By မြတ်စုမွန်, Shweproperty.com
Updated at 12 September 2012
ရခိုင်ပြည်နယ် မောင်တောဒေသခံအချို့က နေအိမ်များကို ရောင်းချကာ အခြားသော နေရပ်များသို့ပြောင်းရွှေ့လိုသော်လည်း ယနေ့အထိ အရောင်းအဝယ်မဖြစ်ကြသေးကြောင်း မော်တောဒေသခံ များက ပြောသည်။ ''သူတို့ခေါ်ထားတဲ့ ဈေးကို ကျွန်တော်တို့ တိုင်းရင်းသားတွေ ကတော့ မပေးနိုင်ကြဘူး။ ခေါ်ဈေးက များတယ်။ ဒါကြောင့် ခုထိတော့ အရောင်းအဝယ်ဖြစ်လာတာ မတွေ့သေးဘူး။ တချို့က အိမ် ရောင်းမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ တောင် ပြန်ဖြုတ်နေတာတွေ့ရတယ် ' ဟ မောင်တောမြို့မှဒေသခအံ မျုးိသားတစ်ဦးက ပြောသည်။ ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ အမှတ်(၁)(၂)နှင့် (၄) ရပ်ကွက်များရှိ အိမ်ခြေ ၂ဝ ခန့်တွင် အိမ်ရောင်းမည်ဆိုသည့် ဆိုင်းဘုတ် များကို သြဂုတ်လမှ စတင်ချိတ်ဆွဲလာကြပြီး ကျပြီး ၎င်းတို့၏ နေအိမ် များကို ရောင်းချကာ အခြားသော ဒေသများသို့ ပြောင်းရွှေ့ရန် စီစဉ် လျက်ရှိကြကြောင်း ဒေသခံများ ထံမှ သိရသည်။ ''ကျွန်တော်လည်း ရောင်းလို့ရရင် ရောင်းပြီး ကိုယ့်တိုင်းရင်းသားတွေ ရှိတဲ့နေရာကိုပြောင်းချင်တယ်။ ဒီမှာနေရင် နောင်လာ နောက်သားတွေအတွက်လည်း အန္တရာယ်ရှိတယ်။ လုံခြုံရေးက လည်း အမြဲတမ်းနေပေးနိုင်မှာ မဟုတ်ဘူးလေ။ ပြောရရင်တော့ ဒီမှာက စီးပွားရေးလည်း အထိုင် ကျနေပြီ။ ဒါပေမဲ့ နေလို့မသင့် တော်တော့ဘူး '' ဟ ုအသက ်(၃၈) နှစ်အရွယ် မောင်တောမြို့ခံတစ် ဦးက ပြောသည်။ အဓိကရုဏ်းကာလအလွန် တွင် ဒေသခံများအား ပြန်လည် နေရာချထားပေးမည်ပါက ရခိုင် နှင့့်် ဘင်္ဂါလီလူမျိုးများကို သီးခြား စီနေရာနေရာ သတ်မှတ်ခွဲခြား ပေးစေလို ကြောင်းလည်း ၎င်းကဆက်လက် ပြောသည်။ ''အုပ်ချုပ်သူတွေကသာ မူလကတည်းက သေသေချာချာ ကိုင် တွယ်ဖြေရှင်းခဲ့မယ်ဆိုရင် ဘယ် တိုင်းရင်းသားပဲ ဖြစ်ဖြစ်အတူ ယှဉ်တွဲနေ ထိုင်လို့ ရပါတယ်။ အခုက အမှုအခင်းတစ်ခုခုဖြစ်လာရင် တစ်ဖက်ကငွေဘယ်လောက်ကုန်ကုန် အမူနိုင်ရင်ပြီးရောဆိုပြီး လုပ် တာမျိုးတွေ ရှိခဲ့တယ်''ဟု အဆို ပါ မောင်တောဒေသခံက ပြော ကြားသည်။ မောင်တောမြို့ရှိ ဌာနဆိုင်ရာများက မြို့ခံရပ်မိ ရပ်ဖများကို ခေါ်ယူတွေ့ဆုံကာ လုံခြုံရေးအ တွက် စိတ်ပူပင်စရာ မလိုကြောင်း ခေါ်ခြုံရေးအတွက်စိတ်ပူပင်စရာ မလိုကြောင်းခေါ်ယူပြောဆိုခြင်းများရှိသည်ဟု လည်း မောင်တောမြို့မှ တည်းခို ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။ ''ဌာနဆိုင်ရာက ခေါ်ပြီးလုံ ခြုံရေးအတွက် စိုးရိမ်ဖို့ မလိုဘူး။ လုံခြုံရေးအပြည့် ရှိတယ်လို့ခေါ် ပြောတာတော့ရှိပါတယ။် ကျွန်တော် တို့က ဒီမှာ လူနည်းစုဖြစ်နေတာ ဆိုတော့ ဋ္ဌာနဆိုင်ရာကိုပဲ အား ကိုးနေရတယ်''ဟု အထက်ပါ တည်းခိုခန်းပိုင်ရှင်က ပြောသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိ အဓိကရုဏ်း အလွန်ကာလများတွင် ် ပြန်လည် နေရာချထားပေးမည့် အစီအစဉ် များကို အထူးစုံစမ်းရေးအဖွဲ့၊ စုံ စမ်းရေးကော်မရှင်များ၏ ရလာဒ် များ၊ ဒေသခံများ၏ သဘောထား နှင့် အထက်မှဆုံးဖြတ်သည့် အ ချက်များအပေါ်အခြေခံကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးက ပြောသည်။ ရခိုင်ပြည်နယ် နယ်စပ်ရေး ရာနှင့် လုံခြုံရေးဝန်ကြီးဦးထိန် လင်းက ''မောင်တောကို လှမ်း မေးကြည့်တော့ ရောင်းမယ်လို့ ကြေညာထားတာ ၁၂ အိမ် ရှိ တယ်လို့ သိရတယ်။ အခုတော့ ဆရာတော်တွေ နားချလို့ ဆိုင်း ဘုတ်တွေပြန် ဖြုတ်သိမ်းထားပြီ လို့လည်း သိရပါတယ်'' ဟု ပြော သည်။ ၎င်းက ဆက်လက် ၍် ''နေရာ ချထားပေးရေးအတွက် လော လောဆယ် မဖြေနိုင်သေးမယ့်သးုံ ဦး သုံးဖလှယ်အဆင်ပြေအောင်၊ အကောင်းဆုံးဖြစ်အောင် စီစဉ် သွားမှာပါ။ အခုလောလောဆယ် မှာ ဒုက္ခသည် စခန်းတွေမှာရှိတဲ့ လူတွေ အစားအသောက်အဆင် ပြေဖို့ ရောဂါပြန့်ပွားမှု မဖြစ်ဖို့ကို အဓိကဂရုစိုက်နေရပါတယ်'' ဟု ပြောသည်။ Source : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ