့် စပ်လျဉ်းသည့် တရားဝင်မှတ်တမ်းမှတ်ရာများလည်း မတွေ့ရချေ။
Kayan Golden Sky ကုမ္ပဏီသည် လွိုင်ကော်တွင် Kayan Golden Sky Motel ကိုဖွင့်လှစ်ထားပြီး ဟိုတယ်လုပ်ငန်း လည်ပတ်လုပ်ကိုင်နေခဲ့ပြီး ဖြစ်သည်။
ယင်းကုမ္ပဏီသည် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းကမှ DICA တွင် မှတ်ပုံတင်ခဲ့သည့်ကုမ္ပဏီလည်း ဖြစ်သည်။ရုံးစိုက်ရာမှာ လွိုင်ကော်မြို့၊ ခတ္တာလမ်းတွင် ဖြစ်သည်။
BMB STEEL ကုမ္ပဏီသည် ကနေဒါနှင့် ဗီယက်နမ်ဖက်စပ်ကုမ္ပဏီဖြစ်ပြီး steel structure များ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။
မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လာခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် စီမံကိန်းပေါင်း ၂၀ ကျော် အကောင်အထည်ဖော်ခဲ့ကာ လက်ရှိအားဖြင့် စက်ရုံနှင့် ဂိုဒေါင်စီမံကိန်းများအပေါ် ဦးတည်နေသည်။
Hpa An Traditional Lodge ကုမ္ပဏီသည် DICA တွင် ၂၀၁၇ ခုနှစ်အတွင်း မှတ်ပုံတင်ခဲ့သည်။
ယင်းကုမ္ပဏီ၏ ဒါရိုက်တာ ချီယမ်ဆိုင်ရပ်စ်ပန်းသည် Memories Group ၏ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။
Memories Group သည် ရန်ကုန်တွင် ပန်းလှိုင်အိမ်ရာရှိ Awei Metta Resort ၊ မြိတ်ကျွန်းစုတွင် Awei Pila Resort ၊ ဖားအံတွင် Keinnara Lodge ၊ လွိုင်ကော်တွင် Keinnara Lodge နှင့် မော်လမြိုင်တွင် Hotel Suggati တို့အပါအဝင် မြန်မာနိုင်ငံတွင် ဟိုတယ်ဝန်ဆောင်မှုများ လည်ပတ်လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ