By MOI Webportal Myanmar, Shweproperty.com
Updated at 9 December 2015
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုများ ဖြစ်ပေါ်လာတော့မည့် မြန်မာနိုင်ငံအတွင်း အာဆီယံစီးပွားရေးအသိုက် အဝန်းများ(ASEAN ECONOMIC COMMUNITY) အပြိုင်အဆိုင် ဝင်ရောက်လာပြီဆိုလျှင် အိမ်၊ ခြံ၊ မြေ ဈေးကွက်များ ပြန်လည်လှုပ်ခတ် လာတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်း(ဗဟို)မှ သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်များအလိုက် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇွန်လပိုင်းက တည်းက အိမ်၊ ခြံ၊ မြေ ဈေးကွက် များ အေးလာခဲ့ခြင်းဖြစ်ပြီး တိုက်ခန်းများနှင့် လုံးချင်းအငှားပိုင်းဆိုင်ရာများသာ အားကောင်းခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကာနီးကပ်လာခဲ့သဖြင့် ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ၂ဝ၁၅ ခုနှစ် ဧပြီနောက်ပိုင်း၌မူ တိုက်ခန်းများနှင့် လုံးချင်းအငှားပိုင်းဆိုင်ရာများ အားနည်းလာခဲ့ရကြောင်း၊ အိမ်အငှားများကလည်း ဈေးနှုန်းလျှော့ပေါ့ငှားရမ်းခဲ့ကြရကြောင်း၊ ၂၁ဝ၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် အာဆီယံ စီးပွားရေးအသိုက်အဝန်းများ (ASEAN ECONOMIC COMMUNITY) အပြိုင်အဆိုင်ဝင်ရောက် လာကြပြီဆိုလျှင် အိမ်၊ခြံ၊မြေ ဈေးကွက်များပြန်လည် လှုပ်ခတ်လာနိုင်တော့ မည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း စီးပွားရေးမူဝါဒများအား ထင်သာမြင်သာ ပြုလုပ် လုပ်ဆောင်မှုများရှိ လာမည်ဆို ပါက လာမည့် နိုင်ငံရေး၊စီးပွားရေးများ အပါအဝင် အိမ်၊ ခြံ၊ မြေဈေးကွက်များတည်ငြိမ်မှုများဖြစ်ပေါ်လာမည် ဖြစ်ကြောင်းနှင့် လာမည့် ၂ဝ၁၆ ခုနှစ် ဧပြီလမှစတင်ကာ အိမ်၊ ခြံ၊ မြေ ဈေးကွက်များ ပြန်လည် လှုပ်ရှားနိုင်သည့် အရိပ်အယောင်များ မြင်တွေ့ရတော့ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း(ဗဟို)မှ တာဝန်ရှိသူများက သုံးသပ်ပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း(ဗဟို)မှဥက္ကဋ္ဌ ဦးခင်မောင်သန်းက ''အိမ်၊ခြံ၊မြေ ဈေးကွက်က အရောင်းအဝယ်အေးနေ တယ်ဆိုပေမယ့် တချို့နေရာတွေမှာ အနည်းအကျဉ်းတော့ အရောင်းအဝယ်ပြန်လည် လှုပ်ရှားမှုတွေဖြစ်ပေါ်လာ တာမြင်တွေ့နေရပါတယ်။ ဒါပေမယ့် တစ်ချိန်တစ်ခါက အင်မတန် ဖြစ်ပေါ်မြင့်တက်ခဲ့တဲ့ အိမ်၊ခြံ၊မြေ ဈေးကွက်အဆင့် ကတော့ ဖြစ်ပေါ်လာနိုင် စရာအားနည်းခဲ့ပါပြီ။
ဘာကြောင့် လဲဆိုတော့ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဒီဇင်ဘာလမှာ စတင် ပေါ်ပေါက်လာတော့မှာမို့ပဲဖြစ်ပါတယ်။ အရင်တုန်း ကဆို ငွေကြေးတတ်နိုင်တဲ့သူတွေကဒီ အိမ်၊ ခြံ၊ မြေ ဈေးကွက်ထဲမှာမျက်စိမှိတ်မြှုပ်နှံထားတာရှိကြပါတယ်။ နိုင်ငံအသီးသီးကလည်း ဖွံ့ဖြိုးတိုးတက်လာတော့မယ့် အနေအထားကို ကြည့်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြမယ့် အနေအထား တွေရှိလာတာကြောင့် နိုင်ငံတော် အိမ်၊ ခြံ၊ မြေဈေးကွက် ရဲ့စီးပွားရေးဟာလှုပ်ရှား မှုတွေဖြစ်ပေါ် လာတော့မှာဖြစ်ပြီး ကောင်းမွန် တဲ့ဈေးကွက်တစ်ခုပေါ်ပေါက် လာတော့မှာပါ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးနှုန်းတွေ ပေါ်ပေါက်လာမှာကို ပြည်သူတွေ မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။
မရမ်းကုန်းမြို့နယ်သမိုင်း(၁)ရပ်ကွက်အတွင်း နေထိုင်သောမြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေအသင်းဝင် ဒေါ်မြင့်မြင့်အေးကလည်း ''ရန်ကုန်မြို့ရဲ့ အိမ်၊ ခြံ၊ မြေ ဈေးကွက်အရောင်းအဝယ်ကလည်း ခုဆို နည်းနည်းအေး နေပါ တယ်။ ဒါပေမယ့် နည်းနည်းလျှော့ရောင်းကြလို့ နည်းနည်းပါးပါး ထွက်နေတာလေးတွေတော့ရှိပါတယ်။ သဘောက အိမ်အရောင်းထွက်ဖို့က အရင်ကဆို ငွေကျပ် သိန်း ၃၅ဝ ကိုငွေကျပ်သိန်း ၃၂ဝ နဲ့ ငွေကျပ် ၃၂၉ သိန်း အဲ့လို မျိုးလေးတွေလျှော့ရောင်းပြီးဈေးပေါက်နေ တာလေးတွေတော့ ရှိပါတယ်။ ပါးပါးလျှော့ရောင်းကြတာပါ။ အိမ်အငှားကျပြန်တော့ လည်းမြေညီထပ်က အရင်တုန်းက ဆို ငွေကျပ်သိန်း ၄၅ဝ ပေါက်တာ အခုဆို ငွေကျပ် ၃၅ဝ နဲ့ ၃ဝဝ ကြားကို ဖြစ်နေပါတယ်။ အိမ်ခန်းရောင်းကြ မယ့်သူတွေကခုဆိုအရမ်းများပါတယ်။ ရောင်းမထွက်ဘူး ဖြစ်နေတာပါ။ လောလောဆယ် ၃ လ နီးပါးလောက်က အိမ်၊ ခြံ၊ မြေ အရောင်း အဝယ်တွေအေးနေအုံးမှာပါ။ နောက်ပိုင်း ပုံမှန်ဈေးပေါက်လာနိုင်ပါတယ်။ အရင်လို အိမ်၊ခြံ၊မြေ ဈေးကွက် က ဈေးနှုန်းမမြင့်မားတော့ ဘဲ ဈေးကွက်တည်ငြိမ်မှုများ ဖြစ်လာနိုင်ပါတယ်''ဟု ၎င်း၏အမြင်အားသုံးသပ်ပြောဆိုခဲ့သည်။
လက်ရှိအနေအထားအရ မြန်မာနိုင်ငံအိမ်၊ခြံ၊မြေ ဝန်ဆောင်မှု အသင်း(ဗဟို)မှာ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ဇွန် ၂၈ ရက်က အမျိုးသား စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးဌာန၏ တရားဝင် မှတ်ပုံတင် အမှတ်ဖြင့် ပေါ် ပေါက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များအားအသင်းအတွင်း ဝင်ရောက်နိုင်ကြစေရေး အတွက် ၂ဝ၁၂ ခုနှစ် ဇူလှိုင် ၇ ရက်ကတည်းက စတင်စည်းရုံး ဝင်ရောက်ခဲ့စေခြင်းဖြစ် ကြောင်း၊ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ အသင်းဝင်ပေါင်း ၁၇ဝဝ ကျော်ရှိ ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်း(ဗဟို)မှ ပို့ချပေးနေသောသင်တန်းများမှာ ရန်ကုန်မြို့အတွင်း (၁၇) ကြိမ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် (၄၂) ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရုံးခွဲပေါင်း ၂ဝ အားဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ကျစ်လစ်ခိုင်မာသည့် အောင်လက်မှတ်ရ သင်တန်းသား၊ သင်တန်းသူဦးရေ ပေါင်း ၄ဝဝဝ ကျော်ရှိခဲ့ပြီဖြစ်ကြောင်းနှင့် မြို့နယ်အလိုက် ၂၆ မြို့နယ်ရှိ အိမ်၊ခြံ၊မြေ အကျိုးဆောင်များအားလည်း စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း(ဗဟို)မှ ထပ်မံသိရသည်။
Ref : MOI Webportal Myanmar
Photo Credit : wikipedia
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ